• Follow Us on
Latest News

Home KBZ Bank ATM မွ (၃၄၀) ေငြခိုးထုတ္သူ KBZ ဘဏ္-ဒုတိယ တာဝန္ခံႏွင့္ ၎၏ အမ်ိဳးသား ဖမ္းဆီးခံရ

KBZ Bank ATM မွ (၃၄၀) ေငြခိုးထုတ္သူ KBZ ဘဏ္-ဒုတိယ တာဝန္ခံႏွင့္ ၎၏ အမ်ိဳးသား ဖမ္းဆီးခံရ

Share this post

ရန္ကုန္၊ဒီဇင္ဘာ-၂

မႏၲေလးတိုင္းေဒသႀကီး၊မဟာေအာင္ေျမၿမိဳ႕ယ္ရွိ KBZ Bank ATM မွ ေငြခိုးထုတ္သူ ဘဏ္-ဒုတိယ တာဝန္ခံႏွင့္ ၎၏ အမ်ိဳးသားကို ရဲတပ္ဖြဲ႕မွ ဖမ္းဆီးလိုက္သည္။

ျဖစ္စဥ္မွာ နိုဝင္ဘာ(၂၉)ရက္၌ နိုဝင္ဘာ(၂၉)ရက္၌ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေန ဦးေအာင္နိုင္ဦး KBZ Bank Branch-39မန္ေနဂ်ာသည္မဟာေအာင္ေျမၿမိဳ႕နယ္၊ရဲမြန္ေတာင္ရပ္ကြက္၊ ၃၅လမ္း၊ ၅၃ x၅၄လမ္းၾကားတြင္ထားရွိေသာ KBZ Bank မွ ATM ေငြထုတ္စက္(၁)လုံးမွာ လိုင္းက်ေနေၾကာင္း၊ KBZ Bank ကဒ္ဌာနမွ ဖုန္းဆက္အေၾကာင္းၾကားသျဖင့္ KBZ Bank Branch-39 မွ ဒုတိယ တာဝန္ခံ ေဒၚထက္မြန္ေက်ာ္ေ႐ႊ၊ ႐ုံးအကူ ဦးမ်ိဳးမင္းထိုက္တို႔မွ သြားေရာက္စစ္ေဆးခဲ့ရာ KBZ Bank မွ ATM ေငြထုတ္စက္မွာ လိုင္းက်ေနျခင္း မဟုတ္ဘဲ ၎ ATM ေငြထုတ္စက္အတြင္း လြန္ခဲ့ေသာ (၁၀)ရက္ခန႔္က ထည့္ထားေသာ ေငြက်ပ္သိန္း(၆၀၀)အနက္မွ ATM ေငြထုတ္စက္အတြင္းက်န္ရွိသည့္ ခန႔္မွန္းေငြသိန္း(၃၄၀)က်ပ္ခန႔္မွာ ေပ်ာက္ဆုံးေနေၾကာင္း သိရွိခဲ့ရသျဖင့္ATMေငြထုတ္စက္အတြင္း ထည့္ထားသည့္ခန႔္မွန္းေငြသိန္း(၃၄၀)က်ပ္ခိုးယူသြားသူအားစုံစမ္းေဖာ္ထုတ္အေရးယူေပးရန္ လာေရာက္တိုင္တန္းသျဖင့္ မဟာေအာင္ေျမၿမိဳ႕မရဲစခန္း (ပ)၁၀၉၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၄၅၄ အမႈေရးဖြင့္ေဆာင္႐ြက္ခဲ့ပါသည္။

မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး၏ႀကီးၾကပ္မႈျဖင့္အမွတ္(၃)မႈခင္းတပ္ဖြဲ႕ခြဲမႉး ဦးစီး၍မႏၲေလးခရိုင္မႈခင္းႏွိမ္နင္းေရးဌာနစိတ္မွ တပ္ဖြဲ႕ဝင္မ်ား၊ မဟာေအာင္ေျမၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ အမွတ္(၉)နယ္ေျမရဲစခန္းမႉးႏွင့္ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ အခင္းျဖစ္ KBZ Bank CCTV မွတ္တမ္းမ်ားအားစစ္ေဆးခဲ့ရာ နိုဝင္ဘာ(၂၉)ရက္ေန႕ နံနက္ ၉ နာရီခြဲအခ်ိန္ ျပစ္မႈက်ဴးလြန္သူသည္ အျဖဴေရာင္ AD Van ေမာ္ေတာ္ယာဥ္ျဖင့္ ေရာက္ရွိလာၿပီး ေငြထည့္သည့္အခန္းအား အနီေရာင္ေသာ့ခ်ိတ္ပါေသာ့ျဖင့္ဖြင့္ၿပီး စက္အတြင္းရွိေငြမ်ားအား လွ်ို႔ဝွက္နံပါတ္မ်ားအသုံးျပဳ၍ ထုတ္ယူသြားသည္ကို ေတြ႕ရွိခဲ့ရသျဖင့္ အနီေရာင္ေသာ့ခ်ိတ္ကိုင္ေဆာင္သူမထက္မြန္ေက်ာ္ေ႐ႊ(၃၆)ႏွစ္(KBZဒုဘဏ္ခြဲမန္ေနဂ်ာ)ႏွင့္ ၎၏ခင္ပြန္းျဖစ္သူ ေအာင္ခိုင္စိုးျမင့္(၃၆)ႏွစ္တို႔(၂)ဦးနိုဝင္ဘာ(၃၀)ရက္ေန႕ ညေန၄နာရီခြဲအခ်ိန္တြင္ ရဲစခန္းသို႔ေခၚယူစစ္ေဆးခဲ့ရာ မထက္မြန္ေက်ာ္ေ႐ႊမွ ၎၏ခင္ပြန္းျဖစ္သူ ဦးေအာင္ခိုင္စိုးျမင့္အား ATM စက္၏ Password No မ်ားႏွင့္ ATM စက္၏ အနီေရာင္ ေသာ့ခ်ိတ္ပါေသာ့ကို အားေပးခဲ့ေၾကာင္း၊ ဦးေအာင္ခိုင္စိုးျမင့္မွ AD Van ေမာ္ေတာ္ယာဥ္ျဖင့္ ရဲမြန္ေတာင္ရပ္ကြက္၊ ၃၅ လမ္း၊ ၅၃ x ၅၄ လမ္းၾကားတြင္ထားရွိေသာ KBZ Bank သို႔ ေရာက္ရွိၿပီးေနာက္ ATM စက္အား ၎၏ ဇနီးျဖစ္သူ ေပးထားေသာေသာ့ႏွင့္ Password အား အသုံးျပဳကာ ATM စက္အတြင္းမွ (၃၄၉)သိန္း(၇)ေသာင္းအား ခိုးယူခဲ့ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့ပါသည္။

တရားခံမ်ားျဖစ္ေသာမထက္မြန္ေက်ာ္ေ႐ႊႏွင့္၎၏ခင္ပြန္းျဖစ္သူ ေအာင္ခိုင္စိုးျမင့္ တို႔(၂)ဦး၏ ထြက္ဆိုခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္ရာတြင္အသုံးျပဳခဲ့ေသာ AD Van ေမာ္ေတာ္ယာဥ္၊ သက္ေသခံပါဆုံးေငြ (၃၄၉)သိန္း(၇)ေသာင္းက်ပ္ႏွင့္ အျခားသက္ေသခံပစၥည္းမ်ားအား ၎ေနထိုင္ရာ ၂၈ လမ္း၊ ၆၇ x ၆၈ ၾကားရွိေနအိမ္မွ သိမ္းဆည္းရမိခဲ့ၿပီး ၎တို႔(၂)ဦးအားအမႈျဖင့္ဆက္လက္စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #MandalyPolice

[Unicode]
KBZ Bank ATM မှ (၃၄၀)ငွေခိုးထုတ်သူ KBZ ဘဏ်-ဒုတိယ တာဝန်ခံနှင့် ၎င်း၏ အမျိုးသား ဖမ်းဆီးခံရ

ရန်ကုန်၊ဒီဇင်ဘာ-၂

မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့ယ်ရှိ KBZ Bank ATM မှ ငွေခိုးထုတ်သူ ဘဏ်-ဒုတိယ တာဝန်ခံနှင့် ၎င်း၏ အမျိုးသားကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ(၂၉)ရက်၌ နိုဝင်ဘာ(၂၉)ရက်၌ ချမ်းမြသာစည်မြို့နယ်နေ ဦးအောင်နိုင်ဦး KBZ Bank Branch-39မန်နေဂျာသည်မဟာအောင်မြေမြို့နယ်၊ရဲမွန်တောင်ရပ်ကွက်၊ ၃၅လမ်း၊ ၅၃ x၅၄လမ်းကြားတွင်ထားရှိသော KBZ Bank မှ ATM ငွေထုတ်စက်(၁)လုံးမှာ လိုင်းကျနေကြောင်း၊ KBZ Bank ကဒ်ဌာနမှ ဖုန်းဆက်အကြောင်းကြားသဖြင့် KBZ Bank Branch-39 မှ ဒုတိယ တာဝန်ခံ ဒေါ်ထက်မွန်ကျော်ရွှေ၊ ရုံးအကူ ဦးမျိုးမင်းထိုက်တို့မှ သွားရောက်စစ်ဆေးခဲ့ရာ KBZ Bank မှ ATM ငွေထုတ်စက်မှာ လိုင်းကျနေခြင်း မဟုတ်ဘဲ ၎င်း ATM ငွေထုတ်စက်အတွင်း လွန်ခဲ့သော (၁၀)ရက်ခန့်က ထည့်ထားသော ငွေကျပ်သိန်း(၆၀၀)အနက်မှ ATM ငွေထုတ်စက်အတွင်းကျန်ရှိသည့် ခန့်မှန်းငွေသိန်း(၃၄၀)ကျပ်ခန့်မှာ ပျောက်ဆုံးနေကြောင်း သိရှိခဲ့ရသဖြင့်ATMငွေထုတ်စက်အတွင်း ထည့်ထားသည့်ခန့်မှန်းငွေသိန်း(၃၄၀)ကျပ်ခိုးယူသွားသူအားစုံစမ်းဖော်ထုတ်အရေးယူပေးရန် လာရောက်တိုင်တန်းသဖြင့် မဟာအောင်မြေမြို့မရဲစခန်း (ပ)၁၀၉၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၄၅၄ အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ကြီးကြပ်မှုဖြင့်အမှတ်(၃)မှုခင်းတပ်ဖွဲ့ခွဲမှူး ဦးစီး၍မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၉)နယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ် KBZ Bank CCTV မှတ်တမ်းများအားစစ်ဆေးခဲ့ရာ နိုဝင်ဘာ(၂၉)ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ပြစ်မှုကျူးလွန်သူသည် အဖြူရောင် AD Van မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ငွေထည့်သည့်အခန်းအား အနီရောင်သော့ချိတ်ပါသော့ဖြင့်ဖွင့်ပြီး စက်အတွင်းရှိငွေများအား လျှို့ဝှက်နံပါတ်များအသုံးပြု၍ ထုတ်ယူသွားသည်ကို တွေ့ရှိခဲ့ရသဖြင့် အနီရောင်သော့ချိတ်ကိုင်ဆောင်သူမထက်မွန်ကျော်ရွှေ(၃၆)နှစ်(KBZဒုဘဏ်ခွဲမန်နေဂျာ)နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ခိုင်စိုးမြင့်(၃၆)နှစ်တို့(၂)ဦးနိုဝင်ဘာ(၃၀)ရက်နေ့ ညနေ၄နာရီခွဲအချိန်တွင် ရဲစခန်းသို့ခေါ်ယူစစ်ဆေးခဲ့ရာ မထက်မွန်ကျော်ရွှေမှ ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်စိုးမြင့်အား ATM စက်၏ Password No များနှင့် ATM စက်၏ အနီရောင် သော့ချိတ်ပါသော့ကို အားပေးခဲ့ကြောင်း၊ ဦးအောင်ခိုင်စိုးမြင့်မှ AD Van မော်တော်ယာဉ်ဖြင့် ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၃ x ၅၄ လမ်းကြားတွင်ထားရှိသော KBZ Bank သို့ ရောက်ရှိပြီးနောက် ATM စက်အား ၎င်း၏ ဇနီးဖြစ်သူ ပေးထားသောသော့နှင့် Password အား အသုံးပြုကာ ATM စက်အတွင်းမှ (၃၄၉)သိန်း(၇)သောင်းအား ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

တရားခံများဖြစ်သောမထက်မွန်ကျော်ရွှေနှင့်၎င်း၏ခင်ပွန်းဖြစ်သူ အောင်ခိုင်စိုးမြင့် တို့(၂)ဦး၏ ထွက်ဆိုချက်များအရ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော AD Van မော်တော်ယာဉ်၊ သက်သေခံပါဆုံးငွေ (၃၄၉)သိန်း(၇)သောင်းကျပ်နှင့် အခြားသက်သေခံပစ္စည်းများအား ၎င်းနေထိုင်ရာ ၂၈ လမ်း၊ ၆၇ x ၆၈ ကြားရှိနေအိမ်မှ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့(၂)ဦးအားအမှုဖြင့်ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #MandalyPolice


Share this post