• Follow Us on

Home ဘင်္ဂါလီအကြပ်အတည်း ရေရှည်ဖြေရှင်းမှုများလိုအပ်ြေ ကာင်း ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီပြော


Share this post

ဒါကာ၊ သြဂုတ် ၂၂







#PeopleMedia

(unicode)
ဘင်္ဂါလီအကြပ်အတည်း ရေရှည်ဖြေရှင်းမှုများလိုအပ် ြေကာင်း ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီပြော
……………………………………………………

ဒါကာ၊ ဩဂုတ် ၂၂

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ လုံခြုံဘေးကင်းစွာနေရပ်ပြန်နိုင်မှုသည် အသိုက်အဝန်းတစ်ခု လုံးပါဝင်ပတ်သက်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR က သောကြာနေ့တွင် ပြောသည်။

မြန်မာအစိုးရနှင့်ဘင်္ဂါလီဒုက္ခသည်များကြား ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်နေပြီး အရှိန်မြင့်နေချိန်နှင့် ယုံကြည်မှုရှိစေရန်အစီအမံများအပေါ် အသားပေးပြီး ပြောခြင်းဖြစ်သည်။

ထိုအသားပေးပြောဆိုမှုတွင် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ ပြည်တွင်းထွက်ပြေးကြသည့်ဘင်္ဂါလီဒု က္ခသည်များ နေရပ်ရွာသို့ပြန်နိုင်ရေးပြန်လည်အတည်ပြုရန်နှင့် နိုင်ငံသားဖြစ်ခွင့်ရရေး ရှင်းလင်းသင့် လမ်းကြောင်းပြရန်တို့ပါဝင်သည်။

နေရပ်စွန့်ခွာထွက်ပြေးခဲ့ပြီး နိုင်ငံမဲ့ဘင်္ဂါလီအသိုက်အဝန်းများအတွက် မြန်မာနိုင်ငံတွင်းနှင့်နိုင်ငံပြင်ပ မှထောက်ပံ့မှုနှင့်ဖြေရှင်းချက်အသစ်များအတွက်လည်း UNHCR က တောင်းဆိုခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်များ၏အတိဒုက္ခများအတွက်အဖြေသည် မြန်မာနိုင်ငံအပေါ်တွင်မှီခိုနေကြောင်း UNHCR ကပြောပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်ဦးဆောင်သည့် ရခိုင်ပြည်န ယ်ဆိုင်ရာအကြံပေးကော်မရှင်၏အကြံပြုချက်များကို အပြည့်အဝအကောင်အထည်ဖော်ရန်လည်းပြောသည်။

Ref : Rohingya crisis needs lasting solutions, says UNHCR

#PeopleMedia


Share this post