• Follow Us on

Home ယူကရိန်းအရေးနှင့်ပတ်သက်၍ လက်နက်ကိုင်ပဋိပက္ခအသစ်အတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း နေတိုး အကြီးအကဲပြော

ယူကရိန်းအရေးနှင့်ပတ်သက်၍ လက်နက်ကိုင်ပဋိပက္ခအသစ်အတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း နေတိုး အကြီးအကဲပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁ (People Media)

 

ဆွေးနွေးညှိနှိုင်းမှုများ ပျက်ပြားသွားပါက ဥရောပတွင် နောက်ထပ်ဖြစ်လာနိုင်သည့် လက်နက်ကိုင်ပဋိပက္ခ အ တွက် အမေရိကန်ဦးဆောင်သောစစ်ရေးစာချုပ်အရ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များအသင့်ရှိနေကြောင်း နေ တိုးအဖွဲ့အတွင်းရေးမှူး ဂျန်းဆော့လ်တန်းဘာ့ဂျ်က ပြောကြားလိုက်ပြီး ရုရှားနိုင်ငံက ယူကရိန်းကို ထပ်မံကျူး ကျော်တိုက်ခိုက်လာပါက တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

 

ဘဝင်မကျစရာဆွေးနွေးပွဲများက သံတမန်နည်းလမ်းများဖြင့်ဖြေရှင်းနိုင်မည့် နည်းလမ်းကို ချမှတ်ရေးဆွဲနိုင်ရန် မျှော်လင့်ကြောင်း ဆော့လ်တန်းဘာ့ဂျ်က ပြောသည်။

 

“အတူတကွလမ်းကြောင်းရှာဖွေဖို့၊ နိုင်ငံရေးနည်းလမ်းနဲ့ ရှေ့ဆက်သွားကြဖို့နဲ့ ရုရှားနိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ဆိုတာတွေက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခဖြစ်ပွားနိုင်တဲ့အန္တရာယ်ကလည်း ဆက်ရှိ နေတုန်းပါပဲ။ နေတိုးအဖွဲ့ရဲ့ အဟန့်အတား (စစ်ရေးအင်အား) ဆိုတာ ယုံကြည်အားကိုးလောက်စရာဖြစ်ပြီး အ လွန်အင်အားတောင့်တင်းတဲ့ စစ်အင်အားပါ။ ကျွန်တော်တို့ အကောင်းဆုံးကို မျှော်လင့်ပြီး ကြိုးပမ်းဆောင်ရွက် နေသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

 

အမေရိကန်/ နေတိုးအဖွဲ့အနေဖြင့် ငြိမ်းချမ်းသည့်နိုင်ငံရေးလမ်းကြောင်းအတွက် ကြိုးပမ်းဆောင်ရွက်နေပြီး ငြိမ်း ချမ်းစွာဖြေရှင်းနိုင်ရေးအတွက် လမ်းကြောင်းကြိုးစားရှာဖွေရန် ရုရှားနိုင်ငံနှှင့်အတူလက်တွဲ၍ ဆက်လက်အလုပ် လုပ်သွားရန် အသင့်ရှိနေကြောင်း ယူကရိန်းဒုတိယဝန်ကြီးချုပ်နှင့် မတွေ့ဆုံမီ ၎င်းကပြောသည်။

 

“တပြိုင်တည်းမှာပဲ ရုရှားနိုင်ငံက ပူးပေါင်းဆောင်ရွက်မှုကို ရွေးချယ်မယ့်အစား စစ်အင်အားကိုအသုံးပြုပြီး ထိပ် တိုက်ရင်ဆိုင်ဖို့ ရွေးချယ်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ဘက်ကလည်း အသင့်ဖြစ်နေဖို့လိုအပ်ပါတယ်။” ဟု ၎င်း ကပြောသည်။

 

အမေရိကန်-ရုရှား အဆင့်မြင့်အရာရှိများ အကျပ်အတည်းကိစ္စများနှင့်ပတ်သက်၍  ဂျီနီဗာမြို့တွင် အဆင့်မြင့်အ စည်းအဝေးကျင်းပနေစဉ်အတွင်း ဆော့လ်တန်းဘာ့ဂျ်က ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် ဘရပ်ဆဲလ်မြို့၌ ရုရှားနိုင်ငံနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ မှ ကိုယ်စားလှယ်များ ဘေးပန်းအစည်းအဝေး အဖြစ် ဆွေးနွေးကြမည်ဖြစ်သည်။

 

“တကယ်လို့ ရုရှားနိုင်ငံက ယူကရိန်းကို ထပ်မံကျူးကျော်တိုက်ခိုက်လာမယ်ဆိုလို့ရှိရင် စီးပွားရေးအရပေးဆပ်မှု ရော၊ နိုင်ငံရေးအရပေးဆပ်မှုရော တန်ဖိုးကြီးကြီးမားမားပေးဆပ်ရလိမ့်မယ်။ အဲဒီလိုဆောင်ရွက်ဖို့အတွက် ကျွန် တော်တို့တွေ တစ်စုတစ်စည်းတည်းရှိနေတယ်ဆိုတာ ရုရှားကို ရှင်းရှင်းလင်းလင်းသိအောင် အသိပေးဖို့ လိုအပ် ပါတယ်။” ဟု ဆော့လ်တန်းဘာ့ဂျ်ကပြောသည်။

 

ယူကရိန်းနိုင်ငံ မိမိကိုယ်မိမိ ကာကွယ်နိုင်ရေးအတွက် မဟာမိတ်နိုင်ငံများက အကူအညီအထောက်အပံ့များပေး အပ်လျက်ရှိကြောင်း ၎င်းကထောက်ပြပြောဆိုခဲ့သည်။

 

ယခုသီတင်းပတ်အတွင်း ဆွေးနွေးပွဲများအတွင်း ပြဿနာအားလုံးကို ပြေလည်အောင်ဖြေရှင်းနိုင်မည်ဟု မျှော် လင့်မထားကြောင်း၊ သို့သော် နိုင်ငံရေးအရဖြေရှင်းနိုင်မည့် လမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိစေလိုကြောင်း ဆော့လ်တန်းဘာ့ဂျ်ကပြောသည်။

 

“ကျွန်တော်တို့က နိုင်ငံရေးအရ ရှေ့ဆက်သွားနိုင်မယ့် နည်းလမ်းတစ်ခုခု ရရှိဖို့ ရည်ရွယ်ထားပါတယ်။ ရှေ့ကို ဆက်သွားနိုင်မယ့်လမ်းကြောင်း ဆက်လက်ပြုလုပ်နိုင်မယ့် ဆွေးနွေးပွဲတွေအတွက် သဘောတူညီချက်တွေရရှိ ဖို့ ရည်ရွယ်မျှော်လင့်ထားပါတယ်။” ဟု ၎င်းကပြောသည်။

 

အမေရိကန်နှင့် နေတိုးမဟာမိတ်အဖွဲ့အနေဖြင့် ယူကရိန်းအား နေတိုးအဖွဲ့ဝင်အသစ်အဖြစ်လက်ခံခြင်းမပြုရန် နှင့် ရုရှားနှင့်နီးစပ်သော အနောက်နိုင်ငံတပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းသွားရန် တောင်းဆိုချက်များပါဝင်သော လုံခြုံရေးဆိုင်ရာမူကြမ်းဖြင့် အမေရိကန်နှင့် နေတိုးအဖွဲ့ထံမှ တောင်းဆိုခဲ့သည်။

 

အခြားနိုင်ငံများက ဆောင်ရွက်ရမည့်လမ်းကြောင်းကို ဆုံးဖြတ်ချက်ချရန်မှာ ရုရှားအစိုးရ၏အလုပ်မဟုတ် ကြောင်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကပြောသော်လည်း ၎င်းတို့အနေဖြင့် ရုရှားအစိုးရ၏ စိုးရိမ်ပူပန်မှု များကို နားထောင်ရန် ဆန္ဒရှိကြောင်း ပြောသည်။

 

Ref: NATO Chiefs Says Prepared for New Armed Conflict Over Ukraine

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: NATO Chiefs Says Prepared for New Armed Conflict Over Ukraine

 

#PeopleMedia


Share this post