• Follow Us on

Home ကလေးမြို့၌ အမည်မသိလက်နက်ကိုင်အဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်၍ အိမ်ရှိ လူ (၂) ဦးကို ဓားဖြင့် ထိုးကာ ရွှေထည်ပစ္စည်းများယူဆောင်

ကလေးမြို့၌ အမည်မသိလက်နက်ကိုင်အဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်၍ အိမ်ရှိ လူ (၂) ဦးကို ဓားဖြင့် ထိုးကာ ရွှေထည်ပစ္စည်းများယူဆောင်

Share this post

နေပြည်တော်၊ သြဂုတ် ၂၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ အောင်သစ္စာရပ်ကွက်ရှိ ဦးကံမြင့်တို့နေအိမ်သို့ အမည်မသိ လက်နက် ကိုင်အဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်၍ အိမ်သား ၂ ဦးအား ဓားဖြင့်ထိုးကာ ရွှေထည်ပစ္စည်းများ ယူဆောင်မှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၂၄ ရက် ည ၁၁ နာရီခွဲတွင် ကလေးမြို့၊ အောင်သစ္စာလမ်းရပ်ကွက်နေ ဦးကံမြင့်၏ နေအိမ်သို့ မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် ခြံဝန်းအပြင်ဘက်မှ အကြမ်းဖက်သူအမျိုးသား ၇ ဦးက ခြံတံခါး ဖွင့်ပေးရန် အော်ဟစ်နေသောကြောင့် ဦးကံမြင့်နှင့် သားဖြစ်သူတို့ သွားကြည့်ရာ အကြမ်းဖက်သူအမျိုးသား ၇ ဦးအနက် ၃ ဦးမှာ တူမီးသေနတ်များကိုယ်စီဖြင့် ခြံဝန်းတံခါးအား ကျော်တတ်ဝင်ရောက်ကာ ၎င်း၏ နေအိမ်တံ ခါးကိုလည်း ထပ်မံဖျက်ဆီးနေသည်ကို တွေ့မြင်ရသဖြင့် ဦးကံမြင့်နှင့် သားဖြစ်သူတို့မှာ နေအိမ်အနောက် ဘက်သို့ ထွက်ပြေးခဲ့ကြောင်း န-စ-က မှ သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ လက်နက်ကိုင်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ပြီး နေအိမ်ရှေ့ခန်းတွင် အိပ်ပျော်နေသည့် ဦးကံမြင့်၏ သားဖြစ်သူကို အကြမ်းဖက်များက လည်ပင်းနှင့် ဝမ်းဗိုက်ကို ဓားဖြင့်ထိုးပြီးနောက် နေအိမ်အိပ်ခန်း၌  အိပ်ပျော် နေသည့် ဦးကံမြင့်၏ ဇနီးကိုလည်း ဓာဖြင့်ထိုးကာ ဝတ်ဆင်ထားသည့် ရွှေလက်ကောက် ၅ ကွင်းကိုလည်း ယူ ဆောင်သွားခဲ့သည်။

 

လက်ရှိအချိန်၌ ကျူးလွန်သူများကို ဖမ်းမိခြင်း မရှိသေးကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

 

#PeopleMedia #ကလေးမြို့

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post