• Follow Us on

Home ရခိုင္ႏွင့္ ရွမ္းျပည္နယ္၌ မဲဆႏၵနယ္ေျမမ်ားကို ေရြးေကာက္ပြဲက်င္းပမႈ ပယ္ဖ်က္လိုက္ျခင္းေၾကာင္း NLD ပါတီအေပၚ ဘယ္သူမွ အယုံအၾကည္မရွိေတာ့ေၾကာင္း CNLD အတြင္းေရးမွဴး ဦးဆလိုင္းပီပီ ေျပာဆို

ရခိုင္ႏွင့္ ရွမ္းျပည္နယ္၌ မဲဆႏၵနယ္ေျမမ်ားကို ေရြးေကာက္ပြဲက်င္းပမႈ ပယ္ဖ်က္လိုက္ျခင္းေၾကာင္း NLD ပါတီအေပၚ ဘယ္သူမွ အယုံအၾကည္မရွိေတာ့ေၾကာင္း CNLD အတြင္းေရးမွဴး ဦးဆလိုင္းပီပီ ေျပာဆို

Share this post

ႏို၀င္ဘာ ၈ ရက္ေန႔၌ က်င္းပမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၉ ခုႏွင့္ ရွမ္းျပည္နယ္ရွိ ၿမိဳ႕နယ္ ၆ ခုတို႔ကို ေရြးေကာက္ပြဲမက်င္းပႏိုင္ေၾကာင္း UEC က ထုတ္ျပန္ခဲ့သည္။
အဆိုပါမဲဆႏၵနယ္ေျမအမ်ားစုသည္ ၿပီးခဲ့သည့္ ေရြးေကာက္ပြဲမ်ား၌ NLD ပါတီ အႏိုင္မရရွိခဲ့သည့္ မဲဆႏၵနယ္ ေျမမ်ားလည္းျဖစ္ခဲ့သည္။
ထိုကဲ့သို႔ တိုင္းရင္းသားပါတီမ်ားအင္အားေကာင္းသည့္ နယ္ေျမမ်ားကို ေရြးေကာက္ပြဲမက်င္းပႏိုင္မႈမ်ားႏွင့္ ပတ္သက္၍ တိုင္းရင္းသားအင္အားႀကီးပါတီမ်ား၏ သေဘာထားကို ဆက္သြယ္ေမးျမန္းခဲ့သည္။

(unicode)
ရခိုင်နှင့် ရှမ်းပြည်နယ်၌ မဲဆန္ဒနယ်မြေများကို ရွေးကောက်ပွဲကျင်းပမှု ပယ်ဖျက်လိုက်ခြင်းကြောင်း NLD ပါတီအပေါ် ဘယ်သူမှ အယုံအကြည်မရှိတော့ကြောင်း CNLD အတွင်းရေးမှူး ဦးဆလိုင်းပီပီ ပြောဆို
……………………………………………
နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ ခုနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၆ ခုတို့ကို ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း UEC က ထုတ်ပြန်ခဲ့သည်။
အဆိုပါမဲဆန္ဒနယ်မြေအများစုသည် ပြီးခဲ့သည့် ရွေးကောက်ပွဲများ၌ NLD ပါတီ အနိုင်မရရှိခဲ့သည့် မဲဆန္ဒနယ် မြေများလည်းဖြစ်ခဲ့သည်။
ထိုကဲ့သို့ တိုင်းရင်းသားပါတီများအင်အားကောင်းသည့် နယ်မြေများကို ရွေးကောက်ပွဲမကျင်းပနိုင်မှုများနှင့် ပတ်သက်၍ တိုင်းရင်းသားအင်အားကြီးပါတီများ၏ သဘောထားကို ဆက်သွယ်မေးမြန်းခဲ့သည်။

 

ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးဆလိုင္းပီပီ

ကၽြန္ေတာ္တို႔က တိုင္းရင္းသားပါတီေတြျဖစ္တဲ့အတြက္ ရခိုင္နဲ႔ ရွမ္းမွာ ျဖစ္တာလည္း တိုင္းရင္းသားအမ်ားဆုံး ေနရာေတြေပါ့၊ ဒါစိတ္မေကာင္း ျဖစ္တဲ့အေၾကာင္းကို ထုတ္ျပန္ခ်က္မွာ ပါ၀င္ေဖာ္ျပတာေပါ့၊ တကယ္ကို မၿငိမ္းခ်မ္းဘူး၊ ေရြးေကာက္ပြဲလုပ္လို႔ အဆင္မေျပဘူးဆိုရင္ ဒါက လုပ္ထုံးလုပ္နည္းအရ လုပ္ရမွာကို လက္ခံရမွာေပါ့၊ ဥပမာ ရခိုင္မွာဆို ၉ ၿမိဳ႕နယ္ ရွမ္းမွာ ၆ ၿမိဳ႕နယ္ ရခိုင္မွာဆို တစ္၀က္ေက်ာ္ေက်ာ္ေလာ က္ၿမိဳ႕နယ္ေတြက တကယ္ကို လုပ္လို႔ရတဲ့ဟာကို ဒီလိုမ်ိဳးလုပ္လိုက္ေတာ့ UEC ရဲ႕ လုပ္ေဆာင္ခ်က္က တစ္သက္မွတ္ထဲ မရွိဘူး၊ မၽွမၽွတတ မရွိဘူးေပါ့၊ တကယ္ကို ဒီလိုပဲခံစားပါတယ္ေပါ့၊ ေရြးကာက္ပြဲသာ ဒီအတိုင္း က်င္းပလိုက္ရင္ေတာ့ ကၽြန္ေတာ္တို႔ တိုင္းရင္းသားဘက္က သက္ေရာက္မႈရယ္၊ NLD အေပၚမွာ Negative သက္ေရာက္မႈေတြေတာ့ ရွိမွာေပါ့၊ ဥပမာ ရခိုင္မွာဆို ခုထိ မရွင္းမလင္းျဖစ္တာ ၉ ေနရာ ၉ ေနရာစလုံးမွာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က ႏွစ္ေယာက္ႏွစ္ေယာက္စီ တြက္လိုက္ရင္ ၁၈ ေယာက္ေလ်ာ့သြားမယ္၊ ဒါေတြက ရခိုင္ျပည္နယ္မွာ တပ္မေတာ္လႊမ္းမိုးမႈက အလိုလို ျဖစ္သြားတယ္ေပါ့၊ အဲ့ဒါလႊတ္ေတာ္ အခန္းက႑ က ေတာ္ေတာ္ေလး စိုးရိမ္စရာေကာင္းတယ္ေပါ့၊ ေနာက္တစ္ခုကေတာ့ NLD ေပၚမွာ ဘယ္သူမွ အယုံအၾကည္မရွိေတာ့ဘူးဆိုတဲ့ Negative impact ကေတာ့ တိုင္းရင္းသားေတြ ပိုၿပီးခံစားခ်က္ ျမင့္မားလာလိမ့္မယ္။ မယုံၾကည္ေတာ့ဘူးေပါ့၊ NLD က တိုင္းရင္းေပၚမွာ သူတည္ေဆာက္ေနရမယ့္ ယုံၾကည္မႈဟာ လုံးဝေပ်ာက္သြားၿပီလို႔ ေတာင္းဆိုရမယ့္ အေျခအေနေရာက္သြားတယ္၊ UEC ကလည္း ဘက္လိုက္ေနတယ္ေပါ့ဗ်ာ။

(unicode)
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဆလိုင်းပီပီ

ကျွန်တော်တို့က တိုင်းရင်းသားပါတီတွေဖြစ်တဲ့အတွက် ရခိုင်နဲ့ ရှမ်းမှာ ဖြစ်တာလည်း တိုင်းရင်းသားအများဆုံး နေရာတွေပေါ့၊ ဒါစိတ်မကောင်း ဖြစ်တဲ့အကြောင်းကို ထုတ်ပြန်ချက်မှာ ပါဝင်ဖော်ပြတာပေါ့၊ တကယ်ကို မငြိမ်းချမ်းဘူး၊ ရွေးကောက်ပွဲလုပ်လို့ အဆင်မပြေဘူးဆိုရင် ဒါက လုပ်ထုံးလုပ်နည်းအရ လုပ်ရမှာကို လက်ခံရမှာပေါ့၊ ဥပမာ ရခိုင်မှာဆို ၉ မြို့နယ် ရှမ်းမှာ ၆ မြို့နယ် ရခိုင်မှာဆို တစ်ဝက်ကျော်ကျော်လော က်မြို့နယ်တွေက တကယ်ကို လုပ်လို့ရတဲ့ဟာကို ဒီလိုမျိုးလုပ်လိုက်တော့ UEC ရဲ့ လုပ်ဆောင်ချက်က တစ်သက်မှတ်ထဲ မရှိဘူး၊ မျှမျှတတ မရှိဘူးပေါ့၊ တကယ်ကို ဒီလိုပဲခံစားပါတယ်ပေါ့၊ ရွေးကာက်ပွဲသာ ဒီအတိုင်း ကျင်းပလိုက်ရင်တော့ ကျွန်တော်တို့ တိုင်းရင်းသားဘက်က သက်ရောက်မှုရယ်၊ NLD အပေါ်မှာ Negative သက်ရောက်မှုတွေတော့ ရှိမှာပေါ့၊ ဥပမာ ရခိုင်မှာဆို ခုထိ မရှင်းမလင်းဖြစ်တာ ၉ နေရာ ၉ နေရာစလုံးမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က နှစ်ယောက်နှစ်ယောက်စီ တွက်လိုက်ရင် ၁၈ ယောက်လျော့သွားမယ်၊ ဒါတွေက ရခိုင်ပြည်နယ်မှာ တပ်မတော်လွှမ်းမိုးမှုက အလိုလို ဖြစ်သွားတယ်ပေါ့၊ အဲ့ဒါလွှတ်တော် အခန်းကဏ္ဍ က တော်တော်လေး စိုးရိမ်စရာကောင်းတယ်ပေါ့၊ နောက်တစ်ခုကတော့ NLD ပေါ်မှာ ဘယ်သူမှ အယုံအကြည်မရှိတော့ဘူးဆိုတဲ့ Negative impact ကတော့ တိုင်းရင်းသားတွေ ပိုပြီးခံစားချက် မြင့်မားလာလိမ့်မယ်။ မယုံကြည်တော့ဘူးပေါ့၊ NLD က တိုင်းရင်းပေါ်မှာ သူတည်ဆောက်နေရမယ့် ယုံကြည်မှုဟာ လုံးဝပျောက်သွားပြီလို့ တောင်းဆိုရမယ့် အခြေအနေရောက်သွားတယ်၊ UEC ကလည်း ဘက်လိုက်နေတယ်ပေါ့ဗျာ။

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ ဒုတိယဥကၠ႒ ေဒၚဒြဲဘူ

တစ္နိုင္ငံလုံးအေနအထားနဲ႔ အခုလို ထုတ္ျပန္တဲ့ေနရာမွာ ခုလိုျပန္လည္ စိစစ္နိုင္ေအာင္နဲ႔ တစ္ခ်ိဳ႕လုံး၀ ေရြးေကာက္ပြဲ မက်င္းပတဲ့ ၿမိဳ႕နယ္ေတြေပါ့ေနာ္၊ အဲ့ဒါေတြကိုလည္း ျပန္ၿပီး စိစစ္ၿပီးမွ ေရြးေကာက္ပြဲ က်င္းပေပးဖို႔ေပါ့၊ တန္းတူညီမၽွေရးအတြက္ ထုတ္ျပန္လိုက္တာေပါ့၊ ကရင္ျပည္နယ္နဲ႔ပတ္သက္ရင္ UEC ထုတ္ျပန္လိုက္တဲ့ေနရာေတြကေတာ့ မ်ားေသာအားျဖင့္ KIA ထိန္းခ်ဳပ္နယ္ေျမေတြ ျဖစ္တယ္၊ ဒါေပမဲ့ ကၽြန္မတို႔က ျမစ္ႀကီးနားၿမိဳ႕ေပၚမွာ ထိုင္တာေပါ့၊ တကယ္ေအာင္ေျခမွာ သက္ဆိုင္ရာ မဲဆႏၵနယ္က ကိုယ္စားလွယ္ေတြကို ေမးၿပီးေတာ့ တစ္ခ်ိဳ႕ေနရာေတြကေတာ့ ေရြးေကာက္ပြဲက်င္းပနိုင္တဲ့ေနရာေတြလည္း ရွိတယ္လို႔ ေျပာတယ္၊ ေနာက္အဲ့မွာရွိတဲ့ ျပည္သူေတြအတြက္ အုပ္ခ်ဳပ္ေရးေတြက ျပန္သုံးသပ္ဖို႔ လိုတယ္၊ တကယ္လို႔ သြားနိုင္လာနိုင္ေပးနိုင္တဲ့ေနရာဆိုရင္ အဲ့ဒီေနရာကို ျပန္ၿပီးေတာ့ မဲ႐ုံေတြ လုပ္ေစခ်င္တယ္ေပါ့၊ ကၽြန္မတို႔ ၅ ပါတီအေနနဲ႔ ေျပာခ်င္တာကေတာ့ ေရြးေကာက္ပြဲ မက်င္းပမယ့္ ၿမိဳ႕နယ္တစ္ခုလုံးအတြက္ ေျပာခ်င္ပါတယ္၊ အဲ့ဒါကေတာ့ ရခိုင္နဲ႔ ရွမ္းေပါ့၊ အဲ့ဒီေနရာဆို အင္မတန္ နစ္နာတယ္ေပါ့၊ အဲ့ဒီေဒသေတြဆို အုပ္ခ်ဳပ္ေရး ယႏၲရားလည္း ရွိေနတာပဲေလ၊ အနည္းဆုံး တစ္ရပ္ကြက္ ႏွစ္ရပ္ကြက္ ရြာေက်းရြာ အစိတ္အပိုင္း တစ္၀က္ျဖစ္ျဖစ္ သုံးပုံးတစ္ပုံျဖစ္ျဖစ္ မဲထည့္နိုင္တယ္ဆိုရင္ သူ႔ကိုယ္စားလွယ္က အခြင့္အေရး မဆုံး႐ူံးဘူးေပါ့၊ ျပည္သူေတြအတြက္ တကယ္တိုက္ပြဲျဖစ္တဲ့ေနရာမွာဆိုရင္ေတာ့ ဒါကမေျပာလိုပါဘူး၊ အဲ့ဒါေၾကာင့္ ျပန္ၿပီးေတာ့ ထုတ္ျပန္ေစခ်င္တယ္၊ ဘယ္ေနရာကေတာ့ ဘာေၾကာင့္မို႔ေပါ့ေနာ္၊ ကခ်င္ျပည္နယ္ လက္ရွိ အပစ္အခတ္ရပ္တဲ့ တစ္ခ်ိဳ႕ေဒသေတြဆို ျပန္ၿပီး မဲေပးပိုင္ခြင့္ရနိုင္တဲ့အေနအထားရွိတယ္ ဒါေတြကို စိစစ္ေစခ်င္တယ္။

(unicode)
ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဒွဲဘူ

တစ်နိုင်ငံလုံးအနေအထားနဲ့ အခုလို ထုတ်ပြန်တဲ့နေရာမှာ ခုလိုပြန်လည် စိစစ်နိုင်အောင်နဲ့ တစ်ချို့လုံးဝ ရွေးကောက်ပွဲ မကျင်းပတဲ့ မြို့နယ်တွေပေါ့နော်၊ အဲ့ဒါတွေကိုလည်း ပြန်ပြီး စိစစ်ပြီးမှ ရွေးကောက်ပွဲ ကျင်းပပေးဖို့ပေါ့၊ တန်းတူညီမျှရေးအတွက် ထုတ်ပြန်လိုက်တာပေါ့၊ ကရင်ပြည်နယ်နဲ့ပတ်သက်ရင် UEC ထုတ်ပြန်လိုက်တဲ့နေရာတွေကတော့ များသောအားဖြင့် KIA ထိန်းချုပ်နယ်မြေတွေ ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်မတို့က မြစ်ကြီးနားမြို့ပေါ်မှာ ထိုင်တာပေါ့၊ တကယ်အောင်ခြေမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်က ကိုယ်စားလှယ်တွေကို မေးပြီးတော့ တစ်ချို့နေရာတွေကတော့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာတွေလည်း ရှိတယ်လို့ ပြောတယ်၊ နောက်အဲ့မှာရှိတဲ့ ပြည်သူတွေအတွက် အုပ်ချုပ်ရေးတွေက ပြန်သုံးသပ်ဖို့ လိုတယ်၊ တကယ်လို့ သွားနိုင်လာနိုင်ပေးနိုင်တဲ့နေရာဆိုရင် အဲ့ဒီနေရာကို ပြန်ပြီးတော့ မဲရုံတွေ လုပ်စေချင်တယ်ပေါ့၊ ကျွန်မတို့ ၅ ပါတီအနေနဲ့ ပြောချင်တာကတော့ ရွေးကောက်ပွဲ မကျင်းပမယ့် မြို့နယ်တစ်ခုလုံးအတွက် ပြောချင်ပါတယ်၊ အဲ့ဒါကတော့ ရခိုင်နဲ့ ရှမ်းပေါ့၊ အဲ့ဒီနေရာဆို အင်မတန် နစ်နာတယ်ပေါ့၊ အဲ့ဒီဒေသတွေဆို အုပ်ချုပ်ရေး ယန္တရားလည်း ရှိနေတာပဲလေ၊ အနည်းဆုံး တစ်ရပ်ကွက် နှစ်ရပ်ကွက် ရွာကျေးရွာ အစိတ်အပိုင်း တစ်ဝက်ဖြစ်ဖြစ် သုံးပုံးတစ်ပုံဖြစ်ဖြစ် မဲထည့်နိုင်တယ်ဆိုရင် သူ့ကိုယ်စားလှယ်က အခွင့်အရေး မဆုံးရူံးဘူးပေါ့၊ ပြည်သူတွေအတွက် တကယ်တိုက်ပွဲဖြစ်တဲ့နေရာမှာဆိုရင်တော့ ဒါကမပြောလိုပါဘူး၊ အဲ့ဒါကြောင့် ပြန်ပြီးတော့ ထုတ်ပြန်စေချင်တယ်၊ ဘယ်နေရာကတော့ ဘာကြောင့်မို့ပေါ့နော်၊ ကချင်ပြည်နယ် လက်ရှိ အပစ်အခတ်ရပ်တဲ့ တစ်ချို့ဒေသတွေဆို ပြန်ပြီး မဲပေးပိုင်ခွင့်ရနိုင်တဲ့အနေအထားရှိတယ် ဒါတွေကို စိစစ်စေချင်တယ်။

ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီဥကၠ႒ ဦးမန္းေအာင္ျပည္စိုး

တိုင္းရင္းသားပါတီ တိုင္းရင္းသားေနရာေတြမွာ မဲေပးခြင့္ ပိတ္ပင္လိုက္တာကေတာ့ တိုင္းရင္းသားေတြအတြက္ မေကာင္းဘူးေပါ့၊ ကၽြန္ေတာ္တို႔ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္ကေတာ့ နည္းနည္းေတာ္ေသးတယ္၊ ပိတ္တာနည္းေသးတယ္ေပါ့၊ က်န္တဲ့ ရခိုင္တို႔ ရွမ္းတို႔ ကခ်င္တို႔ကေတာ့ ပိတ္လိုက္ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ တိုင္းရင္းသားေတြ မဲေပးခြင့္ဆုံး႐ူံးတာကေတာ့ ညီအကို တိုင္းရင္းသားခ်င္း နားလည္မႈအေနနဲ႔ ကၽြန္ေတာ္တို႔ ဝိုင္းၿပီးေတာ့ သေဘာထားထုတ္ျပန္တာ ျဖစ္တယ္၊ တိုင္းရင္းသားေတြ လိုခ်င္တာက ဒီမိုကေရစီ ဖယ္ဒရယ္စနစ္ေလ ညီမၽွျခင္း တန္းတူျခင္း လြတ္လပ္ျခင္း လိုခ်င္တယ္ေလ၊ အဲ့လို ခ်ဳပ္ျခယ္တာတို႔ တားျမစ္တာတို႔ ဘယ္လို ဖယ္ဒရယ္ကို သြားမလဲ၊ တစ္ပါတီအတြက္ပဲျဖစ္ျဖစ္ လူမ်ိဳးႀကီးတစ္မ်ိဳးအတြက္ပဲ ျဖစ္ျဖစ္ ရည္ရြယ္စဥ္းစားမယ္ဆိုရင္ေတာ့ ဒီခရီးက ေဝးေနအုန္းမယ္၊ ကၽြန္ေတာ္တို႔ လိုခ်င္တာက တကယ့္ စစ္မွန္တဲ့ ဖယ္ဒရယ္ျပည္ေထာင္စု ျဖစ္တယ္၊ အခုက ဒီလိုပိတ္ပင္တာတို႔ ခ်ဳပ္ျခယ္တာတို႔ မလုပ္သင့္ဘူးလို႔ ယူဆတယ္၊ ဒါေၾကာင့္ ဒီသေဘာထားထုတ္ျပန္ရျခင္း ျဖစ္တယ္။ ကၽြန္ေတာ္တို႔ဆီမွာဆို ေက်းရြာ ၅၃ ေနရာဆိုတာ နည္းနည္းေနာေနာ မဟုတ္ဘူး၊ ဒါမျဖစ္သင့္ဘူး၊ ျဖစ္နိုင္ရင္ေတာ့ ဘာအေၾကာင္းေၾကာင့္ျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ တိုင္းရင္းသားလက္နက္ကိုင္ရွိတဲ့ေနရာေတြလည္း မဲေပးခ်င္ရင္ ေပးလို႔ရတယ္၊ အဲ့ဒါကို လုံၿခဳံေရးအရ အေၾကာင္းျပၿပီး မဲေပးခြင့္ ဆုံး႐ူံးသြားတာကေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ မျဖစ္ေစခ်င္ဘူး၊ ဒီသေဘာထားကိုေတာ့ အတိအလင္း ထုတ္ေဖာ္ေျပာၾကားခ်င္တယ္။

(unicode)
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုး

တိုင်းရင်းသားပါတီ တိုင်းရင်းသားနေရာတွေမှာ မဲပေးခွင့် ပိတ်ပင်လိုက်တာကတော့ တိုင်းရင်းသားတွေအတွက် မကောင်းဘူးပေါ့၊ ကျွန်တော်တို့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကတော့ နည်းနည်းတော်သေးတယ်၊ ပိတ်တာနည်းသေးတယ်ပေါ့၊ ကျန်တဲ့ ရခိုင်တို့ ရှမ်းတို့ ကချင်တို့ကတော့ ပိတ်လိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားတွေ မဲပေးခွင့်ဆုံးရူံးတာကတော့ ညီအကို တိုင်းရင်းသားချင်း နားလည်မှုအနေနဲ့ ကျွန်တော်တို့ ဝိုင်းပြီးတော့ သဘောထားထုတ်ပြန်တာ ဖြစ်တယ်၊ တိုင်းရင်းသားတွေ လိုချင်တာက ဒီမိုကရေစီ ဖယ်ဒရယ်စနစ်လေ ညီမျှခြင်း တန်းတူခြင်း လွတ်လပ်ခြင်း လိုချင်တယ်လေ၊ အဲ့လို ချုပ်ခြယ်တာတို့ တားမြစ်တာတို့ ဘယ်လို ဖယ်ဒရယ်ကို သွားမလဲ၊ တစ်ပါတီအတွက်ပဲဖြစ်ဖြစ် လူမျိုးကြီးတစ်မျိုးအတွက်ပဲ ဖြစ်ဖြစ် ရည်ရွယ်စဉ်းစားမယ်ဆိုရင်တော့ ဒီခရီးက ဝေးနေအုန်းမယ်၊ ကျွန်တော်တို့ လိုချင်တာက တကယ့် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်တယ်၊ အခုက ဒီလိုပိတ်ပင်တာတို့ ချုပ်ခြယ်တာတို့ မလုပ်သင့်ဘူးလို့ ယူဆတယ်၊ ဒါကြောင့် ဒီသဘောထားထုတ်ပြန်ရခြင်း ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာဆို ကျေးရွာ ၅၃ နေရာဆိုတာ နည်းနည်းနောနော မဟုတ်ဘူး၊ ဒါမဖြစ်သင့်ဘူး၊ ဖြစ်နိုင်ရင်တော့ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်ရှိတဲ့နေရာတွေလည်း မဲပေးချင်ရင် ပေးလို့ရတယ်၊ အဲ့ဒါကို လုံခြုံရေးအရ အကြောင်းပြပြီး မဲပေးခွင့် ဆုံးရူံးသွားတာကတော့ ကျွန်တော်တို့အနေနဲ့ မဖြစ်စေချင်ဘူး၊ ဒီသဘောထားကိုတော့ အတိအလင်း ထုတ်ဖော်ပြောကြားချင်တယ်။

 

ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ အေထြေထြအတြင္းေရးမွဴး ဦးခူးသဲရယ္

ကၽြန္ေတာ္တို႔ ပါတီအေနနဲ႔ ကခ်င္၊ ခ်င္း၊ ကရင္၊ မြန္ၿပီးေတာ့မွ ကယားေပါ့ေနာ္ ျပည္နယ္အေျခစိုက္ပါတီ ၅ ခုက လုပ္ငန္းေတြ ပူးေပါင္းေဆာင္ရြက္တာရွိတယ္၊ အဓိက ၂၀၂၀ ေရြးေကာက္ပြဲ ေအာင္နိုင္ေရးအတြက္ ပူးေပါင္း ေဆာင္ရြက္ေနတာ ျဖစ္တယ္၊ အနာဂတ္အတြက္ဆို ျပည္နယ္အေျခစိုက္ပါတီအားလုံးကို မဟာမိတ္ လုပ္ၿပီး ေတာ့မွ ဖယ္ဒရယ္အေျခခံမူတစ္ရက္ကို ေရးဆြဲေဖာ္ေဆာင္နိုင္ဖို႔ ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္၊ ဖယ္ဒရယ္မူကို ေရြးဆြဲတဲ့ေနရာမွာ ျပည္ေထာင္စုလႊတ္ေတာ္မွာ ကိုယ္စားလွယ္ေတြ ရသင့္ရထိုက္တဲ့ မဲရေအာင္ ႀကိဳးစားၿပီးေတာ့မွ လႊတ္ေတာ္မွာတက္ၿပီး ဖယ္ဒရယ္ အေျခခံမူေတြကို ေဆြးေႏြးၾကမယ္လို႔ ကၽြန္ေတာ္တို႔ အဲ့လို ေဆြးေႏြးထားတာေလ၊ အခုအဲ့ဒါကိုမွ UEC က ရခိုင္တို႔ ကခ်င္တို႔ ကရင္တို႔ မြန္လည္း ပါလာတဲ့အခါ အဲ့လို မဲဆႏၵနယ္ေတြကို ေရြးေကာက္ပြဲ မက်င္းပတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ တက္ေရာက္နိုင္တဲ့ ကၽြန္ေတာ္တို႔ ကိုယ္စားလွယ္ေတြက ေလ်ာ့သြားမယ္၊ အားလည္းနည္းသြားနိုင္တာေပါ့၊ ကၽြန္ေတာ္တို႔ မဟာမိတ္လုပ္မယ့္ တိုင္းရင္းသားပါတီရဲ့ မဲဆႏၵနယ္ ေနာက္ၿပီးေတာ့မွ သူတို႔နိုင္ေျခရွိတဲ့ မဲဆႏၵနယ္ေတြကို UEC က ႐ုတ္သိမ္းလိုက္တယ္ဆိုတဲ့အေပၚမွာ ကၽြန္ေတာ္တို႔အေနနဲ႔က လက္မခံနိုင္ဘူးေပါ့၊ ဒါတိုင္းရင္းသားေတြရဲ့ အခြင့္အေရးကို ခ်ိဳးေဖာက္ရာ ေရာက္တယ္ဆိုတဲ့သေဘာမ်ိဳးဘဲ ဒါကို ကၽြန္ေတာ္တို႔ ေျပာခ်င္တာ ျဖစ္ပါတယ္။

(unicode)
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးခူးသဲရယ်

ကျွန်တော်တို့ ပါတီအနေနဲ့ ကချင်၊ ချင်း၊ ကရင်၊ မွန်ပြီးတော့မှ ကယားပေါ့နော် ပြည်နယ်အခြေစိုက်ပါတီ ၅ ခုက လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်တာရှိတယ်၊ အဓိက ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်တယ်၊ အနာဂတ်အတွက်ဆို ပြည်နယ်အခြေစိုက်ပါတီအားလုံးကို မဟာမိတ် လုပ်ပြီး တော့မှ ဖယ်ဒရယ်အခြေခံမူတစ်ရက်ကို ရေးဆွဲဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်၊ ဖယ်ဒရယ်မူကို ရွေးဆွဲတဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေ ရသင့်ရထိုက်တဲ့ မဲရအောင် ကြိုးစားပြီးတော့မှ လွှတ်တော်မှာတက်ပြီး ဖယ်ဒရယ် အခြေခံမူတွေကို ဆွေးနွေးကြမယ်လို့ ကျွန်တော်တို့ အဲ့လို ဆွေးနွေးထားတာလေ၊ အခုအဲ့ဒါကိုမှ UEC က ရခိုင်တို့ ကချင်တို့ ကရင်တို့ မွန်လည်း ပါလာတဲ့အခါ အဲ့လို မဲဆန္ဒနယ်တွေကို ရွေးကောက်ပွဲ မကျင်းပတဲ့အခါကျတော့ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်မှာ တက်ရောက်နိုင်တဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေက လျော့သွားမယ်၊ အားလည်းနည်းသွားနိုင်တာပေါ့၊ ကျွန်တော်တို့ မဟာမိတ်လုပ်မယ့် တိုင်းရင်းသားပါတီရဲ့ မဲဆန္ဒနယ် နောက်ပြီးတော့မှ သူတို့နိုင်ခြေရှိတဲ့ မဲဆန္ဒနယ်တွေကို UEC က ရုတ်သိမ်းလိုက်တယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့က လက်မခံနိုင်ဘူးပေါ့၊ ဒါတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်ဆိုတဲ့သဘောမျိုးဘဲ ဒါကို ကျွန်တော်တို့ ပြောချင်တာ ဖြစ်ပါတယ်။

မြန္ညီညႊတ္ေရးပါတီ၏ ေျပာဆိုခြင့္ရွိသူ ဦးနိုင္စံတင္

UEC က မဲဆႏၵနယ္ေျမေတြကို ကန္႔သတ္တဲ့ကိစၥ ဒါမျဖစ္သင့္ဘူးေပါ့၊ တိုင္းရင္းသားနယ္ေျမေတြမွာ သတ္မွ တ္မယ္ဆိုရင္လည္း မဲဆြယ္ကာလ မေရာက္ရင္ကတည္းက သတ္မွတ္ေပါ့၊ အခုက ေရြးေကာက္ပြဲလုပ္ဖို႔ ရက္၂၀ ေက်ာ္ေက်ာ္ေလာက္ပဲ က်န္တဲ့ဟာကို ဒီလိုကန္႔သတ္တဲ့အခါက်ေတာ့ တိုင္းရင္းသားေတြက အရမ္းနစ္နာတယ္၊ ေနာက္တစ္ခုက တကယ္စစ္ပြဲ ျဖစ္ေနတဲ့ ရခိုင္လိုေနရာကေတာ့ တစ္မ်ိဳးေပါ့၊ NCA လက္မွတ္ထိုးၿပီးသား ျပည္နယ္ေတြက်ေတာ့ မျဖစ္သင့္တဲ့ကိစၥပါ၊ ဒါေၾကာင့္ ပါတီေတြ ေပါင္းစည္းထားတဲ့ ၅ ပါတီက ဒါကို ထုတ္ျပန္တာပါ၊ ကၽြန္ေတာ္တို႔ မြန္ျပည္နယ္မွာေတာ့ UEC ထုတ္ျပန္ခ်က္ထဲအတိုင္း မကိုင္ညီတာေတာ့ သိပ္မရွိပါဘူး၊ ဒါေပမဲ့ ကရင္ျပည္နယ္မွာဆို ကၽြန္ေတာ္တို႔ ပါတီက ၀င္ၿပိဳင္တဲ့ ေနရာေတြလည္း ရွိတာေပါ့၊ အခုအဲ့လို ျဖစ္ေတာ့ နိုင္ငံသားတစ္ေယာက္ရဲ့ အခြင့္အေရး ဆုံး႐ူံးသြားတာေပါ့၊ ဥပမာ ျပည္ေထာင္စုလႊတ္ေတာ္မွာေရာ ျပည္နယ္လႊတ္ေတာ္မွာေရာ တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ နည္းသြားမွာေပါ့၊ အခု ပိတ္လိုက္တဲ့ေနရာေတြ အားလုံးက တိုင္းရင္းသားပါတီေတြ အားလုံးအနိုင္ရမယ့္ ေနရာေတြႀကီးပဲ ျဖစ္ေနတာေပါ့၊ ဒါေၾကာင့္ UEC က ဒီလိုမ်ိဳး မလုပ္သင့္ဘူး၊ ဒါေၾကာင့္ ဒီဟာကို ျပန္လည္႐ုတ္သိမ္းၿပီးေတာ့ ျပန္ျပင္ဆင္ဖို႔ သင့္ပါတယ္၊ အခုက ေရြးေကာက္ပြဲနီးမွ ဒီလိုထုတ္ျပန္တာ မလုပ္သင့္ကိစၥပါ။

(unicode)
မွန်ညီညွှတ်ရေးပါတီ၏ ပြောဆိုခွင့်ရှိသူ ဦးနိုင်စံတင်

UEC က မဲဆန္ဒနယ်မြေတွေကို ကန့်သတ်တဲ့ကိစ္စ ဒါမဖြစ်သင့်ဘူးပေါ့၊ တိုင်းရင်းသားနယ်မြေတွေမှာ သတ်မှ တ်မယ်ဆိုရင်လည်း မဲဆွယ်ကာလ မရောက်ရင်ကတည်းက သတ်မှတ်ပေါ့၊ အခုက ရွေးကောက်ပွဲလုပ်ဖို့ ရက်၂၀ ကျော်ကျော်လောက်ပဲ ကျန်တဲ့ဟာကို ဒီလိုကန့်သတ်တဲ့အခါကျတော့ တိုင်းရင်းသားတွေက အရမ်းနစ်နာတယ်၊ နောက်တစ်ခုက တကယ်စစ်ပွဲ ဖြစ်နေတဲ့ ရခိုင်လိုနေရာကတော့ တစ်မျိုးပေါ့၊ NCA လက်မှတ်ထိုးပြီးသား ပြည်နယ်တွေကျတော့ မဖြစ်သင့်တဲ့ကိစ္စပါ၊ ဒါကြောင့် ပါတီတွေ ပေါင်းစည်းထားတဲ့ ၅ ပါတီက ဒါကို ထုတ်ပြန်တာပါ၊ ကျွန်တော်တို့ မွန်ပြည်နယ်မှာတော့ UEC ထုတ်ပြန်ချက်ထဲအတိုင်း မကိုင်ညီတာတော့ သိပ်မရှိပါဘူး၊ ဒါပေမဲ့ ကရင်ပြည်နယ်မှာဆို ကျွန်တော်တို့ ပါတီက ဝင်ပြိုင်တဲ့ နေရာတွေလည်း ရှိတာပေါ့၊ အခုအဲ့လို ဖြစ်တော့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ဆုံးရူံးသွားတာပေါ့၊ ဥပမာ ပြည်ထောင်စုလွှတ်တော်မှာရော ပြည်နယ်လွှတ်တော်မှာရော တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ နည်းသွားမှာပေါ့၊ အခု ပိတ်လိုက်တဲ့နေရာတွေ အားလုံးက တိုင်းရင်းသားပါတီတွေ အားလုံးအနိုင်ရမယ့် နေရာတွေကြီးပဲ ဖြစ်နေတာပေါ့၊ ဒါကြောင့် UEC က ဒီလိုမျိုး မလုပ်သင့်ဘူး၊ ဒါကြောင့် ဒီဟာကို ပြန်လည်ရုတ်သိမ်းပြီးတော့ ပြန်ပြင်ဆင်ဖို့ သင့်ပါတယ်၊ အခုက ရွေးကောက်ပွဲနီးမှ ဒီလိုထုတ်ပြန်တာ မလုပ်သင့်ကိစ္စပါ။


Share this post