• Follow Us on

Home မြောက်ဥက္ကလာပမြို့နှင့် မရမ်းကုန်းမြို့နယ်တို့တွင် လူငယ်တစ်ချို့ထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မြောက်ဥက္ကလာပမြို့နှင့် မရမ်းကုန်းမြို့နယ်တို့တွင် လူငယ်တစ်ချို့ထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် နေထိုင်သည့် လူငယ်တစ်ချို့ ထံမှ သြဂုတ်လ ၂၅ ရက်နေ့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar မှ ထုတ်ပြန်လိုက်သည်။

 

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဂ)ရပ်ကွက်၊ ဥက္ကာ(၇)လမ်း၊ အမှတ် (၁၉၂) ဧည့်ရိပ်သာအနီးတွင် သတင်းအရ ပူးပေါင်းအဖွဲ့သည် သွားရောက်စစ်ဆေးစဉ် ဉာဏ်လင်းဦး(ခ)သားသား မောင်းနှင်ပြီး ကြည်ဇင်သာ(ခ)မောင်ကြည် လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးရမိသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်အရ ၁၃ နာရီ ၅ဝ အချိန်တွင် ပူးပေါင်းအဖွဲ့သည် အထက်ပါ ဧည့်ရိပ်သာအား ဝင်ရောက်ရှာဖွေရာ အခန်းတစ်ခန်းအတွင်းမှ နှင်းရတီချစ်(ခ)နှင်းရတီနှင့် နန်းယွန်းသီရိ တို့အားတွေ့ရှိပြီး၊ အိပ်ခန်းအိပ်ယာကုတင်ပေါ်ရှိ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၃၅ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၂၃၅ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၆.၈၂ သိန်း)၊ ဘိန်းဖြူအလေးချိန် ဝ.၁ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၂၅ဝဝ ကျပ်)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ပူးပေါင်းအဖွဲ့များမှ သြဂုတ်လ ၂၅ ရက်နေ့ ၁၇ နာရီ ၃ဝ အချိန်တွင် သတင်းအရ သက်သေ များနှင့်အတူ မရမ်းကုန်မြို့နယ်၊ (၂) ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ City Mark Supermarket ရှေ့တွင် ရောက်ရှိလာသူ ရဲလင်း(ခ)ရဲလေးအား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂ဝဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ရကြောင်း သိရသည်။

 

သို့ဖြစ်၍ ကြည်ဇင်သာ(ခ)မောင်ကြည်(၂၈)နှစ်၊ ဉာဏ်လင်းဦး(ခ)သားသား (၂၃)နှစ်၊ မနှင်းရတီချစ်(ခ)နှင်းရတီ (၂၃)နှစ်နှင့် နန်းယွန်းသီရိ (၂၄)နှစ်တို့အပြင် ရဲလင်း(ခ)ရဲလေး (၂၈) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း CCDAC Myanmar မှ ထုတ်ပြန်ထား သည်။

 

#PeopleMedia #မူးယစ် #CCDACMyanmar

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 



Share this post