• Follow Us on

Home ခင္ဦးၿမိဳ႕မေဒါင္းလွေက်းရြာမဲ႐ုံဥကၠ႒ကို ႀကိမ္းေမာင္းေျပာဆိုသည့္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၏ သမီးႏွင့္ အေပါင္းအပါကို အမႈဖြင့္တိုင္တန္း

ခင္ဦးၿမိဳ႕မေဒါင္းလွေက်းရြာမဲ႐ုံဥကၠ႒ကို ႀကိမ္းေမာင္းေျပာဆိုသည့္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၏ သမီးႏွင့္ အေပါင္းအပါကို အမႈဖြင့္တိုင္တန္း

Share this post

ရန္ကုန္၊ နို၀င္ဘာ-၆ (PeopleMedia)

စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္၊ မေဒါင္းလွေက်းရြာ ေကာ္မရွင္ဥကၠ႒ကို ႀကိမ္းေမာင္းေျပာဆိုမႈေၾကာင့္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၏ သမီးႏွင့္ အေပါင္းအပါမ်ားကို ခင္ဦးၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္တိုင္ တန္းလိုက္သည္။

“မေန႔ညက အမႈလာဖြင့္တာပါ၊ ဒါကို စစ္ၿပီးရင္ အႀကံေတာင္းတင္မယ္ ၿပီးရင္ တရားစြဲတင္ဖို႔ လုပ္ရမွာေပါ့”ဟု ခင္ဦးၿမိဳ႕နယ္ရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

မေဒါင္းလွေက်းရြာရွိ ႀကိဳတင္မဲ႐ုံထဲကို NLD လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၏ သမီးျဖစ္သူက ပါတီ အမွတ္အသားပါသည့္ အကၤ်ီကိုဝတ္ဆင္လာၿပီး ေက်းရြာေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ကို မဲ႐ုံထဲမွာ ႀကိမ္းေမာင္းေျပာဆိုျခင္းေၾကာင့္ ေရြးေကာင္ပြဲေကာ္မရွင္ဥကၠ႒က အထက္ပါ အမ်ိဳးသမီးမ်ားကို ယမန္ေန႔ ညေနပိုင္းတြင္ ခင္ဦးၿမိဳ႕နယ္ရဲစခန္းတြင္ အမႈဖြင့္တိုင္တန္းလိုက္ျခင္းျဖစ္သည္။

“လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းရဲ႕ ကိုယ္စားလွယ္ေလ မဲ႐ုံထဲ ၀င္ခြင့္ရွိတာေပါ့၊ ဒါကို ၿပိဳင္ဘက္ပါတီရဲ့ ကိုယ္စားလွယ္က ေဒၚေအာင္ဆန္းစုၾကည္႐ုပ္ပုံပါတဲ့အက်ီနဲ႔ေၾကာင့္မို႔ မ၀င္နဲ႔လို႔ သူကႀကိမ္းေမာင္းတာပါ၊ ဒါနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔လည္း တရားစြဲဖို႔ စီစဥ္ေနပါတယ္” NLD ပါတီ၏ ခင္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း ေဒါက္တာ၀င္းေအာင္က ေျပာသည္။

ေဒါက္တာ၀င္းေအာင္ ၂၀၁၅ ေရြးေကာက္ပြဲ၌ ခင္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္မႈ ခံခဲ့ရၿပီး ၂၀၂၀ ေရြးေကာက္ပြဲ၌ ထပ္မံ၍ ခင္ဦးၿမိဳ႕နယ္၌ ဝင္ေရာက္ေရြးခ်ယ္ခံသူ ျဖစ္သည္။
ေဒါက္တာ၀င္းေအာင္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္သလို သူ၏ သမီးမွာလည္း ယခုေရြးေကာက္ပြဲ အတြက္ ခန႔္အပ္ထားသည့္ ကိုယ္စားလွယ္တစ္ဦးျဖစ္သည္။

အဆိုပါအမႈကို ခင္ဦးၿမိဳ႕မရဲစခန္း (ပ)၃၉၆/၂၀၂၀၊ ျပည္သူ႔လႊတ္ေတာ္ ေရြးေကာက္ပြဲဥပေဒပုဒ္မ-၅၉(ဈ)အရ တိုင္းေဒသႀကီး(၂) မဲ႐ုံကိုယ္စားလွယ္ ေဒၚႏြယ္နီဦးက တရားလိုလုပ္ၿပီး အမႈဖြင့္ထားတာျဖစ္ၿပီး၊ သက္ေသ အျဖစ္ ဗီဒီယိုအေခြကို တင္ျပထားသည္။

#PeopleMedia #UEC #ခင္ဦးၿမိဳ႕

(Unicode)
ခင်ဦးမြို့မဒေါင်းလှကျေးရွာမဲရုံဥက္ကဋ္ဌကို ကြိမ်းမောင်းပြောဆိုသည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း၏ သမီးနှင့် အပေါင်းအပါကို အမှုဖွင့်တိုင်တန်း
…………………………………………………….

ရန်ကုန်၊ နိုဝင်ဘာ-၆ (PeopleMedia)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာ ကော်မရှင်ဥက္ကဋ္ဌကို ကြိမ်းမောင်းပြောဆိုမှုကြောင့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း၏ သမီးနှင့် အပေါင်းအပါများကို ခင်ဦးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင် တန်းလိုက်သည်။

“မနေ့ညက အမှုလာဖွင့်တာပါ၊ ဒါကို စစ်ပြီးရင် အကြံတောင်းတင်မယ် ပြီးရင် တရားစွဲတင်ဖို့ လုပ်ရမှာပေါ့”ဟု ခင်ဦးမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဒေါင်းလှကျေးရွာရှိ ကြိုတင်မဲရုံထဲကို NLD လွှတ်တော်ကိုယ်စားလှယ်လောင်း၏ သမီးဖြစ်သူက ပါတီ အမှတ်အသားပါသည့် အင်္ကျီကိုဝတ်ဆင်လာပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို မဲရုံထဲမှာ ကြိမ်းမောင်းပြောဆိုခြင်းကြောင့် ရွေးကောင်ပွဲကော်မရှင်ဥက္ကဋ္ဌက အထက်ပါ အမျိုးသမီးများကို ယမန်နေ့ ညနေပိုင်းတွင် ခင်ဦးမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းလိုက်ခြင်းဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်လေ မဲရုံထဲ ဝင်ခွင့်ရှိတာပေါ့၊ ဒါကို ပြိုင်ဘက်ပါတီရဲ့ ကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါတဲ့အကျီနဲ့ကြောင့်မို့ မဝင်နဲ့လို့ သူကကြိမ်းမောင်းတာပါ၊ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း တရားစွဲဖို့ စီစဉ်နေပါတယ်” NLD ပါတီ၏ ခင်ဦးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းအောင်က ပြောသည်။

ဒေါက်တာဝင်းအောင် ၂၀၁၅ ရွေးကောက်ပွဲ၌ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်မှု ခံခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲ၌ ထပ်မံ၍ ခင်ဦးမြို့နယ်၌ ဝင်ရောက်ရွေးချယ်ခံသူ ဖြစ်သည်။
ဒေါက်တာဝင်းအောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သလို သူ၏ သမီးမှာလည်း ယခုရွေးကောက်ပွဲ အတွက် ခန့်အပ်ထားသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

အဆိုပါအမှုကို ခင်ဦးမြို့မရဲစခန်း (ပ)၃၉၆/၂၀၂၀၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(ဈ)အရ တိုင်းဒေသကြီး(၂) မဲရုံကိုယ်စားလှယ် ဒေါ်နွယ်နီဦးက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာဖြစ်ပြီး၊ သက်သေ အဖြစ် ဗီဒီယိုအခွေကို တင်ပြထားသည်။

#PeopleMedia #UEC #ခင်ဦးမြို့


Share this post