• Follow Us on

Home ဗြိတိန်နိုင်ငံသားတစ်ဦးကို ပြန်ပေးဆွဲမှုဖြင့် အင်ဒိုနီးရှားရဲအရာရှိ ၄ ဦး ဖမ်းဆီးခံရ


Share this post

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ ဗြိတိန်နိုင်ငံသားတစ်ဦးကို ပြန်ပေးဆွဲ ငွေညှစ်ခဲ့တဲ့ ရဲအရာရှိ ၄ ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။



Ref; AFP


(unicode)
ဗြိတိန်နိုင်ငံသားတစ်ဦးကို ပြန်ပေးဆွဲမှုဖြင့် အင်ဒိုနီးရှားရဲအရာရှိ ၄ ဦး ဖမ်းဆီးခံရ
………………………………………………………………………….

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ ဗြိတိန်နိိုင်ငံသားတစ်ဦးကို ပြန်ပေးဆွဲ ငွေညှစ်ခဲ့တဲ့ ရဲအရာရှိ ၄ ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။

အဆိုပါရဲအရာရှိ ၄ ဦးဟာ ပြီးခဲ့တဲ့သီတင်းပတ်က နိုင်ငံခြားသားကို လမ်းမှာစစ်ဆေးပြီး စခန်းကို ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဟိုတယ်တစ်လုံးကို ရွှေ့ပြောင် းထားရှိပြီး ပြန်လွှတ်ပေးဖို့အတွက် ငွေညှစ်ခဲ့တာလို့သိရပါတယ်။ နိုင်ငံခြားသားဖြစ်သူဟာ ပြန်လွှတ်ပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၉ သိန်းပေးခဲ့ရပါတယ်။

အခုဖြစ်ရပ်ကို သိရှိကြောင်း ဗြိတိန်သံရုံးက အတည်ပြုထားပြီး စုံစမ်းစစ်ဆေးမှုတွေကို ဒေသခံရဲတပ်ဖွဲ့ကသာ ဆောင်ရွက်နေတယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။ ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ပြန်ပေးဆွဲခံရတဲ့ ဗြိတိန်နိုင်ငံသားဟာ အောက်တိုဘာ ၃၁ ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့တာလို့ ဖော်ပြပါတယ်။ သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာမှာ အမှုနဲ့ ဆက်နွယ်နေတဲ့ အရပ်သား ၂ ဦးလည်းပါဝင်ခဲ့တယ်လို့ ဂျာကာတာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

Ref; AFP

#PeopleMedia #International


Share this post