• Follow Us on

Home ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရပ်ကွက်တစ်ချို့၌ ရေလွှမ်းမိုးမှုကြောင့် လူဦးရေ (၉၀၀) ကျော် ရေဘေးသင့်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရပ်ကွက်တစ်ချို့၌ ရေလွှမ်းမိုးမှုကြောင့် လူဦးရေ (၉၀၀) ကျော် ရေဘေးသင့်

Share this post

No description available.

No description available.

No description available.

 

မွန်၊ ဇူလိုင် ၂၇ (People Media)

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အမှတ် ၆ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်နှင့် ကူတိုးဆိပ်ကျေးရွာ နေရာအိမ်များ ရေလွှမ်းမှုကြောင့် လူဦးရေ (၉၀၀) ကျော် ရေဘေးသင့် နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ညွန်ကြားရေးမှူး  ဦးခင်မောင်ချိုက People Media သို့ ပြောသည်။

 

“မုန်တိုင်းရှိနေတော့ မနေ့ကထပ် ဒီနေ့ ရေကနှစ်ပေလောက်တက်သွားတယ်။ ဒါပေမဲ့ စိုးရိမ်ရေအမှတ်ကိုတော့ မရောက်သေးပါဘူး” ဟု ၎င်းက ထပ်မံပြောသည်။

 

အဆိုပါ ရေးဘေးသင့်ပြည်သူများကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စင်တာတစ်ချို့နှင့် မိခင်ကလေး စောင့်ရှောက်ရေးအဆောက်အဦးများတွင် ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

 

အထက်ပါ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ၀၉၂၅၅၇၂၄၁၆၄၊ ၀၉၄၂၀၇၁၉၃၉၇ နှင့် ၀၉၆၆၃၄၂၇၀၅၆ စသည့် ဖုန်းနံပါတ်များကိုလဲ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။

 

Photo – Naing Linn Aung

 

#PeopleMedia #ကြာအင်းဆိပ်ကြီး #ရေဘေးသင့်

 

(unicode)


………………………………………………

 


 


 


 


 


 

Photo – Naing Linn Aung

 



Share this post