• Follow Us on

Home AA က ထူးချွန်တပ်သားများ တရုတ်စစ်တက္ကသိုလ်တွေ စစ်ပညာဆက်လက်သင်ကြားဟုဆို


Share this post





(unicode)
AA က ထူးချွန်တပ်သားများ တရုတ်စစ်တက္ကသိုလ်တွေ စစ်ပညာဆက်လက်သင်ကြားဟုဆို
………………………………………………………

ရခိုင်တပ်တော် AA ဟာ ကချင်ပြည်နယ်လိုင်ဇာမှာ တပ်သားတစ်သောင်းကျော် စုဆောင်းသင်တန်း ပေးနေပြီး ထူးချွန်တပ်သားတွေကို အဆင့်မြှင့် စစ်ပညာသင်ကြားဖို့အတွက် တရုတ်စစ်တက္ကသိုလ် တွေကို စေလွှတ်တယ်လို့ ရခိုင်သတင်းဝက်ဆိုက် Arakan News က ဖော်ပြခဲ့ပါတယ်။

အခုဖော်ပြချက်ဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အမည်မသိသူတစ်ဦးရေးသားချက်ကို ရခိုင် သတင်းအချက်အလက်စင်တာက ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

What Elements Make Rakhine People into Armed Struggle ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ဆောင်းပါးမှာ တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က စီမံကိန်းတွေနဲ့ ဒေသတွင်းရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဒေသခံတွေရဲ့ ထောက်ခံမှုရရှိဖို့ လိုအပ်တာကြောင့် ရခိုင်ပြည်သူတွေက ထောက်ခံအားပေးတဲ့ AA ကို မထောက်ပံဘဲ မနေနိုင်ဘူးလို့လည်း ရေးသားထားပါတယ်။

Ref; https://www.arakan.news/


Share this post