• Follow Us on

Home ကတ္႐ွ္မီးယားမွ တိုက္ခိုက္မႈေနာက္ကြယ္တြင္ ပါကစၥတန္႐ွိေၾကာင္း ကုလသမဂၢမွအင္အားႀကီးႏိုင္ငံမ်ားကို အိႏၵိယေျပာ

ကတ္႐ွ္မီးယားမွ တိုက္ခိုက္မႈေနာက္ကြယ္တြင္ ပါကစၥတန္႐ွိေၾကာင္း ကုလသမဂၢမွအင္အားႀကီးႏိုင္ငံမ်ားကို အိႏၵိယေျပာ

Share this post

နယူးေယာက္၊ ႏို၀င္ဘာ ၂၅

ၿပီးခဲ့သည့္တပတ္တြင္ ရဲမ်ားကအေသပစ္ခတ္ခဲ့သည့္စစ္ေသြးႂကြ ၄ ေယာက္ကို ပါကစၥတန္က လက္နက္ ေထာက္ပံ့ထားေၾကာင္းစြပ္စြဲၿပိးေနာက္ ပါကစၥတန္ကို တံု႔ျပန္ေျပာဆိုရန္ ဖိအားမ်ားေနေၾကာင္း အိႏၵိ ယႏိုင္ငံက ကုလသမဂၢလံုျခံဳေရးေကာင္စီမွအင္အားႀကီးႏိုင္ငံမ်ားကို အိႏိၵယႏိုင္ငံကေျပာသည္ဟု အထူးအစည္းအေ၀းတက္ခဲ့သည့္သံတမန္မ်ားကေျပာသည္။

ယခုတပတ္တြင္စတင္မည့့္ အျငင္းပြားကတ္႐ွ္မီးယားေဒသမွေဒသေ႐ြးေကာက္ပြဲမ်ားကိုရည္႐ြယ္ၿပီး အပ်က္အစီးႀကီးႀကီးမားမားျဖစ္ေစရန္ ထို ၄ ေယာက္ကစီစဥ္ေနေၾကာင္း ၀န္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီကေျပာသည္။

စစ္ေသြးႂကြတို႔၏စစ္ဆင္ေရးတြင္ ပါကစၥတန္ပါ၀င္ေနေၾကာင္း အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီးဌာနထိပ္တန္းအ ရာ႐ွိတေယာက္က ကုလသမဂၢလံုျခံဳေရးေကာင္စီ၏ အၿမဲတမ္းအဖြဲ႔၀င္ႏိုင္ငံမ်ားျဖစ္ေသာ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ႐ု႐ွားႏွင့္ တ႐ုတ္တို႔ထံ အမႈတြဲေပးပို႔ခဲ့သည္။

ထိုအစည္းအေ၀းသည္ စစ္ေသြးႂကြမ်ား၏လုပ္ရပ္တြင္ လံုျခံဳေရး၊ သံခင္းတမန္ခင္းႏွင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဆိုင္ရာျဖစ္ရပ္မ်ားပါ၀င္ပတ္သက္ေနေၾကာင္း အိႏၵိယႏိုင္ငံ၏စိုးရိမ္မႈကို႐ွင္းျပလိုေၾကာင္း ရည္႐ြယ္ထားသည္ဟု အစိုးရအရာ႐ွိတေယာက္ကေျပာသည္။

ၾကာသပေတးေန႔တြင္ေသဆံုးခဲ့သည့္ စစ္ေသြးႂကြ ၄ ေယာက္ႏွင့္ပတ္သက္၍သိ႐ွိထားျခင္းမ႐ွိေၾကာင္း၊ ခြဲထြက္ေရးလႈပ္႐ွားမႈမ်ားကိုႏိုင္ငံေရး အရေထာက္ခံျခင္းသာ႐ွိေၾကာင္း ပါကစၥတန္ဘက္က တံု႔ျပန္ထားသည္။

ထိုစစ္ေသြးႂကြအဖြဲ႔မ်ားထံမွ ေအေက-၄၇ ႐ိုင္ဖယ္ ၁၁၊ လက္ပစ္ဗံုး ၂၉ လံုးႏွင့္ အာဒီအိတ္က္စ္ ေဖာက္ခြဲေရးပစၥည္း ၇.၅ ကီလိုဂရမ္ကိုပါေတြ႕ရေၾကာင္း အိႏၵိယအရာ႐ွိမ်ားကေျပာသည္။

Ref : India tells UN powers Pakistan behind plot for Kashmir attack

#PeopleMedia

(unicode)
ကတ်ရှ်မီးယားမှ တိုက်ခိုက်မှုနောက်ကွယ်တွင် ပါကစ္စတန်ရှိကြောင်း ကုလသမဂ္ဂမှအင်အားကြီးနိုင်ငံများကို အိန္ဒိယပြော
………………………………………………..

နယူးယောက်၊ နိုဝင်ဘာ ၂၅

ပြီးခဲ့သည့်တပတ်တွင် ရဲများကအသေပစ်ခတ်ခဲ့သည့်စစ်သွေးကြွ ၄ ယောက်ကို ပါကစ္စတန်က လက်နက် ထောက်ပံ့ထားကြောင်းစွပ်စွဲပြိးနောက် ပါကစ္စတန်ကို တုံ့ပြန်ပြောဆိုရန် ဖိအားများနေကြောင်း အိန္ဒိ ယနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအင်အားကြီးနိုင်ငံများကို အိန္ဒိယနိုင်ငံကပြောသည်ဟု အထူးအစည်းအဝေးတက်ခဲ့သည့်သံတမန်များကပြောသည်။

ယခုတပတ်တွင်စတင်မည့့် အငြင်းပွားကတ်ရှ်မီးယားဒေသမှဒေသရွေးကောက်ပွဲများကိုရည်ရွယ်ပြီး အပျက်အစီးကြီးကြီးမားမားဖြစ်စေရန် ထို ၄ ယောက်ကစီစဉ်နေကြောင်း ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကပြောသည်။

စစ်သွေးကြွတို့၏စစ်ဆင်ရေးတွင် ပါကစ္စတန်ပါဝင်နေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနထိပ်တန်းအ ရာရှိတယောက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်တို့ထံ အမှုတွဲပေးပို့ခဲ့သည်။

ထိုအစည်းအဝေးသည် စစ်သွေးကြွများ၏လုပ်ရပ်တွင် လုံခြုံရေး၊ သံခင်းတမန်ခင်းနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာဖြစ်ရပ်များပါဝင်ပတ်သက်နေကြောင်း အိန္ဒိယနိုင်ငံ၏စိုးရိမ်မှုကိုရှင်းပြလိုကြောင်း ရည်ရွယ်ထားသည်ဟု အစိုးရအရာရှိတယောက်ကပြောသည်။

ကြာသပတေးနေ့တွင်သေဆုံးခဲ့သည့် စစ်သွေးကြွ ၄ ယောက်နှင့်ပတ်သက်၍သိရှိထားခြင်းမရှိကြောင်း၊ ခွဲထွက်ရေးလှုပ်ရှားမှုများကိုနိုင်ငံရေး အရထောက်ခံခြင်းသာရှိကြောင်း ပါကစ္စတန်ဘက်က တုံ့ပြန်ထားသည်။

ထိုစစ်သွေးကြွအဖွဲ့များထံမှ အေကေ-၄၇ ရိုင်ဖယ် ၁၁၊ လက်ပစ်ဗုံး ၂၉ လုံးနှင့် အာဒီအိတ်က်စ် ဖောက်ခွဲရေးပစ္စည်း ၇.၅ ကီလိုဂရမ်ကိုပါတွေ့ရကြောင်း အိန္ဒိယအရာရှိများကပြောသည်။

Ref : India tells UN powers Pakistan behind plot for Kashmir attack

#PeopleMedia


Share this post