• Follow Us on

Home ကာကွယ်ဆေးထိုးပြီးပါကလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်ကျင့်သုံးရမည်ဟု ထိုင်းရောဂါကာကွယ်ရေးဌာနအကြီးအကဲပြော

ကာကွယ်ဆေးထိုးပြီးပါကလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်ကျင့်သုံးရမည်ဟု ထိုင်းရောဂါကာကွယ်ရေးဌာနအကြီးအကဲပြော

Share this post

ဘန်ကောက်၊ ဇန်နဝါရီ ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများရောက်လာခြင်းသည် အများပြည်သူလိုက်နာရန်ထုတ်ပြန်ထားသည့် ဗိုင်း ရပ်စ်ကာကွယ်ရေးလုပ်ထုံးလုပ်နည်းများအဆုံးသတ်သည့်သဘောမဟုတ်ကြောင်းနှင့် နှာခေါင်းစည်းတပ်၊ လက်ဆေးရန်နှင့် လူချင်းခပ်ခွာခွာနေရန်လိုအပ်သေးကြောင်း ထိုင်းရောဂါထိန်းချုပ်ရေးဌာညွှန်ကြားရေးမှူးချုပ် အိုပါ့ ကန်ကာဝင်ပေါင်က ဘန်ကောက်ပို့စ်သတင်းစာနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင်ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသတင်းများသည် စီးပွားရေးနာလန်ထရန်မျှော်လင့်ချက်များအစပြုနိုင်သော် လည်း ကန့်သတ်မှုများကို ချက်ချင်းရုတ်သိမ်းမည်မဟုတ်သေးကြောင်းလည်း ပြောသည်။

ဌာနသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးသည့်လုပ်ငန်းများကို ကြီးကြပ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံသားအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများထိုးပေးမည်ဖြစ်သော်လည်း အန္တရာယ်ရှိနိုင်သည့် အခြေအနေကဲ့သို့သောအချက်အလက်အမျိုးမျိုးအပေါ်မူတည်ပြီး ကာကွယ်ဆေးအရင်ထိုးခံရမည့်လူနှင့် နောက်မှထိုးခံရမည့်လူများရှိနေကြောင်းလည်း သူကပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစုစုပေါင်း သန်း ၆၀ ဝယ်ယူမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ပြောထားသည်။

လာမည့်လတွင်စတင်ပြီး တရုတ်နိုင်ငံမှကာကွယ်ဆေးများရောက်ရှိလာမည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်အတည်ပြုလူနာ ၃၆၅ ယောက်ထပ်တိုးပြီး သေဆုံးသူ ၁ ယောက်ထပ်တိုးသည်။

ထို့ကြောင့် ထိုင်းတွင် အတည်ပြုလူနာ ၉၃၃၁ ယောက်ရှိနေပြီး သေဆုံးသူ ၆၆ ယောက်ရှိနေသည်။

Ref : Qualified hope

#PeopleMedia

(unicode)
………………………………………….










Ref : Qualified hope

#PeopleMedia


Share this post