• Follow Us on

Home ကျူဘားနိုင်ငံရဲ့ ကုလသံတမန်နှစ်ဦးကို နယူးယောက်က အမေရိကန်အစိုးရမောင်းထုတ်

ကျူဘားနိုင်ငံရဲ့ ကုလသံတမန်နှစ်ဦးကို နယူးယောက်က အမေရိကန်အစိုးရမောင်းထုတ်

Share this post

အမေရိကန်အစိုးရဟာ နယူးယောက်မှာရှိတဲ့ ကျူဘားနိုင်ငံရဲ့ ကုလသံတမန် နှစ်ယောက်ကို နိုင်ငံက မောင်းထုတ်လုပ်ပါတယ်။

အခုလို မောင်းထုတ်ခဲ့တာက အမေရိကန်အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကြောင့်ဖြစ် တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်အစိုးရက အခုလို စွပ်စွဲရတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ကျူဘား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါဟာ မတရားတဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံခြားအခြေအနေတွေကို ပိုပြီးတင်းမာစေလိမ့်မယ့်လို့ ပြောပါတယ်။

ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်တွေဟာ လာမယ့်ရက်ပိုင်းအတွင်း ကုလသမဂ္ဂမှာ နှစ်စဉ်အစည်းအဝေးကို တက်ရောက်ကြဖို့ရှိနေပါတယ်။

Ref;BBC


Share this post