• Follow Us on

Home အာဖဂန်မှ ခြိမ်းခြောက်မှုများအား လက်တွဲတိုက်ခိုက်သွားရန် ရုရှားနှင့် တရုတ် သဘောတူ

အာဖဂန်မှ ခြိမ်းခြောက်မှုများအား လက်တွဲတိုက်ခိုက်သွားရန် ရုရှားနှင့် တရုတ် သဘောတူ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်များသိမ်းပိုက်ပြီးနောက် ပေါ်ထွက်လာမည့် ခြိမ်းခြောက်မှုများအား တုံ့ပြန် ရန်အတွက် နှစ်နိုင်ငံအတူလက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တရုတ်သမ္မတချီကျင့်ဖင်တို့ သဘောတူညီခဲ့ကြောင်း သြဂုတ်လ ၂၅ ရက်နေ့တွင် ရုရှားအစိုးရကပြောသည်။

 

နိုင်ငံ့ခေါင်းဆောင်နှစ်ဦးဖုန်းပြောဆိုရာတွင် “အာဖဂန်နစ္စတန်နိုင်ငံမှ ပေါ်ထွက်လာမည့် အကြမ်းဖက်ခြိမ်းခြောက် မှုများနှင့် မူးယစ်ဆေးဝါးကုန်ကူးမှုများကိုတိုက်ဖျက်ရာတွင် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားရန် ခေါင်း ဆောင်နှစ်ဦး၏သဘောထားကို ဖော်ပြခဲ့ကြကြောင်း” ရုရှားအစိုးရ၏ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထား သည်။ အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်းရေးအမြန်တည်ဆောက်ရေးနှင့် မငြိမ်သက်မှုများ အိမ်နီးချင်းနိုင်ငံများသို့ ပြန့်ပွားရောက်ရှိမသွားစေရန် ကာကွယ်တားဆီးနိုင်ရေးတို့အတွက်လည်း ခေါင်းဆောင်နှစ်ဦးကထည့်သွင်းပြော ကြားသွားခဲ့သည်။

 

နှစ်နိုင်ငံဆက်ဆံရေးကိုမြှင့်တင်သွားမည်ဖြစ်ပြီး နောက်လတွင် တာဂျစ်ကစ္စတန်နိုင်ငံတွင် အစည်းအဝေးကျင်းပ ရန်စီစဉ်ထားသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Shanghai Cooperation Organisation (SCO) ၏ အရည်အချင်းများကို အကောင်းဆုံးထုတ်နုတ်အသုံးချသွားရန် ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့သည်။

ရုရှားအစိုးရက စစ်အခြေစိုက်စခန်းများထားရှိသော ယခင်ဆိုဗီယက်ပြည်ထောင်စုဟောင်းအဖွဲ့ဝင် ဗဟိုအာရှ နိုင်ငံအချို့မှာ အာဖဂန်နစ္စတန်၊ တရုတ်နိုင်ငံတို့နှင့် နယ်မြေချင်းဆက်စပ်လျက်ရှိသည်။

 

ကဘူးမြိ့မှ အာဖဂန်တို့၏ခေါင်းဆောင်မှုအသစ်အပြောင်းအလဲကို ရုရှားအစိုးရက သတိကြီးစွာဖြင့် အပြုသ ဘောဆောင်သည့်ဆက်ဆံရေးမျိုးဖြင့် ပြောဆိုနေသော်လည်း ရုရှားသမ္မတပူတင်သည် အာဖဂန်အကြမ်းဖက်သ မားများ ဒုက္ခသည်အရေခြုံ၍ အိမ်နီးချင်းနိုင်ငံများအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် သတိပေးထားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်ပအင်အားကြီးနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုအား သမ္မတပူတင် ကဝေဖန်ခဲ့ပြီး ရုရှားအစိုးရအနေဖြင့် ဆယ်စုနှစ်ကြာအောင် အာဖဂန်နစ္စတန်နိုင်ငံကို ဝင်ရောက်ကျူးကျော်ခဲ့ သည့် အတိတ်ကဖြစ်ရပ်မှ သင်ခန်းစာများရယူခဲ့ကြောင်း ပြောဆိုခဲ့သည်။

 

Ref: Russia, China Agree To Jointly Combat Afghanistan “Threats”

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 



 


 


 

Ref: Russia, China Agree To Jointly Combat Afghanistan “Threats”

 

#PeopleMedia


Share this post