• Follow Us on

Home Facility Quarantine ဝင္ေနသူမ်ား၏ စားစရိတ္ ျပည္နယ္အစိုးရ ေထာက္ပံ့ေတာ့မည္မဟုတ္

Facility Quarantine ဝင္ေနသူမ်ား၏ စားစရိတ္ ျပည္နယ္အစိုးရ ေထာက္ပံ့ေတာ့မည္မဟုတ္

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၁၆

ကခ်င္ျပည္နယ္ အတြင္းက Facility Quarantine ဝင္ေနသူမ်ား၏ စားစရိတ္ကို ယေန႔ စက္တင္ဘာလ (၁၆) ရက္ေန႔မွ စတင္ကာ ျပည္နယ္အစိုးရက တာဝန္ယူ ေထာက္ပံ့ေတာ့မည္ မဟုတ္ေၾကာင္း ကခ်င္ ျပည္နယ္အစိုး အဖြဲ႕႐ုံးမွ သိရသည္။

လက္ရွိတြင္ ကခ်င္ျပည္နယ္အတြင္း အျခားတိုင္းႏွင့္ ျပည္နယ္နယ္မွ ဝင္ေရာက္လာမည္ ဆိုပါက Facility Quarantine (၁၄)ရက္ ဝင္ရမည္ျဖစ္ၿပီး ယခင္က Quarantine ဝင္ေနသူ တစ္ဦးလွ်င္ စားစရိတ္တစ္ေန႔ က်ပ္ (၃၀၀၀)ႏႈန္းျဖင့္ေထာက္ပံ့ေပးခဲ့ေသာ္လည္း လက္ရွိတြင္ အစိုးရအဖြဲ႕၏ ရံပုံေငြအရ ယင္းေထာက္ပံ့ျခင္း အစီအစဉ္ကို ယေန႔ စက္တင္ဘာလ (၁၆)ရက္ေန႔မွ စတင္ကာ ရပ္နားလိုက္ၿပီ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္အစိုးရအဖြဲ႕႐ုံးမွ ျပည္နယ္ဒုၫြန္ၾကားေရးမွဴး ဦးတင့္လႈိင္က ဆိုသည္။

“ဟုတ္တယ္ ကြာရန္တင္းဝင္ေနတဲ့သူေတြက ကိုယ့္အစီအစဉ္နဲ႔ ကိုယ္ဘဲ စားစရိတ္က၊ အဲ့ဒါကေတာ့ ရံပုံေငြ ေပါ႔ ရံပုံေငြက နည္းနည္းေလ်ာ့နည္း လာတာေပါ႔ အဲ့ေတာ့ေရရွည္လည္း ျဖစ္လာမယ္ဆိုေတာ့ တခ်ိဳ႕ဟာ ေတြကလည္း ေဆာင္ထားရမွာေပါ႔၊ ေရရွည္ဆိုေတာ့ အလွဴရွင္ေတြကလည္း နည္းလာတယ္ေလ။အဲ့ဒါ ေတြေၾကာင့္ပါ”ဟု ဦးတင့္လႈိင္ကေျပာသည္။

Quarantine ဝင္သူမ်ား၏ စားစရိတ္ ေထာက္ပံ့မႈကို ရပ္နားထားေသာ္လည္း ေရခ်ိဳးဆပ္ျပာ၊ သြားတိုက္ေဆး၊ သြားတိုက္တံ၊ေရခ်ိဳး တဘက္ စသည့္တစ္ကိုယ္ရည္ အသုံးအေဆာင္မ်ားကိုမႈ ဆက္လက္ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အစိုးရ အေနျဖင့္ စားစရိတ္ေထာက္ပံ့မႈ ရပ္နားထားေသာ္လည္း ကြာရန္တင္းစင္တာမ်ား အတြင္း အလွဴရွင္မ်ားအေနျဖင့္ အစားအေသာက္မ်ား လွဴဒါန္းမည္ဆိုပါက သက္ဆိုင္ရာတြင္ ဆက္သြယ္၍ သြားေရာက္ေထာက္ပံ့လွဴဒါန္းႏိုင္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းဝင္းက ထည့္သြင္း ေျပာဆိုခဲ့သည္။

“တကယ္လို႔ အလွဴရွင္ေတြ အေနနဲ႔လာလွဴခ်င္တယ္ဆိုရင္ သက္ဆိုင္ရာ ကြာရန္တင္း စင္တာမွာရွိတဲ့ တာဝန္ရွိသူေတြနဲ႔ ဆက္သြယ္ပါ။ လွဴလို႔ရတယ္ ကြၽန္ေတာ္တို႔လည္း လက္ခံေပးပါမယ္”ဟု ျမစ္ႀကီးနားၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းဝင္းကေျပာသည္။

Quarantine စင္တာမ်ားတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ေစတနာ႔ ဝန္ထမ္းမ်ားႏွင့္ လုံၿခဳံေရးတာဝန္ ယူေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားကိုမႈ ျပည္နယ္အစိုးရက ပုံမွန္အတိုင္းေထာက္ပံ့ေပးသြားမည္ ျဖစ္ေၾကာင္းကခ်င္ျပည္နယ္ အစိုးရအဖြဲ႕႐ုံးမွ သိရသည္။

လက္ရွိတြင္ ကခ်င္တစ္ျပည္နယ္လုံး၌ Home Quarantine ထားရွိသူေပါင္း (၅၁၇)ဦး၊ Facility Quarantine ထားရွိသူေပါင္း (၁၅၃၇) ရွိၿပီး ဓာတ္ခြဲနမူနာေပးပို႔ထားသူေပါင္း (၇၀၉၀)ဦး အထိရွိသည္။

ကခ်င္ျပည္နယ္ အတြင္း ကိုဗစ္ ပိုးေတြ႕ခဲ့သူ (၄)ဦး အထိရွိၿပီး လက္ရွိ အေျဖေစာင့္ဆိုင္းဆဲ (၆၀၇)ဦး အထိရွိေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ့က်န္းမာေရးဦးစီးဌာန၏ စက္တင္ဘာလ (၁၅)ရက္ေန႔ စာရင္းအရ သိရသည္။

လြမ္းေအာင္

#PeopleMedia #EPN #ျမစ္ႀကီးနား #COVID19

(unicode)
Facility Quarantine ဝင်နေသူများ၏ စားစရိတ် ပြည်နယ်အစိုးရ ထောက်ပံ့တော့မည်မဟုတ်
…………………………………………………

မြစ်ကြီးနား၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ် အတွင်းက Facility Quarantine ဝင်နေသူများ၏ စားစရိတ်ကို ယနေ့ စက်တင်ဘာလ (၁၆) ရက်နေ့မှ စတင်ကာ ပြည်နယ်အစိုးရက တာဝန်ယူ ထောက်ပံ့တော့မည် မဟုတ်ကြောင်း ကချင် ပြည်နယ်အစိုး အဖွဲ့ရုံးမှ သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း အခြားတိုင်းနှင့် ပြည်နယ်နယ်မှ ဝင်ရောက်လာမည် ဆိုပါက Facility Quarantine (၁၄)ရက် ဝင်ရမည်ဖြစ်ပြီး ယခင်က Quarantine ဝင်နေသူ တစ်ဦးလျှင် စားစရိတ်တစ်နေ့ ကျပ် (၃၀၀၀)နှုန်းဖြင့်ထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိတွင် အစိုးရအဖွဲ့၏ ရံပုံငွေအရ ယင်းထောက်ပံ့ခြင်း အစီအစဉ်ကို ယနေ့ စက်တင်ဘာလ (၁၆)ရက်နေ့မှ စတင်ကာ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ပြည်နယ်ဒုညွန်ကြားရေးမှူး ဦးတင့်လှိုင်က ဆိုသည်။

“ဟုတ်တယ် ကွာရန်တင်းဝင်နေတဲ့သူတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဘဲ စားစရိတ်က၊ အဲ့ဒါကတော့ ရံပုံငွေ ပေါ့ ရံပုံငွေက နည်းနည်းလျော့နည်း လာတာပေါ့ အဲ့တော့ရေရှည်လည်း ဖြစ်လာမယ်ဆိုတော့ တချို့ဟာ တွေကလည်း ဆောင်ထားရမှာပေါ့၊ ရေရှည်ဆိုတော့ အလှူရှင်တွေကလည်း နည်းလာတယ်လေ။အဲ့ဒါ တွေကြောင့်ပါ”ဟု ဦးတင့်လှိုင်ကပြောသည်။

Quarantine ဝင်သူများ၏ စားစရိတ် ထောက်ပံ့မှုကို ရပ်နားထားသော်လည်း ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ရေချိုး တဘက် စသည့်တစ်ကိုယ်ရည် အသုံးအဆောင်များကိုမှု ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရ အနေဖြင့် စားစရိတ်ထောက်ပံ့မှု ရပ်နားထားသော်လည်း ကွာရန်တင်းစင်တာများ အတွင်း အလှူရှင်များအနေဖြင့် အစားအသောက်များ လှူဒါန်းမည်ဆိုပါက သက်ဆိုင်ရာတွင် ဆက်သွယ်၍ သွားရောက်ထောက်ပံ့လှူဒါန်းနိုင်ကြောင်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ထည့်သွင်း ပြောဆိုခဲ့သည်။

“တကယ်လို့ အလှူရှင်တွေ အနေနဲ့လာလှူချင်တယ်ဆိုရင် သက်ဆိုင်ရာ ကွာရန်တင်း စင်တာမှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပါ။ လှူလို့ရတယ် ကျွန်တော်တို့လည်း လက်ခံပေးပါမယ်”ဟု မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

Quarantine စင်တာများတွင် တာဝန်ထမ်းဆောင်နေသည့် စေတနာ့ ဝန်ထမ်းများနှင့် လုံခြုံရေးတာဝန် ယူနေသည့် ရဲတပ်ဖွဲ့ဝင်များကိုမှု ပြည်နယ်အစိုးရက ပုံမှန်အတိုင်းထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

လက်ရှိတွင် ကချင်တစ်ပြည်နယ်လုံး၌ Home Quarantine ထားရှိသူပေါင်း (၅၁၇)ဦး၊ Facility Quarantine ထားရှိသူပေါင်း (၁၅၃၇) ရှိပြီး ဓာတ်ခွဲနမူနာပေးပို့ထားသူပေါင်း (၇၀၉၀)ဦး အထိရှိသည်။

ကချင်ပြည်နယ် အတွင်း ကိုဗစ် ပိုးတွေ့ခဲ့သူ (၄)ဦး အထိရှိပြီး လက်ရှိ အဖြေစောင့်ဆိုင်းဆဲ (၆၀၇)ဦး အထိရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စက်တင်ဘာလ (၁၅)ရက်နေ့ စာရင်းအရ သိရသည်။

လွမ်းအောင်

#PeopleMedia #EPN #မြစ်ကြီးနား #COVID19


Share this post