• Follow Us on

Home ရုရှား “အိုရီယွန်” ဒရုန်းတွင် အီလက်ထရောနစ် စစ်ဆင်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်းများတပ်ဆင်

ရုရှား “အိုရီယွန်” ဒရုန်းတွင် အီလက်ထရောနစ် စစ်ဆင်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်းများတပ်ဆင်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၄ (People Media)

 

ရန်သူ့တိုက်ခိုက်မှုကိုကာကွယ်ရာတွင် ဒရုန်းလေယာဉ်၏စွမ်းရည်ကိုမြှင့်တင်ပေးနိုင်မည့် အီလက်ထရောနစ် စစ် ဆင်ရေးဆိုင်ရာစစ်လက်နက်ပစ္စည်းများကို ရုရှားနိုင်ငံ၏ “အိုရီယွန်” အမည်ရှိ မောင်းသူမဲ့လေယာဉ် (UAV) တွင် တပ်ဆင်သွားရန်စီစဉ်နေကြောင်းသိရသည်။

 

မောင်းသူမဲ့လေယာဉ်တွင်တပ်ဆင်မည့် အီလက်ထရောနစ် စစ်ဆင်ရေးဆိုင်ရာစစ်လက်နက်ပစ္စည်းများကို “အို ရီယွန်” ဒရုန်းအတွက် ကာကွယ်ရေးစနစ် ထပ်ဆောင်းဖြည့်ထည့်ခြင်းဟု Novosti, Kronshtadt ကုမ္ပဏီ၏ CEO ဆာဂျီဘိုဂတီကော့ဗ်က ပြည်တွင်းမီဒီယာတစ်ခု၏အင်တာဗျူးတွင် ပြောသည်။

 

ထပ်မံဖြည့်စွက်တပ်ဆင်ထားသော အီလက်ထရောနစ် စစ်ဆင်ရေးဆိုင်ရာစစ်လက်နက်ပစ္စည်းများမှာ ဒရုန်းလေ ယာဉ်ကိုယ်တိုင်ကာကွယ်နိုင်သည့်အပြင် စစ်မြေပြင်ရှိ မိမိတပ်ဖွဲ့ဝင်များအတွက် ရန်သူ့ဆက်သွယ်ရေးစနစ်များ ကိုလည်းထိန်းချုပ်ဖျက်ဆီးပစ်နိုင်ကြောင်း ဘိုဂတီကော့ဗ်က ရှင်းပြသည်။

 

“ဒါက ဒီကနေ့ခေတ်တပ်မတော်တိုင်းမှာရှိတဲ့ မောင်းသူမဲ့လေယာဉ်တိုင်းရဲ့ အရေးကြီးတဲ့လုပ်ငန်းတာဝန် အ စိတ် အပိုင်းတွေထဲကတစ်ခုပါပဲ။ ကျွန်တော်တို့ အဲဒီဦးတည်လမ်းကြောင်းထဲကိုရောက်ဖို့ ကြိုးစားနေတာပါ။” ဟု ၎င်း ကပြောသည်။

 

“အိုရီယွန်” မောင်းသူမဲ့လေယာဉ်ကို ကင်းထောက်တာဝန်များထမ်းဆောင်ရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ် သည်။ “အိုရီယွန်” ၏ ပထမအကြိမ်ပျံသန်းမှုကို ၂၀၁၇ ခုနှစ်တွင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် တရားဝင် ထုတ်ဖော်ပြသခဲ့သည်။ ယနေ့အချိန်အထိ “အိုရီယွန်” မောင်းသူမဲ့လေယာဉ်အုပ်စု ၃၀ ထက်မနည်းထုတ်လုပ် ပြီးဖြစ်သည်။ “အိုရီယွန်” မောင်းသူမဲ့လေယာဉ်များမှာ လက်ရှိအချိန်တွင် ရုရှားမြေပြင်တပ်ဖွဲ့များနှင့်အတူ တာ ဝန်ထမ်းဆောင် လျက်ရှိသည်။

 

“အိုရီယွန်” မောင်းသူမဲ့လေယာဉ်သည် အမြင့် ၈,၀၀၀ မီတာ (၂,၆၂၄ ပေ) အထိပျံတက်နိုင်ပြီး အမြင့်ဆုံးတစ် နာရီ ၂၀၀ ကီလိုမီတာ (၁၂၄.၃ မိုင်) နှုန်းဖြင့် ၂၄ နာရီအထိ မရပ်မနားပျံသန်းနိုင်ကြေင်းသိရသည်။ အမြင့်ဆုံး ပျံတက်နိုင်သည့်အလေးချိန်မှာ ၁,၀၀၀ ကီလိုဂရမ် (၂,၂၀၅ ပေါင်) ဖြစ်ပြီး သယ်ဆောင်နိုင်သောဝန်အလေးချိန် မှာ ၂၀၀ ကီလိုဂရမ် (၄၄၀ ပေါင်) ဖြစ်ကြောင်းသိရသည်။

 

Ref: Russia’s ‘Orion’ Drone to Get Electronic Warfare System

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 

Ref: Russia’s ‘Orion’ Drone to Get Electronic Warfare System

 

#PeopleMedia


Share this post