• Follow Us on

Home ကံမမြို့နယ်ရှိ PDF စခန်း ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံခဲ့ရ

ကံမမြို့နယ်ရှိ PDF စခန်း ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံခဲ့ရ

Share this post

မကွေး၊ ဇန်နဝါရီ ၁၅ (People Media)

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်နှင့် ၃၃ မိုင်ခန့်အကွာရှိ မဒေးသစ်တောကြိုးဝိုင်းအတွင်းရှိ ကံမ PDF စခန်း ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ကံမမြို့နယ်နှင့် ၃၃ မိုင်ခန့်အကွာရှိ မဒေးသစ်တော ကြိုးဝိုင်းအ တွင်းရှိ ကံမ PDF စခန်းကို လုံခြုံရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းပြီးနောက် နှစ်ဘက်တိုက်ပွဲများ ဖြစ် ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခြင်းခံခဲ့ရသည်။

 

“အသေတစ်လောင်း အရှင် သုံးယောက် ဖြစ်ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ ကံမမြို့ PDF အဖွဲ့သည် စခန်းစွန့်ခွာပြီး ၎င်းတို့ ပိုင်ဆိုင်သော လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများက သိမ်းဆည်းသွားသည်။

 

#PeopleMedia #မကွေးတိုင်း #ကံမမြို့

 

(unicode)


……………………………………………………….

 


 


 


 


 


 



Share this post