• Follow Us on

Home ကလေးအ၀တ်များရေလျှော်လည်း DNA မပျောက်ကြောင်းမျိုးရိုးဗီဇ DNA စစ်ဆေးခြင်းလုပ်ကိုင်သူပြော ရန်ကုန်တွင် ဗစ်တိုးရီးယားကလေးငယ်အတွက် လူထောင်ချီဆန္ဒထုတ်ဖေါ်

ကလေးအ၀တ်များရေလျှော်လည်း DNA မပျောက်ကြောင်းမျိုးရိုးဗီဇ DNA စစ်ဆေးခြင်းလုပ်ကိုင်သူပြော ရန်ကုန်တွင် ဗစ်တိုးရီးယားကလေးငယ်အတွက် လူထောင်ချီဆန္ဒထုတ်ဖေါ်

Share this post

“ကလေးအ၀တ်အစား DNA ဆိုရင်လည်း ရေလျှော်ပြီးတိုင်းလည်းမပျောက်ပါဘူးရှိ တယ်။ DNA ဆိုတာ ဘယ်လောက်ပဲ နှစ်ပေါင်းများစွာရှိရှိ ကျန်ခဲ့ပါတယ်။” ရှင်ငြိမ်းမယ် (မာမီကွတ်-ခိုကိုးရမဲ့ကိုယ်ဝန်ဆောင်များ ကူညီရေး)

ဒီကနေ့ ရန်ကုန်မြို့မှာ ဗစ်တိုးရီးယားကလေးငယ်အမှုမှန်ပေါ်ပေါက်ရေးအတွက် ကျောက်တော်ကြီးဘုရား ကနေ အောက်မင်္ဂလာဒုံလမ်းမကတစ်ဆင့် အင်းစိန် CID ရုံးအ ထိစီတန်းလှည့်လည်ဆန္ဒထုတ် ဖေါ်ခဲ့ကြပြီး အဆိုပါဆန္ဒပြပွဲမှာ ပါဝင်ဆန္ဒ ထုတ်ဖေါ်ခဲ့တဲ့ မျိုးရိုးဗီဇ DNA စစ်ဆေးခြင်းလုပ်ကိုင်သူ ရှင်ငြိမ်းမယ်(မာမီကွတ်-ခိုကိုးရမဲ့ကိုယ်ဝန်ဆောင်များကူညီရေး ) က အထက်ပါအတိုင်းပြောကြားခဲ့ တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်မှ ဒုရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူကတော့ ဗစ်တိုးရီးယား ကလေးငယ်ရဲ့ဘောင်းဘီကို ၎င်းရဲ့မိခင်ကလျှော်ရန် ရေထဲစိမ်လိုက်တဲ့အတွက် DNA စစ်လို့ မဖြစ်နိုင်တော့ကြောင်းနဲ့ဓါတုဗေဒပိုင်းအရပဲစစ်လို့ရတော့တယ်လို့ မီဒီယာများ ကိုပြောကြားထားခဲ့ပါတယ်။


Share this post
https://www.facebook.com/1120229281493723/videos/2226798937439168/