• Follow Us on

Home ကျောင်းကုန်းမြို့၌ လျှပ်စစ်ပစ္စည်းဆိုင်အတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းခဲ့သည့် အမျိုးသားနှစ်ဦးကို ရပ်ကွက်က ဝိုင်းဖမ်းပြီး ရဲလက်အပ်ခဲ့

ကျောင်းကုန်းမြို့၌ လျှပ်စစ်ပစ္စည်းဆိုင်အတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းခဲ့သည့် အမျိုးသားနှစ်ဦးကို ရပ်ကွက်က ဝိုင်းဖမ်းပြီး ရဲလက်အပ်ခဲ့

Share this post

ဧရာဝတီ၊ ဇန်နဝါရီ ၁၁ (People Media)

 

ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ လျှပ်စစ်ပစ္စည်းဆိုင်အတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည့် အမျိုးသားနှစ်ဦးကို ရပ်ကွက်ရှိ ပြည်သူများက ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ကြောင်း ဒေသခံများက ပြောဆို သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့၊ ညပိုင်းက ကျောင်းကုန်းမြို့ အမှတ် (၄) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်ကားလမ်း ဘေးရှိ ဒို့အမျိုးသား လျှပ်စစ်ပစ္စည်းဆိုင်နှင့် မီနီစတိုးအား အမျိုးသား (၂) ဦးမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည်။

 

အဆိုပါ အမျိုးသားနှစ်ဦးကို ရပ်ကွက်က ဝိုင်းဖမ်းပြီး ရဲလက်သို့ အပ်လိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဒို့အမျိုးသား လျှပ်စစ်ပစ္စည်းဆိုင်နှင့် မီနီစတိုးဆိုင်အတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်သွင်းခံရမှုကြောင့် ပေါက်ကွဲမှု ဖြစ်ပေါ်ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်။

 

“ပစ်ပြီးတော့ ထွက်ပြေးတာ အကုန်လိုက် လိုက်ဖမ်းတော့ သိပ်မကြာဘူးမိလိုက်တယ်။“ လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ဖမ်းဆီးခံရသည့် အမျိုးသားနှစ်ဦးနှင့်အတူ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည်အချို့နှင့်အတူ လက်လုပ်ဗုံးများ တွေ့ရှိခဲ့သည်။

 

#PeopleMedia #ကျောင်းကုန်း #CDM ကျောင်းဆရာ

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post