ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မော်လမြိုင်မြို့များ၌ ဆရာတော် ဦးဝီရသူ ဦးဆောင်ကာ ရဟန်းရှင်လူထု စုပေါင်း၍ ကန့်ကွက် ဆန္ဒပြပွဲ ကျင်းပမည်
PUBLISHED - November 27, 2026
နေပြည်တော်၊ နိုဝင်ဘာ ၂၇
ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မော်လမြိုင်မြို့များ၌ ဆရာတော် ဦးဝီရသူ ဦးဆောင်ကာ ရဟန်းရှင်လူထု စုပေါင်း၍ ကန့်ကွက် ဆန္ဒပြပွဲ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် နိုဝင်ဘာလ (၂၉)ရက်နေ့မှာတော့ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားမှာ ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် မှန်ကန်မှုမရှိသော စီရင်ချက်များ ချမှတ်ခဲ့မှုအပေါ် ကန့်ကွက်ရှုတ်ချပွဲကို ဆရာတော် ဦးဝီရသူ ဦးဆောင်ကာ ရဟန်းရှင်လူထု စုပေါင်းပြီး ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
ယင်းနောက် ဒီဇင်ဘာလ (၄)ရက်နေ့မှာတော့ ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် မှန်ကန်မှုမရှိသော စီရင်ချက်များ ချမှတ်ခဲ့မှုအပေါ် ကန့်ကွက်ရှုတ်ချပွဲကို မန္တလေးမြို့ရှိ (၁၄)လမ်းနှင့် (၆၆)လမ်းထောင့်မှာ နံနက် (၇)နာရီကနေ မွန်းတည့် (၁၂)နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ (၅)ရက်နေ့မှာတော့ နေပြည်တော်ကောင်စီနယ်မြေရှိ ဥပါတသန္တိဘုရားကြီးအနီး တပေါင်းကွင်းအရှေ့မှာ ICJ တရားရုံး၏ ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာ တုန့်ပြန်ကန့်ကွက်ကြောင်း ပြသရန် ဆန္ဒဖော်ထုတ် ကန့်ကွက်ရှုတ်ချပွဲကို ရဟန်းရှင်လူထုများ ပူးပေါင်းကာ နေ့ခင်း (၂)နာရီကနေ (၄)နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
၎င်းနောက် ဒီဇင်ဘာလ (၉)ရက်နေ့မှာတော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နံနက် (၇)နာရီအချိန်မှာ မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ်မှ စတင်တန်းစီ ချီတက်မှာဖြစ်ကာ နံနက် (၈)နာရီမှာတော့ ကမ်းနားလမ်း View Point မှာ အခမ်းအနား ကျင်းပမယ်လို့ သိရပါတယ်။
#PeopleMedia