• Follow Us on

Home လိ္င္တူခ်ိန္းေတြ႕တဲ့ အက္ပလီေကး႐ွင္းသံုးေနတဲ့ အိႏၵိယေကာ္ပိုေရး႐ွင္းအမႈေဆာင္ေတြနဲ႔ အမႈေဆာင္အရာ႐ွိ ခ်ဳပ္ေတြ ေငြၫွစ္ခံေနရ

လိ္င္တူခ်ိန္းေတြ႕တဲ့ အက္ပလီေကး႐ွင္းသံုးေနတဲ့ အိႏၵိယေကာ္ပိုေရး႐ွင္းအမႈေဆာင္ေတြနဲ႔ အမႈေဆာင္အရာ႐ွိ ခ်ဳပ္ေတြ ေငြၫွစ္ခံေနရ

Share this post

နယူးေဒလီ၊ ေဖေဖာ္ဝါရီ – ၁၃

နယူးေဒလီၿမိဳ႕၊ အေျခစိုက္အိႏၵိယစီးပြားေရးလုပ္ငန္းေတြရဲ႕အမႈေဆာင္အနည္းဆံုး ၅၀ ေလာက္ကို လိင္တူခ်စ္ သူေတြ ခ်ိန္းေတြ႕ဖို႔သံုးၾကတဲ့ Grindr အက္ပလီေကးရွင္းမွာ႐ွိေနတဲ့ သူတို႔မိေမြးတိုင္းဖေမြးတိုင္းပံုေတြနဲ႔ ႐ွက္ စရာေကာင္းတဲ့ပံုေတြျပၿပီး ေငြၫွစ္မႈေတြ႐ွိေနပါတယ္။

ေဒလီ၊ ဂူ႐ူဂရမ္၊ ႏြိဳင္ဒါနဲ႔ ဂါဇီယာဘတ္တို႔က လူခ်မ္းသာတစ္ဦးခ်င္းစီကို ပစ္မွတ္ထားတဲ့ ေငြၫွစ္အဖြဲ႕က ေငြ သား၊ လက္ေတာ့နဲ႔ နာရီေတြကို အမႈေဆာင္အရာ႐ွိခ်ဳပ္ေတြအပါအ၀င္ လုပ္ငန္းႀကီးေတြရဲ႕ ထိပ္ပိုင္းအရာ႐ွိေတြ ဆီကေန ေငြၫွစ္ရယူေနၾကတာပါ။

လူမႈ၀န္းက်င္မွာ အရွက္ရမွာစိုးရိမ္ၾကတဲ့သားေကာင္ေတြက ျပစ္မႈက်ဴးလြန္သူေတြကို ဥပေဒအရရင္ဆိုင္ဖို႔ မျပင္ ဆင္ၾကသလို ရဲေတြကို ေျဖာင့္ခ်က္ေပးဖို႔ေတာင္ျငင္းဆိုေနၾကတယ္လို႔ ဂူ႐ူဂရမ္ရဲမွဴးႀကီး မူဟာမက္ အက္ကီ ကေျပာပါတယ္။

ျဖစ္ရပ္အမ်ားစုမွာ ခ်ိန္းေတြ႕ခ်င္ေယာင္ေဆာင္ၾကတဲ့ျပစ္မႈက်ဴးလြန္သူေတြက လူမ႐ွိတဲ့ေနရာေတြကို ေခၚသြား ၿပီး ႐ိုက္ႏွက္လုယူတဲ့အျပင္ ကိုယ္လံုးတီးပံုေတြလည္း ဓာတ္ပံု႐ိုက္ယူထားၿပီး ပါ၀င္ပတ္သက္သူေတြက အဲဒီပံု ေတြကို ေငြၫွစ္ဖို႔ သိမ္းေပးထားၾကတာပါ။

ေငြၫွစ္တဲ့အဖြဲ႕အေၾကာင္းပိုသိရဖို႔ Grindrနဲ႔ ဥပေဒစိုးမိုးေရးအရာ႐ွိေတြ ထိေတြ႕ဆက္ဆံေနၾကတယ္လို႔လည္း ရဲမွဴးႀကီးကေျပာပါတယ္။

Source – RT

Photo – RT, Reuters

#PeopleMedia #India #Grindr #LGBT #Blackmail

(Unicode)
လိ်င်တူချိန်းတွေ့တဲ့ အက်ပလီကေးရှင်းသုံးနေတဲ့ အိန္ဒိယကော်ပိုရေးရှင်းအမှုဆောင်တွေနဲ့ အမှုဆောင်အရာရှိ ချုပ်တွေ ငွေညှစ်ခံနေရ
…………………………………………………

နယူးဒေလီ၊ ဖေဖော်ဝါရီ – ၁၃

နယူးဒေလီမြို့၊ အခြေစိုက်အိန္ဒိယစီးပွားရေးလုပ်ငန်းတွေရဲ့အမှုဆောင်အနည်းဆုံး ၅၀ လောက်ကို လိင်တူချစ် သူတွေ ချိန်းတွေ့ဖို့သုံးကြတဲ့ Grindr အက်ပလီကေးရှင်းမှာရှိနေတဲ့ သူတို့မိမွေးတိုင်းဖမွေးတိုင်းပုံတွေနဲ့ ရှက် စရာကောင်းတဲ့ပုံတွေပြပြီး ငွေညှစ်မှုတွေရှိနေပါတယ်။

ဒေလီ၊ ဂူရူဂရမ်၊ နွိုင်ဒါနဲ့ ဂါဇီယာဘတ်တို့က လူချမ်းသာတစ်ဦးချင်းစီကို ပစ်မှတ်ထားတဲ့ ငွေညှစ်အဖွဲ့က ငွေ သား၊ လက်တော့နဲ့ နာရီတွေကို အမှုဆောင်အရာရှိချုပ်တွေအပါအဝင် လုပ်ငန်းကြီးတွေရဲ့ ထိပ်ပိုင်းအရာရှိတွေ ဆီကနေ ငွေညှစ်ရယူနေကြတာပါ။

လူမှုဝန်းကျင်မှာ အရှက်ရမှာစိုးရိမ်ကြတဲ့သားကောင်တွေက ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရရင်ဆိုင်ဖို့ မပြင် ဆင်ကြသလို ရဲတွေကို ဖြောင့်ချက်ပေးဖို့တောင်ငြင်းဆိုနေကြတယ်လို့ ဂူရူဂရမ်ရဲမှူးကြီး မူဟာမက် အက်ကီ ကပြောပါတယ်။

ဖြစ်ရပ်အများစုမှာ ချိန်းတွေ့ချင်ယောင်ဆောင်ကြတဲ့ပြစ်မှုကျူးလွန်သူတွေက လူမရှိတဲ့နေရာတွေကို ခေါ်သွား ပြီး ရိုက်နှက်လုယူတဲ့အပြင် ကိုယ်လုံးတီးပုံတွေလည်း ဓာတ်ပုံရိုက်ယူထားပြီး ပါဝင်ပတ်သက်သူတွေက အဲဒီပုံ တွေကို ငွေညှစ်ဖို့ သိမ်းပေးထားကြတာပါ။

ငွေညှစ်တဲ့အဖွဲ့အကြောင်းပိုသိရဖို့ Grindrနဲ့ ဥပဒေစိုးမိုးရေးအရာရှိတွေ ထိတွေ့ဆက်ဆံနေကြတယ်လို့လည်း ရဲမှူးကြီးကပြောပါတယ်။

Source – RT

Photo – RT, Reuters

#PeopleMedia #India #Grindr #LGBT #Blackmail


Share this post