• Follow Us on

Home လာဘ္ေပးမဲဆြယ္ခဲ့မႈေၾကာင့္ မင္းကင္းၿမိဳ႕နယ္ NLD ပါတီဝင္သုံးဦးကို ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ေလာင္းက အမႈဖြင့္

လာဘ္ေပးမဲဆြယ္ခဲ့မႈေၾကာင့္ မင္းကင္းၿမိဳ႕နယ္ NLD ပါတီဝင္သုံးဦးကို ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ေလာင္းက အမႈဖြင့္

Share this post

ရန္ကုန္၊ နိုဝင္ဘာ – ၂၅

စစ္ကိုင္းတိုင္းေဒသႀကီး၊ မင္းကင္းၿမိဳ႕နယ္၌ NLD ပါတီဝင္သုံးဦးသည္ ေရြးေကာက္ပြဲ မဲဆြယ္ကာလအတြင္း၌ လာဘ္ေပး၍ မဲဆြယ္မႈမ်ားရွိခဲ့ျခင္းေၾကာင့္ ၎တုိ႔ကုိ အေရးယူရန္ ျပည္ခုိင္ၿဖိဳးပါတီတုိင္းလႊတ္ေတာ္ကုိယ္စား လွယ္ေလာင္း ဦးေဇာ္မုိးလြင္က သက္ဆုိင္ရာ ရဲစခန္း၌ အမႈဖြင့္တုိင္ၾကားခဲ့သည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ People Media က ဦးေဇာ္မုိးလြင္ကုိ ဆက္သြယ္ေမးျမန္းရာ၌ “ကြၽန္ေတာ္တိုင္း ေဒသႀကီး နယ္ေျမ ၁ မွာ သူတို႔ပါတီ အနိုင္ရဖို႔အတြက္ သူတို႔ရဲ႕ေအာင္နိုင္ေရးေကာ္မတီနဲ႔ ပါတီဝင္ေတြက သူတို႔ပါတီကို မဲထည့္ရင္ ေငြသုံးေသာင္းေပးမယ္၊ ေနာက္တစ္ဦးက်ေတာ့ ေငြတစ္ေသာင္းေပးမယ္၊ ေနာက္တစ္ဦးက်ေတာ့ စာသင္ေက်ာင္းေၾကး ငါးေသာင္းမေပးရဘူး ငါတို႔ေပးမယ္ဆိုၿပီး ေငြေပးၿပီးမွ မဲဆြယ္တာကို ေ႐ြးေကာက္ပြဲ ဥပေဒနဲ႔အညီ တိုင္ထားတာပါ”ဟု ဦးေဇာ္မိုးလြင္က ေျပာသည္။

ထုိကဲ့သုိ႔ေဆာင္ရြက္မႈမ်ားေၾကာင့္ မင္းကင္းၿမိဳ႕နယ္ NLD ပါတီဥကၠ႒ ေဒၚခင္ေမႊးလြင္၊ NLD ပါတီဝင္ ဦးဝင္းေဆာင္ႏွင့္ ဦးေဇာ္ဦးတို႔ကို အေရးယူရန္ ဦးေဇာ္မုိးလြင္က အမႈဖြင့္တိုင္ၾကားထားျခင္းသည္။

“သက္ေသအျဖစ္ လာဘ္ေပးခံရတဲ့သူေတြကို ေတြ႕ဆုံေမးျမန္းထားတာကို ဗီဒီယိုရိုက္ကူးၿပီး တင္ျပထား ပါတယ္” မင္းကင္းၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီက တိုင္းေဒသႀကီးကိုယ္စားလွယ္ေလာင္း ဦးေဇာ္မိုးလြင္က ေျပာသည္။

အဆိုပါတိုင္တန္းမႈကို မင္းကင္းၿမိဳ႕မရဲစခန္း(ပ)၁၀၆/၂၀၂၀၊ တိုင္းေဒသႀကီးလႊတ္ေတာ္ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒပုဒ္မ ၅၈(က)အရ အမႈေရးဖြင့္ကာ စစ္ေဆးေဆာင္႐ြက္လ်က္ရွိသည္။

၂၀၂၀ ေရြးေကာက္ပြဲ၌ မင္းကင္းျမိဳ႕ မဲဆႏၵနယ္ေျမမ်ားကုိ NLD ပါတီက အႏုိင္ရရွိခဲ့သည္။

#PeopleMedia #မင္းကင္းၿမိဳ႕

(unicode)
လာဘ်ပေးမဲဆွယ်ခဲ့မှုကြောင့် မင်းကင်းမြို့နယ် NLD ပါတီဝင်သုံးဦးကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက အမှုဖွင့်
……………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ NLD ပါတီဝင်သုံးဦးသည် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း၌ လာဘ်ပေး၍ မဲဆွယ်မှုများရှိခဲ့ခြင်းကြောင့် ၎င်းတို့ကို အရေးယူရန် ပြည်ခိုင်ဖြိုးပါတီတိုင်းလွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဇော်မိုးလွင်က သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ People Media က ဦးဇော်မိုးလွင်ကို ဆက်သွယ်မေးမြန်းရာ၌ “ကျွန်တော်တိုင်း ဒေသကြီး နယ်မြေ ၁ မှာ သူတို့ပါတီ အနိုင်ရဖို့အတွက် သူတို့ရဲ့အောင်နိုင်ရေးကော်မတီနဲ့ ပါတီဝင်တွေက သူတို့ပါတီကို မဲထည့်ရင် ငွေသုံးသောင်းပေးမယ်၊ နောက်တစ်ဦးကျတော့ ငွေတစ်သောင်းပေးမယ်၊ နောက်တစ်ဦးကျတော့ စာသင်ကျောင်းကြေး ငါးသောင်းမပေးရဘူး ငါတို့ပေးမယ်ဆိုပြီး ငွေပေးပြီးမှ မဲဆွယ်တာကို ရွေးကောက်ပွဲ ဥပဒေနဲ့အညီ တိုင်ထားတာပါ”ဟု ဦးဇော်မိုးလွင်က ပြောသည်။

ထိုကဲ့သို့ဆောင်ရွက်မှုများကြောင့် မင်းကင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဒေါ်ခင်မွှေးလွင်၊ NLD ပါတီဝင် ဦးဝင်းဆောင်နှင့် ဦးဇော်ဦးတို့ကို အရေးယူရန် ဦးဇော်မိုးလွင်က အမှုဖွင့်တိုင်ကြားထားခြင်းသည်။

“သက်သေအဖြစ် လာဘ်ပေးခံရတဲ့သူတွေကို တွေ့ဆုံမေးမြန်းထားတာကို ဗီဒီယိုရိုက်ကူးပြီး တင်ပြထား ပါတယ်” မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဦးဇော်မိုးလွင်က ပြောသည်။

အဆိုပါတိုင်တန်းမှုကို မင်းကင်းမြို့မရဲစခန်း(ပ)၁၀၆/၂၀၂၀၊ တိုင်းဒေသကြီးလွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(က)အရ အမှုရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲ၌ မင်းကင်းမြို့ မဲဆန္ဒနယ်မြေများကို NLD ပါတီက အနိုင်ရရှိခဲ့သည်။

#PeopleMedia #မင်းကင်းမြို့


Share this post