• Follow Us on

Home အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သည်တစ်ဦးကျဆုံး

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သည်တစ်ဦးကျဆုံး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆ (People Media)

 

ဆီးရီးယားတောင်ပိုင်းရှိ စခန်းများကိုပစ်မှတ်ထား၍ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့ရာ ဆီးရီးယားစစ်သည်တစ်ဦးကျဆုံးသွားပြီး အဆောက်အဦအချို့ပျက်စီသးသွားကြောင်း ဆီးရီး ယားအစိုးရပိုင် SANA သတင်းဌာနက ကြေညာခဲ့သည်။

 

တပြိုင်တည်းမှာပင် အစ္စရေးဒုံးကျည်အများအပြားကို ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချ နိုင်ခဲ့ကြောင်း ဆီးရီးယားသတင်းများတွင်ဖော်ပြခဲ့သည်။

 

ဒီဇင်ဘာလ ၁၅ ရက်နေ့ အစောပိုင်းက တီဟီရန်မှ စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း  ဒ မတ်စကတ်သို့ ဆင်းသက်ခဲ့ကြောင်းသိရသည်။

 

အီရန်မှ ဆီးရီးယားသို့ ထွက်ခွာလာသော လေယာဉ်များတွင် ဆီးရီးယားနိုင်ငံမှ အီရန်လိုလားသည့်စစ်သွေးကြွ များနှင့် လက်ဘနွန်မှ ဟစ်ဘိုလာများအတွက် စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာလေ့ရှိသဖြင့် တီဟီရန် နှင့်ဒမတ်စကတ်ကြားလေယာဉ်များဆင်းသက်ပြီးတိုင်း အစ္စရေးနိုင်ငံကလေကြောင်းဖြင့်တိုက်ခိုက်လေ့ရှိသည်။

 

ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ လာတာခီယာဆိပ်ကမ်းရှိ ကွန်တိန်နာများကို အစ္စရေးလေတပ်က ပစ် မှတ်ထားတိုက်ခိုက်ခဲ့ပြီး သီးတင်းတစ်ပတ်အကြာတွင် ယခုနောက်ဆုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

လာတာခီယာနယ်မြေသည် ဆီးရီးယားနိုင်ငံရှိ ရုရှားတပ်ဖွဲ့ဝင်များအခြေစိုက်ရာနယ်မြေဖြစ်ပြီး လာတာခီယာ အ နီးတွင် ရုရှား ခမိုက်မင်းလေတပ်စခန်းတည်ရှိသည်။

 

ဆီးရီးယားနိုင်ငံအနေဖြင့် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်လ်မက်ဒက်ဒ်က သတိပေးလိုက်သည်။ နိုဝင်ဘာလအ တွင်းက အစ္စရေးလေတပ်က ဆီးရီးယားနိုင်ငံကိုတိုက်ခိုက်ခဲ့ရာ ဆီးရီးယားပြည်သူအများအပြားသေဆုံးခဲ့သည်။

 

လွန်ခဲ့သည့်နှစ်အတွင်း ဆီးရီးယားနိုင်ငံတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုမြင့်တက်လာခဲ့သလို ဆီးရီးယား လေကြောင်းရန်ကာကွယ်ရေးလက်နက်များ၏ တုံ့ပြန်နိုင်မှုစွမ်းအားမှာလည်း ပိုမိုမြန်ဆန်လာခဲ့သည်။

 

အီရန်နိုင်ငံက အစ္စရေးလေကြောင်းတိုက်ခိုက်မှုကိုစိန်ခေါ်နိုင်ရန်အတွက် ၎င်းနယ်မြေတွင် ခေတ်မီလေကြောင်း ရန်ကာကွယ်ရေးဒုံးကျည်များကို တပ်ဖြန့်ချထားပြီးဖြစ်သည်။

 

Ref: Syrian soldier killed in alleged Israeli airstrike on Syria

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Syrian soldier killed in alleged Israeli airstrike on Syria

 

#PeopleMedia


Share this post