• Follow Us on

Home ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် သင်္ဘောတစ်စီးပေါ်မှ ကျပ်သိန်း ၂ သောင်းခွဲခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ၊ သို့သော် သင်္ဘောပေါ်၌ လိုက်ပါလာသူများသည် မြစ်ထဲခုန်ချထွက်ပြေး ၍ ဖမ်းဆီးနိုင်ခြင်းမရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် သင်္ဘောတစ်စီးပေါ်မှ ကျပ်သိန်း ၂ သောင်းခွဲခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ၊ သို့သော် သင်္ဘောပေါ်၌ လိုက်ပါလာသူများသည် မြစ်ထဲခုန်ချထွက်ပြေး ၍ ဖမ်းဆီးနိုင်ခြင်းမရှိ

Share this post

စစ်တွေ၊ ဇွန် ၂၇

 

ဇွန်လ ၂၅ ရက်၊ ည ၁၁ နာရီအချိန်ခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော သင်္ဘောတစ်စီးကို မြေပုံမြို့နယ်၊ ကျွန်းသာယာ၏ အနောက် တောင်ဘက်၌ ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်မှာ လုံခြုံရေးအဖွဲ့များသည် ဇွန် ၂၅ ရက် ည ၁၁ နာရီချိန်ခန့်တွင် မြေပုံမြို့နယ် ပူးပေါင်းအဖွဲ့မှ စစ်ဆေး ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မြေပုံမြို့နယ်၊ ကျွန်းသာယာ၏ အနောက်တောင်ဘက် ၉ မိုင်ခန့်အကွာ၌ မ သင်္ကာဖွယ်စက်လှေ ၁ စီးအား ခေါ်ယူစစ်ဆေးရာ လှေပေါ်ပါသူများသည် ရေထဲသို့ခုန်ချထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

 

ထို့နောက် လှေအားစစ်ဆေးရာ လှေအမည်အား သစ်သားတွင် ထာဝရဓနပွားအောင်ဟုရေးထွင်းထားပြီး ဆေး သုတ်ဖျက်ဆီးထားကြောင်း၊ Cummins engine ၆ လုံးထိုး(ဂီယာဘောက်စ် နှင့်တွဲလျက်) စက်မကြီး ၁ လုံး၊ ခွမ်းအင်ဂျင်အဖြစ် ၆ လုံးထိုး ၁ လုံး၊ မီးစက် ၁ လုံး တို့ပါရှိပြီး ရေခဲအကန့် ၉ ကန့်ပါရှိကာ နောက်ဆုံးအကန့်တွင် ငါးဖမ်းပိုက်များဖြင့် ဖုံးအုပ်ထားသော တရုတ်စာများနှင့် DA GUAN YIN စာတန်းပါ လက်ဖက်ခြောက်အိတ်ခွံ ဖြင့် ထုပ်ပိုးထားသော ICE ဟုယူဆရသည့် ၁ ထုပ်လျှင် အလေးချိန် 1 kg ရှိ ၁၀၀၀ ထုပ် (ကာလတန်ဖိုး ၂၅,၀၀၀,၀၀၀,၀၀၀ ကျပ် ခန့်)အား ရှာဖွေတွေ့ရှိခဲ့သည်။

 

သင်္ဘောပေါ်ရှိ မူးယစ်ဆေးဝါးများကို စစ်တွေမြို့၊ ပေါက်တောမြို့အပါအဝင် ဖရုံကာကျွန်းအရှေ့ဘက်ရှိ ကျေး ရွာများမှ တင်ဆောင်၍ မလေးရှားနိုင်ငံသို့ သွားရောက်ရောင်းချရန် ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်နိုင် ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia #ရခိုင်ပြည်နယ်အစိုးရအဖွဲ့ #မူးယစ်ဆေးဝါး

 

(unicode)


…………………………………

 


 


 


 


 


 



Share this post