• Follow Us on

Home ချင်းပြည်နယ်ဝန်ကြီးချုပ်တာဝန်အား ကိုယ်ကျိုးစီးပွားဖက်တွယ်ခြင်းမပြုသူနှင့် ကျောသားရင်သားခွဲခြားခြင်း မရှိ သူကို တာဝန်ပေးရန် အရပ်ဘက်အဖွဲ့အစည်း(၈)ဖွဲ့ တောင်းဆို

ချင်းပြည်နယ်ဝန်ကြီးချုပ်တာဝန်အား ကိုယ်ကျိုးစီးပွားဖက်တွယ်ခြင်းမပြုသူနှင့် ကျောသားရင်သားခွဲခြားခြင်း မရှိ သူကို တာဝန်ပေးရန် အရပ်ဘက်အဖွဲ့အစည်း(၈)ဖွဲ့ တောင်းဆို

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ချင်းပြည်နယ်ဝန်ကြီးချုပ်တာဝန်အား ကိုယ်ကျိုးစီးပွားကိုဖက်တွယ်ခြင်းမပြုသူနှင့် ကျောသားရင်သားခွဲခြားခြင်း မရှိသူရှိသည့် ကိုယ်စားလှယ်ကိုသာ ရွေးချယ်တာဝန်ပေးရန် ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်း(၈)ဖွဲ့က တောင်း ဆိုသည့် သဘောထားထုတ်ပြန်လိုက်သည်။

မကြာခင်ဖွဲ့စည်းမည့် တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော်သက်တမ်း ချင်းပြည်နယ်အစိုးရအဖွဲ့ခေါင်း ဆောင်ဝန်ကြီးချုပ်တာဝန်ပေးအပ်ရာတွင် ချင်းပြည်နယ်တစ်ဝှမ်းလုံး တရားမျှတမှုကို ဖော်ဆောင်နိုင်ပြီး၊ ရေရှည်တည်တံသော ဖွံဖြိုးရေးအမြင်ရှိသူ၊ နယ်မြေအေးချမ်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဖော် ဆောင်နိုင်ရေးအတွက် အရပ်ဘက်စစ်ဘက်ညှိနှိုင်းဆောင်ရွက်နိုင်သူ၊ ကိုယ်ကျိုးစီးပွားကို ဖက်တွယ်ခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွား အကျိုးပြုစိတ်ဓာတ်ဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မဆို အပြုသဘောဆောင်ဆက်ဆံ နိုင်သူ၊ အစိုးရတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အမည်ပျက်ယွင်းသတင်းထွက်ပေါ်ခြင်းမရှိသူ၊ မြို့နယ် ဒေသ ကျောသားရင်းသားခွဲခြားခြင်းမရှိသူ စသည်များနှင့် ကိုက်ညီသည့် ပြည်သူ့ကိုယ်စားလှယ်ကိုသာ ရွေးချယ်တာဝန်ပေးအပ်နိုင်ရန် တောင်းဆိုကြောင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ချင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ ဦးဆောင်သူ ဦးပီ တာလွယ်လူးက ပြောဆိုရာမှာ လက်ရှိ ဝန်ကြီးကို ပြည်သူတွေ မျှော်လင့်ထားတာက သူလုပ်နေတာထက် ပိုပြီးမျှော်လင့်ထားတာပေါ့၊ ဥပမာ ပလက်ဝမှာ စစ်ဘေးဒုက္ခသည်တွေနဲ့ပက်သက်ပြီး ဝန်ကြီးချုပ်ရဲ့ ကိုင်တွယ်ပုံက ကျွန်တော်တို့ သိပ်အားမလိုအားမရ ဖြစ်မိတာပေါ့၊ ဝန်ကြီးချုပ်ဆိုတာ ဒီမိုကရေစီခေတ်မှာ ပြည်သူတွေရဲ့ကိုယ်စား အလုပ်လုပ်တဲ့သူတွေ ဖြစ်ပေါ့၊ အဲ့ဒါကြောင့် သူတို့ရဲ့စွမ်းရည်ကို အဲ့ထက်ပိုပြီး မျှော်လင့်မိတာလို့ အားမရမိလို့ ဒီလို ထုတ်ပြန်ရတာပါဟု ပြောသည်။

ချင်းပြည်နယ်သည် နိုင်ငံတွင် ဆင်းရဲမွဲတေမှုအဆင့်မြင့်ဆုံးတွင်ရှိနေခြင်း၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း ချင်းပြည်နယ်အစိုးရအနေဖြင့် စစ်တမ်းရလဒ်တစ်ခုတွင် လာဘ်ပေးလာဘ်ယူ အမြင့်ဆုံးတွင်ရှိနေခြင်း၊ ပြည် နယ်တွင်း ဘတ်ဂျက်ဝေမှုမညီမျှမှုများရှိနေခြင်းကြောင့် ဒေသခံများ မကျေမနပ်သံများရှိကြောင်း ထုတ်ပြန်ချ က်တွင်ပါရှိသည်။

ဆက်လက်ဖော်ပြထားရာတွင် အစိုးရတင်ဒါခွဲမှုတွင်လည်း မျှတမှုမရှိကြောင်း သတင်းများထွက်ပေါ် နေခြင်းတို့မှာ အစိုးရအဖွဲ့ခေါင်းဆောင်၏ စီမံခန့်ခွဲမှု အားနည်းမှုကြောင့်ဖြစ်ပြီး နောင်အစိုးရတွင် အထက်ပါ အရည်းအချင်းများနှင့် ပြည်စုံသူများကိုသာ တာဝန်ပေးသင့်ကြောင်း ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန်လိုက်သည်။

#People Media #ချင်းပြည်နယ်

(unicode)
…………………………………………………….









Share this post