• Follow Us on

Home ကိုဗစ္ပိုးေတြ႕ လူနာတည္းခိုခဲ့သည့္ ျမစ္ႀကီးနားက ေအးခ်မ္းသာတည္းခိုခန္း ေလာ့ေဒါင္းခ်

ကိုဗစ္ပိုးေတြ႕ လူနာတည္းခိုခဲ့သည့္ ျမစ္ႀကီးနားက ေအးခ်မ္းသာတည္းခိုခန္း ေလာ့ေဒါင္းခ်

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၃

ကိုဗစ္ ၁၉ ပိုးေတြ႕ လူနာတည္းခိုခဲ့သည့္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ၿမိဳ႕သစ္ရပ္ကြက္က ေအးခ်မ္းသာ အဆင့္ျမင့္ တည္းခိုခန္းကို ယေန႔ (စက္တင္ဘာ ၂၃)ရက္ေန႔ တြင္ ေလာ့ေဒါင္းခ်လိုက္ၿပီ ျဖစ္ေၾကာင္း ျပည္နယ္ ကိုဗစ္ ၁၉ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီမွ သိရသည္။

ယင္းပိုးေတြ႕လူနာမွာ ေနျပည္ေတာ္တြင္ Quarantine ဝင္ေနစဥ္ ပိုးေတြ႕ခဲ့သည့္ အင္ဂ်န္းယန္ၿမိဳ႕နယ္မွ ရဲဝန္ထမ္းတစ္ဦး ျဖစ္ၿပီး ယခုလ (၁၆)ရက္ေန႔က တည္းခိုခဲ့ေသာေၾကာင့္ ယခုကဲ့သို႔ ေလာ့ေဒါင္းခ်လိုက္ရျခင္း ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ကိုဗစ္ ၁၉ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီမွ တာဝန္ရွိတစ္ဦးျဖစ္သူ ဦးတင့္နိုင္ကေျပာသည္။

”သူက အင္ဂ်န္းယန္က ဒုရဲတပ္ၾကပ္တစ္ေယာက္ပါ သူက ေနျပည္ေတာ္ကို ေျပာင္းေပါ့ ဟိုမွာ Quarantine ေဆးစစ္ေတာ့ ပိုးေတြ႕တယ္။ အဲ့ေတာ့ သူက ဒီမွာႏွစ္ရက္တည္းသြားတယ္ ဒါနဲ႔ပတ္သက္ၿပီး ေလာ့ေဒါင္းခ်တာပါ” ဟု ဦးတင့္နိုင္ကေျပာသည္။

လက္ရွိတြင္ ေလာ့ေဒါင္းခ်ထားသည့္ ယင္းတည္းခိုခန္းအတြင္းရွိ လူမ်ားကိုလည္း အသြား အလာကန္႔ထားေၾကာင့္ ၿမိဳ႕သစ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးဆင္ဝါးေနာ္က ဆိုသည္။

”အထဲမွာ ရွိတဲ့လူၾကေတာ့ အထဲမွာပဲ အျပင္အထြက္လို႔ မရဘူး။ စားစရာေတြဆိုလည္း အျပင္ကေနၿပီးေတာ့မွ စားေပၚမွာ ခ်ေပး သူတို႔က ေကာက္ယူပဲ။ ေလာ့ေဒါင္းက ၂၁ ရက္ခ်မယ္”ဟု ဦးဆင္ဝါးေနာ္ကေျပာသည္။

လက္ရွိတြင္ ယင္းတည္းခိုခန္း၌ တည္းခိုခဲ့သူမ်ားႏွင့္ ဆက္စပ္သူမ်ားကို Quarantine ထားရွိရန္ လိုက္လံစုံစမ္းေနဆဲ ျဖစ္ေၾကာင္း သိရသည္။

လြမ္းေအာင္

#PeopleMedia #EPN #ျမစ္ႀကီးနား #COVID19

(unicode)

ကိုဗစ်ပိုးတွေ့ လူနာတည်းခိုခဲ့သည့် မြစ်ကြီးနားက အေးချမ်းသာတည်းခိုခန်း လော့ဒေါင်းချ

မြစ်ကြီးနား၊ စက်တင်ဘာ ၂၃

ကိုဗစ် ၁၉ ပိုးတွေ့ လူနာတည်းခိုခဲ့သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊မြို့သစ်ရပ်ကွက်က အေးချမ်းသာ အဆင့်မြင့် တည်းခိုခန်းကို ယနေ့ (စက်တင်ဘာ ၂၃)ရက်နေ့ တွင် လော့ဒေါင်းချလိုက်ပြီ ဖြစ်ကြောင်း ပြည်နယ် ကိုဗစ် ၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ယင်းပိုးတွေ့လူနာမှာ နေပြည်တော်တွင် Quarantine ဝင်နေစဥ် ပိုးတွေ့ခဲ့သည့် အင်ဂျန်းယန်မြို့နယ်မှ ရဲဝန်ထမ်းတစ်ဦး ဖြစ်ပြီး ယခုလ (၁၆)ရက်နေ့က တည်းခိုခဲ့သောကြောင့် ယခုကဲ့သို့ လော့ဒေါင်းချလိုက်ရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် ကိုဗစ် ၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိတစ်ဦးဖြစ်သူ ဦးတင့်နိုင်ကပြောသည်။

”သူက အင်ဂျန်းယန်က ဒုရဲတပ်ကြပ်တစ်ယောက်ပါ သူက နေပြည်တော်ကို ပြောင်းပေါ့ ဟိုမှာ Quarantine ဆေးစစ်တော့ ပိုးတွေ့တယ်။ အဲ့တော့ သူက ဒီမှာနှစ်ရက်တည်းသွားတယ် ဒါနဲ့ပတ်သက်ပြီး လော့ဒေါင်းချတာပါ” ဟု ဦးတင့်နိုင်ကပြောသည်။

လက်ရှိတွင် လော့ဒေါင်းချထားသည့် ယင်းတည်းခိုခန်းအတွင်းရှိ လူများကိုလည်း အသွား အလာကန့်ထားကြောင့် မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆင်ဝါးနော်က ဆိုသည်။

”အထဲမှာ ရှိတဲ့လူကြတော့ အထဲမှာပဲ အပြင်အထွက်လို့ မရဘူး။ စားစရာတွေဆိုလည်း အပြင်ကနေပြီးတော့မှ စားပေါ်မှာ ချပေး သူတို့က ကောက်ယူပဲ။ လော့ဒေါင်းက ၂၁ ရက်ချမယ်”ဟု ဦးဆင်ဝါးနော်ကပြောသည်။

လက်ရှိတွင် ယင်းတည်းခိုခန်း၌ တည်းခိုခဲ့သူများနှင့် ဆက်စပ်သူများကို Quarantine ထားရှိရန် လိုက်လံစုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်

#PeopleMedia #EPN #မြစ်ကြီးနား #COVID19


Share this post