• Follow Us on

Home ဒေသခံ PDF အဖွဲ့၏ လက်ချက်ဖြင့် သူရဦးရွှေမန်းပါတီမှ မတ္တရာမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ဇနီးဖြစ်သူတို့ လုပ်ကြံခံ ရ၍ သေဆုံး

ဒေသခံ PDF အဖွဲ့၏ လက်ချက်ဖြင့် သူရဦးရွှေမန်းပါတီမှ မတ္တရာမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ဇနီးဖြစ်သူတို့ လုပ်ကြံခံ ရ၍ သေဆုံး

Share this post

မန္တလေး၊ အောက်တိုဘာ ၂၉ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ UBP မှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်း ထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူတို့သည် မနေ့က ဒေသခံ PDF အဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားပါတယ်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး People Media က သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်ရာ “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မနေ့က အသတ်ခံရတာ ၂ ယောက်။ ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ တစ်ချက်ဆီ ထိတယ်။ အဲဒီနေရာကို တာဝန်ရှိသူ ၅ ယောက်လောက်လာတယ်” လို့ ပြောပါတယ်။

 

လက်ရှိအချိန်၌ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များကို လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များဖြစ်ပေါ်မှုရှိခဲ့ပြီး ယခုတွင် သူရဦးရွှေမန်း ပါတီ၏ မတ္တရာမြို့နယ်ဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးအား ထပ်မံ၍ လုပ်ကြံခြင်းခံခဲ့ရပါတယ်။

 

မန္တလေးတိုင်းဒေသကြီးတွင် အောက်တိုဘာလ ၂၈ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီးရှိ နေရာအနှံ့အပြား တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး လုပ်ကြံပစ်ခတ်မှုဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့လျက်ရှိတယ်။

 

Photo – Credit

 

#PeopleMedia #မတ္တရာမြို့ #UBP

 

(unicode)

ဒသေခံ PDF အဖှဲ့၏ လကျခကြျဖွင့ျ သူရဦးရှှမေနျးပါတီမှ မတ်တရာမွို့နယျပါတီဥက်ကဋ်ဌနှင့ျ ဇနီးဖွဈသူတို့ လုပျကွံခံ ရ၍ သဆေုံး

…………………………………………………………

 

မန်တလေး၊ အောကျတိုဘာ ၂၉ (People Media)

 


 


 


 


 

Photo – Credit

 

#PeopleMedia #မတ်တရာမွို့ #UBP


Share this post