• Follow Us on

Home ယူကရိန်းထုတ် Kozak-5 4×4 သံချပ်ကာကားများ ဆော်ဒီသို့တင်ပို့

ယူကရိန်းထုတ် Kozak-5 4×4 သံချပ်ကာကားများ ဆော်ဒီသို့တင်ပို့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆ (People Media)

 

Kozak-5 4×4 သံချပ်ကာကားများအပါအဝင် ၂၀၂၁ ခုနှစ်အတွက် အရေးကြီးသောစစ်လက်နက်ပစ္စည်းများကို ဆော်ဒီအာရေးဗီးယားနိုင်ငံသို့တင်ပို့လိုက်ကြောင်း ယူကရိန်းနိုင်ငံမှ NVO Practika ကုမ္ပဏီကကြေညာခဲ့ ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ဝေသည့် “Defense Express” မဂ္ဂဇင်းတွင်ရေးသားဖော်ပြ ချက်အရ သိရသည်။

 

ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းစက်ရုံသည် ယူကရိန်းနိုင်ငံစီးပွားရေးကဏ္ဍ၌ ခေတ်အမီဆုံးသော လုပ်ငန်း တစ်ခုဖြစ်သည်။ ယူကရိန်းကာကွယ်ရေးပစ္စည်းစက်ရုံတွင် လူပေါင်းတစ်သန်းကျော်အလုပ်ခန့်ထားပြီး ခေတ်မီ စစ်လက်နက်ပစ္စည်းများထုတ်လုပ်သည့်အပြင် စစ်လက်နက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအသစ်များကိုလည်း ဆက်လက်ဒီဇိုင်းရေးဆွဲ ထုတ်လုပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ယူကရိန်းနိုင်ငံထုတ်လက်နက်များကိုအဓိက ဝယ်ယူသည့် ဖောက်သည်နိုင်ငံများမှာ အိန္ဒိယ၊ ဆော်ဒီအာရေးဗီးယားနှင့် တူရကီတို့ဖြစ်သည်။

 

ကမ္ဘာပေါ်တွင်လက်နက်အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်သော ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ၎င်း၏လက် နက်တင်သွင်းမှု ၆၁% အထိတိုးမြင့်လာပြီး ကာတာနိုင်ငံက ၃၆% တိုးမြင့်လာကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု (SIPRI) ၏ အစီရင်ခံစာအရ သိရသည်။

 

Kozak-5 4×4 သံချပ်ကာကားသည် ယူကရိန်းကုမ္ပဏီ NVO Practika က ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် 4×4 သံချပ်ကာကားအုပ်စုအဖွဲ့ဝင်ဖြစ်ပြီး ယင်းသံချပ်ကာကားကို ယူကရိန်းနိုင်ငံ Kyiv ၌ ၂၀၀၉ ခုနှစ်ကပြုလုပ်ခဲ့ သော စစ်ရေးလေ့ကျင့်မှုတွင် ပထမဦးဆုံးအကြိမ်ထုတ်ဖော်ပြသခဲ့သည်။

 

Kozak-5 4×4 သံချပ်ကာကားကို ရဲတပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့များအတွက်သုံးပြုရန် ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲထုတ် လုပ်ခဲ့ခြင်းဖြစ်သည်။ Kozak-5 4×4 သံချပ်ကာကားမှာ 4×4 အရပ်ဘက်သုံး Ford F550 ဒီဇိုင်းကို အခြေခံရေး ဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။ Kozak-5 4×4 သံချပ်ကာကားတွင် စစ်သည် (သို့မဟုတ်) ရဲတပ်ဖွဲ့ဝင် ၁၀ ဦး အထိတင်ဆောင်နိုင်သည်။

 

Kozak-5 4×4 သံချပ်ကာကား အလျားမှာ ၆. ၂၃ မီတာ၊ အနံမှာ ၂. ၅ မီတာနှင့် အမြင့်မှာ ၂. ၃ မီတာရှိပြီး အ လေးချိန်မှာ ၁၂,၀၀၀ ကီလိုဂရမ်ရှိသည်။ ဆလင်ဒါ ၆ လုံးထိုး Iveco Tector အမျိုးအစားဖြစ်ပြီး 6l တာဘိုအင် ဂျင် တပ်ဆင်ထားကာ မြင်းကောင်ရေ ၂၇၉ hp ရှိပြီး ဂီယာခြောက်ချက်သုံး ZF manual gearbox ဖြစ်ကြောင်း သိရသည်။ အမြင့်ဆုံး ၁၂၀ ကီလိုမီတာမောင်းနှင်နိုင်ပြီး ကီလိုမီတာ ၁,၀၀၀ အထိ မရပ်မနားမောင်းနှင်နိုင် ကြောင်းသိရသည်။

 

အဆိုပါသံချပ်ကာယာဉ်သည် 7.62×39mm API (Armor-piercing) စက်သေနတ်နှင့် အသေးစားအမြောက် ဆံများကာကွယ်နိုင်ရန် တည်ဆောက်ထားသည့်အပြင် ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး STANAG 4569 Level 2 အဆင့်တပ်ဆင်ထားကြောင်းသိရသည်။

 

Ref: Ukraine has delivererd Kozak-5 4×4 armored vehicles to Saudi Arabia

 

#PeopleMedia #Kozak-5 4×4 #သံချပ်ကာကားများ

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 

Ref: Ukraine has delivererd Kozak-5 4×4 armored vehicles to Saudi Arabia

 



Share this post