• Follow Us on

Home ဆောမြို့ရှိ ဌာနဆိုင်ရာရုံးများ မီးရှို့ဖျက်ဆီးခံရ

ဆောမြို့ရှိ ဌာနဆိုင်ရာရုံးများ မီးရှို့ဖျက်ဆီးခံရ

Share this post

မကွေး၊ ဖေဖော်ဝါရီ ၄ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ရှိ ဌာနဆိုင်ရာ အဆောက်အဦးများသည် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဆောက်အဦးအများစုသည် မီးလောင်ပျက်ဆီးသွားခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းက ဆောမြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာရုံးများကို ဒေသခံ PDF အဖွဲ့များက တစ် ပြိုင်နက် မီးရှို့မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“အစိုးရရုံးတွေက ကပ်လျက်တည်ရှိတာ။ အကုန်လောင်ကုန်တယ်။ တော်တော်များများ အဆောက်အဦးတွေ မီးလောင်ပျက်စီးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ထိုကဲ့သို့ အစိုးရရုံးများ မီးရှို့ခံရမှုကြောင့် အစိုးရရုံံးများနှင့် ကပ်လျက်တည်ရှိသည့် နိုင်ငံရေးပါတီရုံး၊ စား သောက်ဆိုင်အချို့လည်း မီးလောင်ပျက်စီးသွားပါတယ်။

 

#PeopleMedia #ဆောမြို့နယ် #ဌာနဆိုင်ရာအဆောက်အဦး

 

(unicode)


…………………………………..

 


 


 


 


 


 



Share this post