• Follow Us on

Home ပြည်တွင်းထုတ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ကို တူရကီစမ်းသပ်ပစ်ခတ်

ပြည်တွင်းထုတ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ကို တူရကီစမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀ (People Media)

 

တူရကီနိုင်ငံက ပြည်တွင်းထုတ် စီပါလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ကို နိုဝင်ဘာလ ၆ ရက်နေ့က စမ်း သပ်ပစ်ခတ်ခဲ့ကြောင်း ကြေညာလိုက်သည်။

 

စီပါလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်သည် မဟာဗျူဟာမြောက်လက်နက်များကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသော တာဝေးပစ်ဒုံးကျည်နှင့် အဆင့်ပေါင်းစုံ လေကြောင်းရန်ကာကွယ်ရေးစနစ်၏ အစိတ်အ ပိုင်းတစ်ရပ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စတင်အသုံးပြုရန် စီစဉ်ထားသည်။

 

နှစ်အနည်းငယ်အတွင်း တူရကီနိုင်ငံသည် အဆင့်ပေါင်းစုံလေကြောင်းရန်ကာကွယ်ရေးစနစ် ခြောက်မျိုးအထိ ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း တူရကီကာကွယ်ရေးပစ္စည်းစက်ရုံအကြီးအကဲ အစ္စမေးလ်ဒီမီယာ၏စကား ကိုကိုးကား၍ TRT World မီဒီယာက ဖော်ပြခဲ့သည်။

 

အဆင့်မြင့်တာဝေးပစ် လေကြောင်းရန်နှင့် ဒုံးကျည်ကာကွယ်ရေးစနစ်ခေါ် စီပါစီမံချက်ကို တူရကီနိုင်ငံလေတပ် ၏ တာဝေးပစ် လေကြောင်းရန်နှင့် ဒုံးကျည်ကာကွယ်ရေး လိုအပ်ချက်အရ ပြည်တွင်း၌ ထုတ်လုပ်ရန် ၂၀၁၆ ခု နှစ်တွင် စတင်တည်ထောင်ခဲ့သည်။

 

ဒုံးကျည်ထုတ်လုပ်ရေးအတွက် ပင်မကန်ထရိုက်တာမှာ တူရကီနိုင်ငံမှ အဆော့ဆင် (Aselsan) ကုမ္ပဏီဖြစ်ပြီး ရော့ကက်ဆန် (Roketsan) ကုမ္ပဏီနှင့် တူရကီနည်းပညာသုတေသနကောင်စီတို့မှာ လက်ခွဲကန်ထရိုက်များ ဖြစ်သည်။

 

အဆိုပါဒုံးကျည်စနစ်သည် ကီလိုမီတာ ၃၀ အမြင့် (၁၈. ၆ မိုင်) အထက်မှ ပျံသန်းလာသော ပဲ့ထိန်းဒုံးကျည်ကို ပစ်ချနိုင်ပြီး ဒုံးကျည်၏ ကြားဖြတ်တိုက်ခိုက်နိုင်သောအကွာအဝေးကို မြှင့်တင်ခဲ့ရာ ကီလိုမီတာ ၇၀ မှ ၉၀ အ တွင်း (၄၃ မိုင်မှ ၅၆ မိုင်အတွင်း) ပျံသန်းလာသော တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ခရုစ်ဒုံးကျည်များကို တိုက် ခိုက်နိုင်ကြောင်း သိရသည်။

 

တူရကီနိုင်ငံသည် ကာကွတ်လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် မြေပြင်၊ ဝေဟင်၊ ရေပြင်တို့တွင် တပ်ဆင်နိုင် သော မကြာမီတပ်တော်ဝင်တော့မည့် ရော့ကက်ဆန်ကုမ္ပဏီထုတ် အောက်ခံခုံတပ် ဆန်းဂါးလေကြောင်းရန် ကာကွယ်ရေးစနစ်တို့ကို ထုတ်လုပ်ပြီးဖြစ်သည်။

 

တူရကီနိုင်ငံသည် ၁၅ ကီလိုမီတာ (၉.၃ မိုင်) နှင့် ၂၅ ကီလိုမီတာ (၁၅.၅ မိုင်) အထိ ပစ်ခတ်နိုင်သော ဟီဆာ-အေနှင့် ဟီဆာ-အို ဒုံးကျည်များပါဝင်သည့် ဟီဆာလေကြောင်းရန်ကာကွယ်ရေးစနစ်များကိုလည်း ထုတ်လုပ်ပြီး ဖြစ်သည်။ အဆင့်မြှင့်တင်ထားသော ဟီဆာ-အို ဒုံးကျည်များကို မတ်လအတွင်းက စမ်းသပ်ပစ်ခတ်ခဲ့သည်။

 

စီပါလေကြောင်းရန်ကာကွယ်ရေးစနစ်နှင့်အတူ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်အမျိုးအစား သုံးခုစလုံး သည် တူရကီနိုင်ငံ၏ အဆင့်ပေါင်းစုံလေကြောင်းရန်ကာကွယ်ရေးစနစ်ထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

 

Ref: Turkey Test Fires Indigenous Air Defense Missile System

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Turkey Test Fires Indigenous Air Defense Missile System

 

#PeopleMedia


Share this post