• Follow Us on

Home အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသည့် ပြင်သစ်နိုင်ငံသားများနှင့်အတူ စည်းလုံးညီညွတ်မှုရှိသည်ဟု ကနေဒါဝန်ကြီး ချုပ်ပြော


Share this post

ပဲရစ်၊ နိုဝင်ဘာ ၆








#PeopleMedia

(Unicode)
အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသည့် ပြင်သစ်နိုင်ငံသားများနှင့်အတူ စည်းလုံးညီညွတ်မှုရှိသည်ဟု ကနေဒါဝန်ကြီး ချုပ်ပြော
…………………………………………………………

ပဲရစ်၊ နိုဝင်ဘာ ၆

မကြာသေးခင်က ပြင်သစ်သမ္မတ၏လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ဆိုင်ရာမှတ်ချက်များရှိနေချိန်တွင် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒူးနှင့် ပြင်သစ်သမ္မတ အီမန်နျုရယ် မက်ခရွန်တို့ဖုန်းမှတဆင့် ဆွေးနွေးခဲ့သည်။

မကြာသေးမီက အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပြင်သစ်နိုင်ငံသားများနှင့်အတူ ကနေဒါနိုင်ငံသားများ အတူရပ်တည်နေကြောင်း မစ္စတာ ထရူးဒူးကပြောသည်။

ကျောင်းသားအချို့ကို တမန်တော်မိုဟာမက်ရုပ်ပြောင်များပြသခဲ့ပြီးနောက် ပဲရစ်ဆင်ခြေဖုံးမှကျောင်းဆရာ တယောက် ခေါင်းဖြတ်သတ်ခံခဲ့ရသည်။

ပြီးခဲ့သည့်တပတ်က ကနေဒါဝန်ကြီးချုပ်၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အကြောင်းမှတ်ချက်ကို ပြင်သစ်နှင့်ကနေဒါနှစ်နိုင်ငံစလုံးတွင် ဝေဖန်မှုများရှိနေသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ ကာတွန်းများဖြန့်ချိမှုအပေါ်ကာကွယ်ပြောဆိုမှုသည် မွတ်ဆလင်အများစုနေထိုင်သည့်နိုင်ငံများတွင် ဆန္ဒပြမှုများမြင့်တက်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြင်သစ်သံရုံးကို ဝင်စီးရန်ကြိုးပမ်းမှုများအထိရှိနေသည်။

ပြင်သစ်ကုန်စည်များကို အချို့နိုင်ငံများတွင် တိုက်တွန်းမှုများရှိနေသည်။

Ref : Trudeau and Macron speak after cartoon remark controversy

#PeopleMedia


Share this post