• Follow Us on

Home ကခ်င္ျပည္နယ္တြင္ ၂၀၂၀ ေရြးေကာက္ပြဲ၌ မဲေပးနိုင္မည့္ ေရႊ႕ေျပာင္း မဲဆႏၵရွင္ သုံးေသာင္းခုႏွစ္ေထာင္ေက်ာ္ ရွိ

ကခ်င္ျပည္နယ္တြင္ ၂၀၂၀ ေရြးေကာက္ပြဲ၌ မဲေပးနိုင္မည့္ ေရႊ႕ေျပာင္း မဲဆႏၵရွင္ သုံးေသာင္းခုႏွစ္ေထာင္ေက်ာ္ ရွိ

Share this post

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၂၂

၂၀၂၀ အေထြေထြေရြးေကာက္ပြဲ၌ ကခ်င္ျပည္နယ္အတြင္း ပုံစံ (၃-က) ျဖင့္ မဲေပးနိုင္သည့္ ေရႊ႕ေျပာင္း လုပ္သား မဲဆႏၵရွင္ လူဦးေရ သုံးေသာင္းခုႏွစ္ေထာင္ေက်ာ္အထိရွိေၾကာင္း ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲေကာ္ မရွင္ အဖြဲ႕ခြဲ႐ုံးမွ သိရသည္။

ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံး၏ စာရင္းမ်ားအရ ကခ်င္တစ္ျပည္နယ္လုံး၌ ပုံစံ(၃-က) ျဖင့္ မဲေပးနိုင္မည့္ ေရႊ႕ေျပာင္းလုပ္သားလူဦးေရ ပထမအမ်ားဆုံး ၿမိဳ႕နယ္မွာ ဖားကန္႔ၿမိဳ႕နယ္ျဖစ္ၿပီး (၁၀၄၂၃) ဦး၊ ဒုတိယအမ်ားဆုံးျဖစ္သည့္ ဝိုင္းေမာ္ၿမိဳ႕နယ္မွ (၈၆၆၃) ဦး၊ တတိယအမ်ားဆုံးျဖစ္သည့္ ျမစ္ႀကီးနားၿမိဳ႕နယ္မွ (၇၃၅၉) ဦး ျဖစ္ၾကၿပီး ျပည္နယ္အတြင္း စုစုေပါင္း (၃၇၅၆၉)ဦး အထိရွိေၾကာင္း သိရသည္။

မဲဆႏၵနယ္ျပင္ပသို႔ ရက္ေပါင္း (၉၀)ႏွင့္ အထက္ ေရာက္ရွိေနသည့္ေရႊ႕ေျပာင္းလုပ္သားမ်ားကို ပုံစံ (၃-က) ျဖင့္ စက္တင္ဘာလ (၁၇)ရက္မွ ေအာက္တိုဘာလ(၁၀) ရက္ေန႔အထိ ေလၽွာက္ထားခြင့္ျပဳထားၿပီး ပုံစံ(၃-က) ျဖင့္ လာေရာက္ေလၽွာက္ထားခြင့္ႏွင့္စပ္လ်ဥ္း၍ ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမွ အတြင္းေရးမွဴး ဦးထြန္းေအာင္ခိုင္က ယခုကဲ့သို႔ဆိုသည္။

“ပုံစံ(၃-က) နဲ႔ပတ္သက္ၿပီး ေနာက္ဆုံး ညြန္ၾကားခ်က္အရ ကၽြန္ေတာ္တို႔ စိစစ္တာက ပထမတစ္ခ်က္ မိမိကိုယ္တိုင္လာရမယ္။ ဒုတိယတစ္ခ်က္က ကုမၸဏီမွာလုပ္တဲ့ဝန္ထမ္း၊ ဌာနဆိုင္ရာဝန္ထမ္းဆိုရင္ သူ႔သက္ဆိုင္ရာကေန ေထာက္ခံဖို႔လိုတယ္ ရက္(၉၀)အထက္ တာဝန္ထမ္းေဆာင္ေနပါတယ္ဆိုတာ။ ေနာက္တစ္ခုက သူေနတဲ့သူ႔ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကလည္း ေထာက္ခံေပးဖို႔လိုတယ္။ မွတ္ပုံတင္မူ ရင္းျပရမယ္”ဟု အတြင္းေရးမွဴး ဦးထြန္းေအာင္ခိုင္က ေျပာသည္။

တိုင္းႏွင့္ ျပည္နယ္အသီးသီးရွိ မဲဆႏၵနယ္အသီးသီးမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ယင္းေဒသခံမ်ား၏ ဆႏၵမဲျဖင့္သာ အဆုံးအျဖတ္ေပးရမည္ျဖစ္ၿပီး ဧည့္သည္မဲဆႏၵရွင္မ်ားက ဆုံးျဖတ္ေပးရမည္ဆိုပါက ေဒသခံ တိုင္းရင္းသားပါတီမ်ားအတြက္ နစ္နာမႈမ်ားရွိနိုင္ေၾကာင္း ေဒသခံတိုင္းရင္းသားပါတီမ်ားက သုံးသပ္ေျပာဆို ေနၾကသည္။

“ရက္ေပါင္းကိုးဆယ္ နည္းဥပေဒတစ္ဆယ္နဲ႔သာ ထည့္မယ္ဆိုရင္ ကၽြန္ေတာ္တို႔အတြက္က်ေတာ့ နစ္နာမႈေတြ ရွိတယ္။ နစ္နာမႈေတြရွိတဲ့အျပင္ ယွဥ္ၿပိဳင္မႈအပိုင္းမွာေရာ ေနာက္ၿပီးရင္ တရားမွ်တမႈအပိုင္းမွာပါ သံသယလို႔ပဲ သုံးပါမယ္ သံသယတစ္ခုအေနနဲ႔ မဲမသမာမႈေတြ ျဖစ္လာနိုင္ေျခရွိတယ္”ဟု ကခ်င္ျပည္နယ္အေျခစိုက္ပါတီ KNC ပါတီမွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေနာ္ဂ်ိဳင္းအင္ဂ်ာက ေျပာသည္။

မဲဆႏၵနယ္ ျပင္ပတြင္ ရက္(၉၀) ေနထိုင္႐ုံျဖင့္ ယင္းေဒသကိုယ္စားျပဳမဲေပးနိုင္သည့္ ေရြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒျပင္ဆင္ခ်က္ပုဒ္မ (၁၀-က)ကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က တင္သြင္းၿပီး ျပည္သူ႔လႊတ္ ေတာ္က အတည္ျပဳခဲ့ျခင္းျဖစ္သည္။

ယခင္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ကခ်င္တစ္ျပည္နယ္လုံး၌ မဲ႐ုံေပါင္း (၈၁၃)႐ုံ ရွိခဲ့ၿပီး ယခုႏွစ္ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲ၌ မဲ႐ုံ စုစုေပါင္း (၉၁၈) ႐ုံအထိရွိေၾကာင္း သိရသည္။

လြမ္းေအာင္

#PeopleMedia #2020election #UEC

(unicode)
ကချင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးနိုင်မည့် ရွှေ့ပြောင်း မဲဆန္ဒရှင် သုံးသောင်းခုနှစ်ထောင်ကျော် ရှိ
…………………………………………………..

မြစ်ကြီးနား၊ အောက်တိုဘာ ၂၂

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ကချင်ပြည်နယ်အတွင်း ပုံစံ (၃-က) ဖြင့် မဲပေးနိုင်သည့် ရွှေ့ပြောင်း လုပ်သား မဲဆန္ဒရှင် လူဦးရေ သုံးသောင်းခုနှစ်ထောင်ကျော်အထိရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော် မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ စာရင်းများအရ ကချင်တစ်ပြည်နယ်လုံး၌ ပုံစံ(၃-က) ဖြင့် မဲပေးနိုင်မည့် ရွှေ့ပြောင်းလုပ်သားလူဦးရေ ပထမအများဆုံး မြို့နယ်မှာ ဖားကန့်မြို့နယ်ဖြစ်ပြီး (၁၀၄၂၃) ဦး၊ ဒုတိယအများဆုံးဖြစ်သည့် ဝိုင်းမော်မြို့နယ်မှ (၈၆၆၃) ဦး၊ တတိယအများဆုံးဖြစ်သည့် မြစ်ကြီးနားမြို့နယ်မှ (၇၃၅၉) ဦး ဖြစ်ကြပြီး ပြည်နယ်အတွင်း စုစုပေါင်း (၃၇၅၆၉)ဦး အထိရှိကြောင်း သိရသည်။

မဲဆန္ဒနယ်ပြင်ပသို့ ရက်ပေါင်း (၉၀)နှင့် အထက် ရောက်ရှိနေသည့်ရွှေ့ပြောင်းလုပ်သားများကို ပုံစံ (၃-က) ဖြင့် စက်တင်ဘာလ (၁၇)ရက်မှ အောက်တိုဘာလ(၁၀) ရက်နေ့အထိ လျှောက်ထားခွင့်ပြုထားပြီး ပုံစံ(၃-က) ဖြင့် လာရောက်လျှောက်ထားခွင့်နှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ယခုကဲ့သို့ဆိုသည်။

“ပုံစံ(၃-က) နဲ့ပတ်သက်ပြီး နောက်ဆုံး ညွန်ကြားချက်အရ ကျွန်တော်တို့ စိစစ်တာက ပထမတစ်ချက် မိမိကိုယ်တိုင်လာရမယ်။ ဒုတိယတစ်ချက်က ကုမ္ပဏီမှာလုပ်တဲ့ဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်းဆိုရင် သူ့သက်ဆိုင်ရာကနေ ထောက်ခံဖို့လိုတယ် ရက်(၉၀)အထက် တာဝန်ထမ်းဆောင်နေပါတယ်ဆိုတာ။ နောက်တစ်ခုက သူနေတဲ့သူ့ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ထောက်ခံပေးဖို့လိုတယ်။ မှတ်ပုံတင်မူ ရင်းပြရမယ်”ဟု အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောသည်။

တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များကို ယင်းဒေသခံများ၏ ဆန္ဒမဲဖြင့်သာ အဆုံးအဖြတ်ပေးရမည်ဖြစ်ပြီး ဧည့်သည်မဲဆန္ဒရှင်များက ဆုံးဖြတ်ပေးရမည်ဆိုပါက ဒေသခံ တိုင်းရင်းသားပါတီများအတွက် နစ်နာမှုများရှိနိုင်ကြောင်း ဒေသခံတိုင်းရင်းသားပါတီများက သုံးသပ်ပြောဆို နေကြသည်။

“ရက်ပေါင်းကိုးဆယ် နည်းဥပဒေတစ်ဆယ်နဲ့သာ ထည့်မယ်ဆိုရင် ကျွန်တော်တို့အတွက်ကျတော့ နစ်နာမှုတွေ ရှိတယ်။ နစ်နာမှုတွေရှိတဲ့အပြင် ယှဉ်ပြိုင်မှုအပိုင်းမှာရော နောက်ပြီးရင် တရားမျှတမှုအပိုင်းမှာပါ သံသယလို့ပဲ သုံးပါမယ် သံသယတစ်ခုအနေနဲ့ မဲမသမာမှုတွေ ဖြစ်လာနိုင်ခြေရှိတယ်”ဟု ကချင်ပြည်နယ်အခြေစိုက်ပါတီ KNC ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနော်ဂျိုင်းအင်ဂျာက ပြောသည်။

မဲဆန္ဒနယ် ပြင်ပတွင် ရက်(၉၀) နေထိုင်ရုံဖြင့် ယင်းဒေသကိုယ်စားပြုမဲပေးနိုင်သည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေပြင်ဆင်ချက်ပုဒ်မ (၁၀-က)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းပြီး ပြည်သူ့လွှတ် တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်တစ်ပြည်နယ်လုံး၌ မဲရုံပေါင်း (၈၁၃)ရုံ ရှိခဲ့ပြီး ယခုနှစ် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲရုံ စုစုပေါင်း (၉၁၈) ရုံအထိရှိကြောင်း သိရသည်။

လွမ်းအောင်

#PeopleMedia #2020election #UEC


Share this post