• Follow Us on
Home COVID-19 ရောဂါပိုးသည်ရောဂါလက္ခဏာမပြဘဲ ကူးစက်နေ သူများရှိနေသည်မှာ သေချာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောကြား
Share this post
ရန်ကုန်၊ သြဂုတ် – ၂၂
သြဂုတ်လ ၂၂ ရက်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေး၏ ပြောကြားချက်ကို ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် COVID- 19 ဓါတ်ခွဲအတည်ပြုလူနာ သြဂုတ်လ၂၂ရက်မနက်ပိုင်းအထိ ၄၃၅ဦး ၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ၃၃၇ဦး၊သေဆုံးသူ၆ဦးရှိပြီဖြစ်သည်။
(unicode)
COVID-19 ရောဂါပိုးသည်ရောဂါလက္ခဏာမပြဘဲ ကူးစက်နေ သူများရှိနေသည်မှာ သေချာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောကြား
…………………………………………………
ရန်ကုန်၊ ဩဂုတ် – ၂၂
COVID-19 ရောဂါပိုးသည် ပြည်သူများကြား၌ ရောဂါလက္ခဏာမပြဘဲ ကူးစက်နေသူများရှိ ေနသည်မှာ သေချာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောကြားလိုက်သည်။
ဩဂုတ်လ ၂၂ ရက်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဖေ့စ်ဘုတ်တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေး၏ ပြောကြားချက်ကို ဖော်ပြထားသည်။
“ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုဟာ အထူးမြန်ဆန်လျက်ရှိပြီး ဩဂုတ်လ ၁၆ ရက်မှ ၂၁ ရက်အထိ ၅ ရက်တာ ကာလအတွင်းမှာ ဓါတ်ခွဲအတည်ပြုလူနာသစ် ၄၅ ဦးတွေ့ရှိခဲ့ရပါတယ်။ ပြည်သူများအကြားမှာ ရောဂါလက္ခဏမပြသဘဲ ကူးစက်နေသူများလည်းရှိနေမှာ သေချာပါတယ်။ ယခုစစ်တွေမြို့မှာ ကူးစက်ဖြစ်ပွားနေတဲ့ဗိုင်းရပ်စ်ပိုးဟာ မျိုးရိုးဗီဇပြောင်းလဲနေတဲ့ အမျိုးအစားဖြစ် နိုင်တာကြောင့် ဆေးသုတေသန ဦးစီးဌာနမှာ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမှာဖြစ်ပါ တယ်’’ဟု ပြည်ထောင်စုဝန်ကြီး ကပြောကြားထားသည်။
မြန်မာနိုင်ငံတွင် COVID- 19 ဓါတ်ခွဲအတည်ပြုလူနာ ဩဂုတ်လ၂၂ရက်မနက်ပိုင်းအထိ ၄၃၅ဦး ၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ၃၃၇ဦး၊သေဆုံးသူ၆ဦးရှိပြီဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် covid 19 လူနာများအား သွေးရည်ကြည်သွင်းကုသသည့်စနစ်ကိုလည်း ကုသရေးဦးစီးဌာနမှ အသုံးပြုနေကြောင်းသိရပြီး ပျောက်ကင်းလူနာ ၈ဦးရှိခဲ့သည်။
#PeopleMedia #COVID #စစ်တွေ #ရခိုင်ပြည်နယ်
Share this post