• Follow Us on

Home ချမ်းအေးသာစံမြို့နယ် ရွှေလုံရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ၍ သေဆုံး

ချမ်းအေးသာစံမြို့နယ် ရွှေလုံရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

မန္တလေး၊ သြဂုတ် ၁၈ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းအား ယနေ့ နံနက် ၁၁ နာရီကျော် အချိန်က အမည်မသိ လူတစ်ဦးမှ ရုံးအတွင်း ဝင်ရောက်ပစ်ခတ်သွား၍ သေဆုံးသွား ကြောင်း ယင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းသည် ရုံးထိုင်နေစဉ် အမည်မသိ သူတစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ကြောင်း ထိုသို့ ပစ်ခတ်ခဲ့သည့်အတွက် ဦးအောင်ဆွေထွန်းမှာ နောက်စေ့ဖောက် ဝင်ဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

 

လက်ရှိမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

 

မန္တလေးမြို့ရှိ အုပ်ချုပ်ရေးမှူးများသည် မကြာခဏ လုပ်ကြံခြင်းခံရသော်လည်း တာဝန်ရှိသူများက အချိန်မှီ ဖမ်းဆီးနိုင်ခြင်းမရှိသည့်အပေါ် မြို့ခံအချို့က တာဝန်ရှိသူများကို မေးခွန်းထုတ်လျက်ရှိသည်။

 

#PeopleMedia #ချမ်းအေးသာစံမြို့နယ်

 

(unicode)

ခမြျးအေးသာစံမွို့နယျ ရှှလေုံရပျကှကျအုပျခြုပျရေးမှူး သနေတျပဈခံရ၍ သဆေုံး

……………………………………………………

 

မန်တလေး၊ သွဂုတျ ၁၈ (People Media)

 


 


 


 


 



Share this post