• Follow Us on

Home F-5 တိုက်လေယာဉ်များကို အစားထိုးနိုင်ရေး ရာဖေးတိုက်လေယာဉ်များ ရောင်းချပေးမည်ဖြစ်ကြောင်း ပြင် သစ်နိုင်ငံက အင်ဒိုနီးရှားကို ကမ်းလှမ်း

F-5 တိုက်လေယာဉ်များကို အစားထိုးနိုင်ရေး ရာဖေးတိုက်လေယာဉ်များ ရောင်းချပေးမည်ဖြစ်ကြောင်း ပြင် သစ်နိုင်ငံက အင်ဒိုနီးရှားကို ကမ်းလှမ်း

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၆ (People Media)

 

သြစတေးလျနိုင်ငံနှင့်ချုပ်ထားသော ဒေါ်လာဘီလျံချီတန်သည့် ရေငုပ်သင်္ဘောရောင်းဝယ်ရေးစာချုပ်ပျက်ပြား သွားပြီးနောက်ပိုင်း ပြင်သစ်နိုင်ငံသည် ၎င်း၏မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန်အတွက် ၎င်း နိုင်ငံမှထုတ်လုပ်သော ခေတ်အမီဆုံးရာဖေးတိုက်လေယာဉ်များကို အင်ဒိုနီးရှားနိုင်ငံသို့ ရောင်းချရန်ကမ်းလှမ်း လိုက်သည်။

 

ရာဖေးတိုက်လေယာဉ် ၃၆ စင်း ရောင်းချပေးရန်ကမ်းလှမ်းမှုသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျိန်းဗယ်လီ ဒ ရိုင်းယန်၏ ဂျာကာတာသို့ သွားရောက်ခဲ့သည့်နှစ်ရက်ကြာခရီးစဉ်အတွင်း ဆွေးနွေးခဲ့သော ကာကွယ်ရေး ပူး ပေါင်းဆောင်ရွက်ရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

 

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ဆက်ဆံရေးတင်းမာမှုများ မြင့်တက်နေသည့်ကြားမှ အင်ဒိုနီးရှားလေတပ်သည် ၎င်းတို့၏ လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများကို အဆင့်မြှင့်တင်ရန် နည်းလမ်းများရှာဖွေလျက်ရှိသည်။

 

အင်ဒိုနီးရှားလေတပ်မှ F-5 တိုက်လေယာဉ်များကို အစားထိုးနိုင်ရေး ဆွေးနွေးရန်အတွက် နိုင်ငံအများအပြားနှင့် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တို့ စကားပြောဆိုခဲ့ကြသည်။

 

တိုက်လေယာဉ်များဝယ်ယူခြင်းအပြင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၎င်းတို့၏ ရေပိုင်နက်ကိုကာကွယ်စောင့်ရှောက် ရန် ရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများကို ဝယ်ယူပြီး ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်သွားရန်လည်း စိတ် အားထက်သန်လျက်ရှိသည်။

 

“ဒီခရီးစဉ်က အင်ဒို-ပစိဖိတ်ဒေသအတွက် ပြင်သစ်နိုင်ငံရဲ့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုလိုက် တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံနဲ့ ဆက်ဆံရေးမြှင့်တင်လိုက်တာလည်းဖြစ်ပါတယ်။” ဟု ပြင်သစ်သံတမန်တစ်ဦးက ရိုက်တာသတင်းဌာနကိုပြောသည်။

 

အင်ဒို-ပစိဖိတ်ဒေသတွင်း စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုကို ပြင်သစ်နိုင်ငံက မြှင့်တင်ဆောင်ရွက်လာခြင်း သည် သြတေးလျနိုင်ငံကို ရေငုပ်သင်္ဘောများရောင်းချရန် လျာထားသည့်အစီအစဉ် ပျက်ပြားသွားမှုနှင့် ပတ် သက်၍ အစားထိုးရန် ကြိုးပမ်းမှုဖြစ်ကြောင်း သတင်းများတွင်ရေးသားဖော်ပြကြသည်။

 

ယခုလအစောပိုင်းက သြစတေးလျနိုင်ငံသည် ပြင်သစ်နိုင်ငံမှ ရေငုပ်သင်္ဘောဝယ်ယူမည့်အစီအစဉ်ကို ဖျက် လိုက်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့မှ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများကို ဝယ် ယူသွားရန် ရွေးချယ်ခဲ့သည်။

 

Ref: France Offers Rafale Fighters to Replace Indonesia’s Aging F-5s

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: France Offers Rafale Fighters to Replace Indonesia’s Aging F-5s

 

#PeopleMedia


Share this post