• Follow Us on

Home KIA/PDF အဖွဲ့၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့သည့် ကွတ်ခိုင်မြို့နယ် ဆေးရုံအုပ်ကြီး၏ ရုပ်အလောင်း ယနေ့ မွန်းလွဲ ၁ နာရီ၌ သဂြိုလ်မှုပြုလုပ်ခဲ့

KIA/PDF အဖွဲ့၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့သည့် ကွတ်ခိုင်မြို့နယ် ဆေးရုံအုပ်ကြီး၏ ရုပ်အလောင်း ယနေ့ မွန်းလွဲ ၁ နာရီ၌ သဂြိုလ်မှုပြုလုပ်ခဲ့

Share this post

တောင်ကြီး၊ ဒီဇင်ဘာ ၁၆ (People Media)

 

ဒီဇင်ဘာ ၁၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကျေးရွာများ၌ ဒေသခံပြည်သူများကို COVID-19 ကာကွယ်ဆေးထိုးပေးပြီး ကွတ်ခိုင်မြို့ ဆေးရုံအုပ်ဖြစ်သူ ဆရာမကြီးဒေါက်တာဝင့်ဝင့်မြိုင်သည် လမ်းခရီး၌ KIA/PDF ပူးပေါင်းအဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီး ရုပ်အလောင်းကို ယနေ့ မွန်းလွဲ တစ်နာ ရီခန့်က လားရှိုးမြို့ရှိ ကြာကန်သုဿန်၌ သဂြိုလ်လိုက်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 

ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့ ဆေးရုံအုပ်ဖြစ်သူ ဆရာမကြီးဒေါက်တာဝင့်ဝင့်မြိုင်သည် မုံးသီးရွာနှင့် မွန်ဟန်ရွာသို့ COVID-19 ကာကွယ်ဆေးထိုးပြီးအပြန် တာမိုးညဲအကျော် မော်ဟန်နှင့် နောင်ချိုရွာကြား၌ KIA/PDF ပူး ပေါင်းအဖွဲ့သည် ဆရာမကြီးလိုက်ပါလာသော ယာဉ်ကို တားဆီးခဲ့ပြီး ဆရာမကြီးကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ဒေသခံများ၏ ပြောဆိုချက်အရ ဆရာမကြီးသည် အသက်(၅၀)နှစ်အရွယ်ရှိပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိသော ဆရာမကြီးတစ်ဦးဖြစ်သည်။ ဆရာမကြီးသည် မြို့နယ်ရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး ဒေသ ၏ ယုံကြည်ကိုးစားမှုကို ရရှိသောသူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

 

ထို့အတူ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း၌ ဒေသခံ PDF အဖွဲ့များနှင့် နိုင်ငံရေးအင်အားစုအချို့က ဆရာမ ကြီးကို CDM ပြုလုပ်ရန် ဖိအားပေးဆောင်ရွက်မှုပြုခဲ့သည်။ လက်ရှိအချိန်၌ ဆရာမကြီးသည် KIA/PDF အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ယနေ့ မွန်းလွဲ ၁ နာရီအချိန်၌ လားရှိုးမြို့ရှိ ကြာကန်သုဿန်၌ မီးသဂြိုလ် ခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ကွတ်ခိုင်မြို့ဆေးရုံအုပ်

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post