• Follow Us on

Home ထွေ/အုပ် ရုံးစာအတုကို Facebook ၌ ဖြန့်ဝေသူအား စုံစမ်းဖော်ထုတ်ပြီး ဥပဒေနှင့်အရေးယူမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ဦးစီးဌာနထုတ်ပြန်

ထွေ/အုပ် ရုံးစာအတုကို Facebook ၌ ဖြန့်ဝေသူအား စုံစမ်းဖော်ထုတ်ပြီး ဥပဒေနှင့်အရေးယူမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ဦးစီးဌာနထုတ်ပြန်

Share this post

ရန်ကုန်၊ စက်တင်ဘာ-၁၃

ထွေ/အုပ် ရုံးစာအတုကို Facebook ၌ ဖြန့်ဝေသူအား စုံစမ်းဖော်ထုတ်ပြီး ဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ယနေ့ ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ရက်စွဲဖြင့် facebook လူမူကွန်ယက် စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည့် စာမှာ အတုဖြစ်ပြီး ယင်းစာအတုကို ပြုလုပ်သူ ၊စတင်ဖြန့်ေ ၀သူအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်သည် ဟူ၍ ဖော်ပြထားသည်။

လက်ရှိအချိန်၌ အဆိုပါ ရုံးစာအတုသည် Facebook စာမျက်နှာ၌ ပျံ့နှံ့လျှက်ရှိပြီး အမျိုး မျိုးသော ဝေဖန်မှုများလည်း ထွက်ပေါ်လျှက်ရှိသည်။


Share this post