• Follow Us on

Home ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း မီးလောင်

ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း မီးလောင်

Share this post

မန္တလေး၊ ဇန်နဝါရီ ၁၀ (People Media)

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း မြဝတီမင်းကြီးလမ်းနဲ့ ၁၁၅ လမ်းကြားရှိ ပြည်ကြီးတံခွန် မြို့မ ရဲစခန်းတွင် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်  ၅ နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပါတယ်။

 

လောင်းကျွမ်းမှုဖြစ်ပေါ်ခဲ့သည့်နေရာသည် မြို့မရဲစခန်းရှိ နယ်ထိန်းခေါင်းဆောင်ရုံးခန်းရှိ Computer System ပုံးမှ စတင် ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ သိရပါတယ်။

 

“မီးလောင်တာလည်း ဟုတ်ပါတယ်။ ခဏပဲ လောင်လိုက်တာပါ အရမ်းကြီးကြီးမားမား ပျက်စီးတာကတော့ မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် တန်ဖိုးငွေကျပ် ၄ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စက်ရွက်စာတမ်းတချို့ပါ မီးလောင်ပျက်စီးခဲ့ကြောင်း တာဝန်ကျအရာရှိတစ်ဦးကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေး ယူထားတယ်လို့ သိရပါတယ်။

 

Photo – ပုံဟောင်း အသုံးပြုထားခြင်းဖြစ်သည်။

 

#PeopleMedia #ပြည်ကြီးတံခွန်မြို့နယ် #မြို့မရဲစခန်း #မီးလောင်မှု

 

(unicode)


……………………………………

 

မန်တလေး၊ ဇနျနဝါရီ ၁၀ (People Media)

 


 


 


 


 


 



Share this post