• Follow Us on

Home အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးသစ် ဒေါ်နယ်ထရမ့်ခန့်အပ်

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးသစ် ဒေါ်နယ်ထရမ့်ခန့်အပ်

Share this post

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျွန် ဘိုလ်တန်ရဲ့ နေရာမှာ ရောဘတ် အို ဘရိုင်ရင်ကို အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

ရောဘတ်ဟာ နိုင်ငံခြားရေးမူဝါဒပိုင်းမှာ အမေရိကန်အစိုးရအဖွဲ့တွေနဲ့သာမက လက်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာပါ ဓားစာခံညှိနှိုင်းမှုများကို ဦးဆောင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။

ရောဘတ်ဟာ ဒေါ်နယ်ထရမ့်အစိုးရရဲ့ လေးဦးမြောက် အမျိုးသားလုံခြုံရေးအကြံလည်းဖြစ်လာမှာဖြစ်ပြီး အမျိုးသားလုံခြုံရေးအကြံပေးတစ်ယောက်အနေနဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒပိုင်းကစလို့ လက်ရှိ အီရန်နဲ့ အခြေအနေတင်းမာနေမှုတွေအထိ တာဝန်အားလုံးကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ရောဘတ်နဲ့ လော့စ် အိန်ဂျလိမှာ စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ဆုံစကားပြောခဲ့ပြီး ရောဘတ်အနေနဲ့ အကောင်းဆုံးတာဝန်ထမ်းဆောင်နိုင်လိမ့်မယ်လို့ ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာရေးသားခဲ့ပါတယ်။

Ref; Reuters


Share this post