• Follow Us on

Home မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ သေနတ် ဖြင့် လုပ်ကြံခံရ၍ သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ သေနတ် ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ (People Media)

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဆန်းထွန်းဦးသည် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

“သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရလို့ သေဆုံးသွားတာ မှန်ပါတယ်” လို့ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြော သည်။

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီက “မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမြို့ နယ်ကော်မတီဝင် ဦးဆန်းထွန်းဦးသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီခန့်က ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာတိုက်နယ်ဆေးရုံတွင် ဆေးသုသမှုခံယူနေသည့်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု များကူညီဆောင်ရွက်ပေးရန်နှင့် အုပ်စုအလိုက် Covid-19 ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းအတွက် တိုက်နယ်ဆ ရာဝန်နှင့် ဆွေးနွေးနေစဉ် အမည်မသိ အကြမ်းဖက်အုပ်စုမှ လက်နက်များဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အတွက် ယင်းနေရာတွင်ပင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း“ သတင်းထုတ်ပြန်ထားသည်။

 

အလားတူ မွန်ပြည်နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်အချို့သည် လုပ်ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

Photo – credit

 

#PeopleMedia #USDP

 

(unicode)


…………………………………………………..

 


 


 


 


 


 

Photo – credit

 

#PeopleMedia #USDP


Share this post