• Follow Us on

Home KNU အဖြဲ႕က မေထာေက်းရြာရွိ အေျခခံပညာမူလတန္းေက်ာင္းမွ ေက်ာင္းအုပ္ႀကီးအား အဓမၼဖမ္းဆီးသြားေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္

KNU အဖြဲ႕က မေထာေက်းရြာရွိ အေျခခံပညာမူလတန္းေက်ာင္းမွ ေက်ာင္းအုပ္ႀကီးအား အဓမၼဖမ္းဆီးသြားေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္

Share this post

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၂၆
ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕နယ္၊ မေထာေက်းရြာအုပ္စု၊ မေထာေက်းရြာရွိ အေျခခံပညာမူလတန္းေက်ာင္း ေက်ာင္းအုပ္ႀကီးအား KNU အဖြဲ႕က အဓမၼဖမ္းဆီး၍ KNU ၌ စစ္သားျပဳလုပ္ရန္ သားျဖစ္သူႏွင့္လဲလွယ္ေရး ေအာက္တိုဘာ ၂၁ ရက္ေန႔တြင္ ထိေကာ္ထေက်းရြာ၌ေဆာင္ရြက္ေနေၾကာင္း၊ ပညာေရးဆုံးရႈံးမည္ကိုမလိုလားသည့္ ေက်းရြာသူ/ေက်းရြာမ်ားမွ နီးစပ္ရာတပ္စခန္းမ်ားမွတစ္ဆင့္တိုင္ၾကားလာသျဖင့္ သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္က KNU ဗဟိုသို႔ NCA အခန္း(၃)၊ အပိုဒ္(၆)၊ စာပိုဒ္(၉)/ စာပိုဒ္ခြဲ(ခ) ေဖာက္ဖ်က္မႈအတြက္ အဓမၼဖမ္းဆီးထားသည့္ မေထာေက်းရြာမူလတန္းေက်ာင္းအုပ္ ဦးျမင့္ေဇာ္အား အျမန္ဆုံးျပန္လည္ေစလႊတ္ေပးေရး ကန႔္ကြက္အေၾကာင္းၾကားၿပီးျဖစ္ေၾကာင္းႏွင့္ NRPC သို႔လည္း အေၾကာင္းၾကားထားေၾကာင္းတပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။
photo – Ipsd Hpapon
(unicode)
KNU အဖွဲ့က မထောကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီးအား အဓမ္မဖမ်းဆီးသွားကြောင်း တပ်မတော် သတင်းထုတ်ပြန်
…………………………………………….
နေပြည်တော်၊ အောက်တိုဘာ – ၂၆
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောကျေးရွာအုပ်စု၊ မထောကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီးအား KNU အဖွဲ့က အဓမ္မဖမ်းဆီး၍ KNU ၌ စစ်သားပြုလုပ်ရန် သားဖြစ်သူနှင့်လဲလှယ်ရေး အောက်တိုဘာ ၂၁ ရက်နေ့တွင် ထိကော်ထကျေးရွာ၌ဆောင်ရွက်နေကြောင်း၊ ပညာရေးဆုံးရှုံးမည်ကိုမလိုလားသည့် ကျေးရွာသူ/ကျေးရွာများမှ နီးစပ်ရာတပ်စခန်းများမှတစ်ဆင့်တိုင်ကြားလာသဖြင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်က KNU ဗဟိုသို့ NCA အခန်း(၃)၊ အပိုဒ်(၆)၊ စာပိုဒ်(၉)/ စာပိုဒ်ခွဲ(ခ) ဖောက်ဖျက်မှုအတွက် အဓမ္မဖမ်းဆီးထားသည့် မထောကျေးရွာမူလတန်းကျောင်းအုပ် ဦးမြင့်ဇော်အား အမြန်ဆုံးပြန်လည်စေလွှတ်ပေးရေး ကန့်ကွက်အကြောင်းကြားပြီးဖြစ်ကြောင်းနှင့် NRPC သို့လည်း အကြောင်းကြားထားကြောင်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။
photo – Ipsd Hpapon

Share this post