• Follow Us on

Home ထိုင်းနိုင်ငံသို့ အထောက်အထားမရှိသူ အလုပ်သမားများအား တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် သက် သေခံလက်မှတ်(CI) သက်တမ်းတိုးစခန်း (၅) ခုတွင် ဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံသို့ အထောက်အထားမရှိသူ အလုပ်သမားများအား တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် သက် သေခံလက်မှတ်(CI) သက်တမ်းတိုးစခန်း (၅) ခုတွင် ဆောင်ရွက်ပေးမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၁ (People Media)

 

ထိုင်းနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေသည့် အလုပ်သမားများအနက် အထောက်အထားမရှိသူ အလုပ်သမားများ အား တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် သက်သေခံလက်မှတ် (Certificate of Identity – CI) သက် တမ်းတိုးစခန်း ၅ ခုကို ဇန်နဝါရီလ ၁၀-၁-၂၀၂၂ ရက်နေ့မှ ၂၇-၇-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ ယနေ့ ကြေညာထားသည်။

 

ထိုင်းနိုင်ငံရှိ စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်းခရိုင်တို့တွင် ဖွင့်လှစ်မည့် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် CI သက်တမ်းတိုးစခန်းများတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေ ညာထားသည်။

 

CI သက်တမ်းတိုးထုတ်ပေးရေးစခန်းများတွင် အလုပ်သမားများအလွယ်တကူလျှောက်ထား ဆောင်ရွက်နိုင် ရန်နှင့် သတ်မှတ်နှုန်းထားထက်ပိုမိုကုန်ကျမှုမရှိစေရန် CI သက်တမ်းတိုးလျှောက်ထားသည့် အလုပ်သမား များအနေဖြင့် ပွဲစားများဖြင့်ဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ကြေညာထားသည်။

 

Photo – Credit

 

#PeopleMedia #ထိုင်း_မြန်မာ

 

(unicode)


……………………………………………………….

 


 


 


 


 

Photo – Credit

 



Share this post