• Follow Us on

Home မန္တလေးမြို့၌ ဖောက်ခွဲရေးပစ္စည်းများနှင့်ဖမ်းဆီးရမိသူများထဲတွင် AA လက်နက်ကိုင် အဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးတို့ ပါဝင်ကြောင်း မန္တလေးတိုင်းဝန်ကြီး ချုပ်ပြောကြား

မန္တလေးမြို့၌ ဖောက်ခွဲရေးပစ္စည်းများနှင့်ဖမ်းဆီးရမိသူများထဲတွင် AA လက်နက်ကိုင် အဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးတို့ ပါဝင်ကြောင်း မန္တလေးတိုင်းဝန်ကြီး ချုပ်ပြောကြား

Share this post

မန္တလေး၊ စက်တင်ဘာ ၁၃

ရိုက်ကူး – အောင်အောင်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်၊ လမ်း ၇၀ ဒဿနလမ်းရှိ အိမ် အမှတ်(က-၅/၇၇)သို့ စက်တင်ဘာလ ၁၀ ရက် နံနက် ၉ နာရီခန့်က ဝင်ရောက်ရှာဖွေရာ AA လက်နက်ကိုင် တပ်အဖွဲ့ဝင်အမျိုးသားနှစ်ဦးနှင့် ဆက်စပ်သူသုံးဦးတို့ကို ဖောက်ခွဲေ ရးပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

AA တပ်ကြပ်ကြီးတစ်ဦးပါတယ်။ AA တပ်သားတစ်ယောက်ပါတယ်။ ကျန်တာကတော့ ကူညီတဲ့ သူတွေပေါ့။ ဆက်စပ်တဲ့သူတွေပေါ့ အားလုံးပေါင်း ငါးယောက်ကိုတော့ ကျွန် တော်တို့ တရားစွဲဆိုထားတယ်။ စစ်ဆေးဆဲပေါ့။ “ဟု ဒေါက်တာဇော်မြင့်မောင်ကပြော သည်။

၎င်းဖမ်းဆီးရမိထားသူများနှင့်အတူ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+ GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟု ယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ကို ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်နေဆဲဖြစ်ပြီး လုံခြုံရေးကိုလည်း ပုံမှန်ထက် တိုးမြှင့်ဆောင်ရွက်နေသည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။


Share this post
https://www.facebook.com/1120229281493723/videos/417046192271782/