• Follow Us on

Home အမေရိကန်နှင့် တရုတ်နိုင်ငံတို့ တောင်တရုတ်ပင်လယ်အရေး အပြန်အလှန် ပြစ်တင်ဝေဖန်

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ တောင်တရုတ်ပင်လယ်အရေး အပြန်အလှန် ပြစ်တင်ဝေဖန်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၁ (People Media)

 

အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အွန်လိုင်းအစည်းအဝေးတစ်ခု၌ တောင်တရုတ်ပင်လယ်အရေးအပါအဝင် ကိစ္စရပ်များစွာ၌ အပြန်အလှန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

 

ပင်လယ်ရေကြောင်း လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးသည့် ယမန်နေ့ကကျင်းပသော အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်ဆွေးနွေးခဲ့သည်။

 

အကြမ်းဖက်ဝါဒအပါအဝင် ပင်လယ်ပြင်၌ တရားမဝင်ဆောင်ရွက်မှုများ ကိုင်တွယ်ဖြေရှင်းရာတွင် အတူ လက်တွဲဆောင်ရွက်ရန် အစည်းအဝေးတက်ရောက်သူများက ထပ်လောင်းအတည်ပြုခဲ့သည်။

 

ရာသီဥတုပြောင်းလဲမှုနှင့် ဆူနာမီကဲ့သို့သော သဘာဝဘေးအန္တရာယ်များ တုံ့ပြန်ရာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လည်း ၎င်းတို့က သဘောတူညီခဲ့သည်။

 

ပင်လယ်ပြင်၌ အန္တရာယ်ရှိသော တန်ပြန်ဆောင်ရွက်မှုများ၊ တရားမဝင် ပိုင်နက်နယ်မြေတောင်းဆိုမှုများ ပြုလုပ်သည့် ရန်လိုသောအပြုအမူများ မြင်တွေ့ခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင် ကန်က တောင်တရုတ်ပင်လယ်အရေး ကိုးကား၍ ပြောကြားသည်။

 

တောင်တရုတ်ပင်လယ်အတွင်း အချုပ်အချာအာဏာ ပိုင်နက်နယ်မြေအများစု ပိုင်ဆိုင်သည်ဟုဆိုသော တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုများကို အန်တိုနီဘလင်ကန်က ရည်ညွှန်းပြောကြားခြင်းဖြစ်သည်။

 

ဘလင်ကန်က တောင်တရုတ်ပင်လယ်အရေး ပဋိပက္ခဖြစ်လာနိုင်ပြီး အခြားရေပိုင်နက်များကြောင့် ကမ္ဘာပေါ် တွင် လုံခြုံရေးနှင့် ကုန်သွယ်ရေးအတွက် ဆိုးရွားသော နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်နိုင်ကြောင်း သတိပေးခဲ့သည်။

 

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယသံအမတ်ကြီး တိုင်ဘင်က ဘလင်ကန်၏ မှတ်ချက်စကားများကို တုံ့ပြန်ခဲ့ပြီး အမေရိကန်နိုင်ငံက ရန်စမှုများပြုလုပ်ကာ တောင်တရုတ်ပင်လယ်အတွင်း စစ်သင်္ဘောများ၊ တိုက်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း စွပ်စွဲလိုက်သည်။

 

အမေရိကန်နိုင်ငံကိုယ်တိုင်က တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အ ကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

 

Ref; US, China exchange criticism over S.China Sea

 

#PeopleMedia #EPN #international #အမေရိကန် #တရုတ် #တောင်တရုတ်ပင်လယ်

 

(unicode)


……………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref; US, China exchange criticism over S.China Sea

 



Share this post