• Follow Us on

Home IS ေခါင္းေဆာင္ႏွိမ္နင္းေရးတြင္ အသုံးျပဳခဲ့ေသာ ေခြးကို အိမ္ျဖဴေတာ္ ဖိတ္ၾကား

IS ေခါင္းေဆာင္ႏွိမ္နင္းေရးတြင္ အသုံးျပဳခဲ့ေသာ ေခြးကို အိမ္ျဖဴေတာ္ ဖိတ္ၾကား

Share this post

IS အၾကမ္းဖက္ေခါင္းေဆာင္ ဘက္ဒါဒီကို ႏွိမ္နင္းခဲ့တဲ့ စစ္ဆင္ေရးမွာ အေမရိကန္အထူးတပ္ဖြဲ႕၀င္ေတြအသုံးျပဳခဲ့တဲ့ ေခြးကို အိမ္ျဖဴေတာ္ကို ဖိတ္ၾကားမယ့္အေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ ၾကာသပေတးေန႕က သူ႕ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ထရမ့္ရဲ႕ တြစ္တာစာမ်က္ႏွာမွာ အဆိုပါေခြးရဲ႕ ဓာတ္ပုံကို ဖိုတိုေရွာ့နဲ႕ ျပဳလုပ္ၿပီး ထရမ့္က ဂုဏ္ျပဳလည္ဆြဲ စြပ္ေပးေနတဲ့ပုံကိုလည္းတင္ခဲ့ပါတယ္။ ဒါ့အျပင္ တစ္ကယ့္အစစ္ ကိုနန္ ကေတာ့ အေရွ႕အလယ္ပိုင္းကေန အိမ္ျဖဴေတာ္ကို ေနာက္တစ္ပတ္မွာ ေရာက္ရွိမယ္လို႔လည္း ထရမ့္က ေရးသားခဲ့ပါတယ္။

အေမရိကန္နိုင္ငံက စစ္ဘက္ဆိုင္ရာအသုံးျပဳတဲ့ေခြးေတြရဲ႕ နာမည္ကို တရား၀င္ေဖာ္ျပတာ ပထမဦးဆုံးအႀကိမ္လည္းျဖစ္ပါတယ္။ စစ္ဘက္ဆိုင္ရာအရာရွိအမ်ားစုကေတာ့ လုံၿခဳံေရးအေျခအေနေၾကာင့္ ေခြးရဲ႕နာမည္ကို အခုရက္ပိုင္းအတြင္း ထုတ္ေဖာ္ျပဆိုျခင္းမရွိခဲ့ပါဘူး။ ေခြးကေလး ကိုနန္ ဟာ ဘယ္ဂ်ီယံနိုင္ငံေပါက္ မာလိႏြေခြးအမ်ိဳးအစားျဖစ္ပါတယ္။

Ref;ABC NEWS

#PeopleMedia

[Unicode]
IS ခေါင်းဆောင်နှိမ်နင်းရေးတွင် အသုံးပြုခဲ့သော ခွေးကို အိမ်ဖြူတော် ဖိတ်ကြား
…………………………………………………………………………………….

IS အကြမ်းဖက်ခေါင်းဆောင် ဘက်ဒါဒီကို နှိမ်နင်းခဲ့တဲ့ စစ်ဆင်ရေးမှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေအသုံးပြုခဲ့တဲ့ ခွေးကို အိမ်ဖြူတော်ကို ဖိတ်ကြားမယ့်အကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ထရမ့်ရဲ့ တွစ်တာစာမျက်နှာမှာ အဆိုပါခွေးရဲ့ ဓာတ်ပုံကို ဖိုတိုရှော့နဲ့ ပြုလုပ်ပြီး ထရမ့်က ဂုဏ်ပြုလည်ဆွဲ စွပ်ပေးနေတဲ့ပုံကိုလည်းတင်ခဲ့ပါတယ်။ ဒါ့အပြင် တစ်ကယ့်အစစ် ကိုနန် ကတော့ အရှေ့အလယ်ပိုင်းကနေ အိမ်ဖြူတော်ကို နောက်တစ်ပတ်မှာ ရောက်ရှိမယ်လို့လည်း ထရမ့်က ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက စစ်ဘက်ဆိုင်ရာအသုံးပြုတဲ့ခွေးတွေရဲ့ နာမည်ကို တရားဝင်ဖော်ပြတာ ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာအရာရှိအများစုကတော့ လုံခြုံရေးအခြေအနေကြောင့် ခွေးရဲ့နာမည်ကို အခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြဆိုခြင်းမရှိခဲ့ပါဘူး။ ခွေးကလေး ကိုနန် ဟာ ဘယ်ဂျီယံနိုင်ငံပေါက် မာလိနွခွေးအမျိုးအစားဖြစ်ပါတယ်။

Ref;ABC NEWS

#PeopleMedia


Share this post