• Follow Us on

Home ပါကစ္စတန်တွင် ကလေးငယ်သုံးဦးအသတ်ခံရပြီးနောက် ဆန္ဒပြမှုများဖြစ်ပွား

ပါကစ္စတန်တွင် ကလေးငယ်သုံးဦးအသတ်ခံရပြီးနောက် ဆန္ဒပြမှုများဖြစ်ပွား

Share this post

ပါကစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ပန်ဂျက်ပြည်နယ်က ကာဆာမြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့က ကောင်လေးသုံးယောက်ရဲ့ အလောင်းကို ရှာတွေပြီးနောက် ဒေါသတကြီး ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။

၁၀ နှစ်အောက် ကလေးငယ်သုံးယောက်ထဲက တစ်ယောက်ဟာ မသေခင် အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ရဲက အတည်ပြုထားပြီး ကျန်တဲ့နှစ်ဦးရဲ့ စစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

ကာဆာမြို့မှာ လတ်တလောနှစ်တွေအတွင်း ကလေးငယ်များ ပြန်ပေးဆွဲခံရမှု၊အဓမ္မပြုကျင့်ခံရမှုနဲ့ အသတ်ခံရမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

ကလေးငယ်သုံးယောက်သေဆုံးကြောင်း အတည်ပြုပြီးနောက်မှာ ဒေသခံဆန္ဒပြသူတွေဟာ လမ်းတွေကို ပိတ်ဆို့ခဲ့ကြပြီး တာယာတွေကို မီးရှို့ခဲ့ကြပါတယ်။ ဒါ့အပြင် မြို့ခံရဲစခန်းကိုလည်း ဆန္ဒပြသူတွေဟာ ခဲတွေနဲ့ ၀ိုင်းထုခဲ့ကြပါတယ်။

Ref;CNA


Share this post