• Follow Us on

Home ခွဲထွက်ဒေသနှစ်ခုကို အသိအမှတ်ပြုပြီးနောက် ရုရှားတပ်များကို ယူကရိန်းနိုင်ငံအရှေ့ဘက်ဒေသမှာ တပ်ဖြန့်ချထားဖို့ သမ္မတပူတင်က အမိန့်ပေး

ခွဲထွက်ဒေသနှစ်ခုကို အသိအမှတ်ပြုပြီးနောက် ရုရှားတပ်များကို ယူကရိန်းနိုင်ငံအရှေ့ဘက်ဒေသမှာ တပ်ဖြန့်ချထားဖို့ သမ္မတပူတင်က အမိန့်ပေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂ (People Media)

 

စစ်ပွဲကြီးတစ်ခုဖြစ်ပွားနိုင်တယ်ဆိုပြီး အနောက်နိုင်ငံတွေက စိုးရိမ်မှုတွေ မြင့်တက်နေစဉ်အတွင်းမှာပဲ ယူက ရိန်းနိုင်ငံကနေ  ခွဲထွက်လာတဲ့ ဒေသနှစ်ခုရဲ့ လွတ်လပ်ရေးကို တနင်္လာနေ့မှာ အသိအမှတ်ပြုလိုက်ပြီးနောက် အဲဒီဒေသနှစ်ခုမှာ ရုရှားတပ်တွေ တပ်ဖြန့်ချထားဖို့ ရုရှားသမ္မတဗလာဒီမာပူတင်က အမိန့်ပေးလိုက်ပါတယ်။

 

ရုရှားသမ္မတပူတင်က ခွဲထွက်လာတဲ့ဒေသနှစ်ခုရဲ့လွတ်လပ်ရေးကို အသိအမှတ်ပြုလိုက်ပြီး အဲဒီဒေသတွေမှာ ရု ရှားတပ်တွေကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွေအဖြစ်ဆောင်ရွက်ပါလို့ အမိန့်ပေးပြီးတဲ့နောက် ရုရှားနိုင်ငံက ထောက်ပံ့ထားတဲ့ခွဲထွက်ရေးဝါဒီတွေ ထိန်းချုပ်ထားတဲ့ ဒန်းနီးယပ်စ် (Donetsk) မြို့ကိုဖြတ်ပြီး ရုရှားတင့်ကား တွေနဲ့ အမြောက်ကြီးတွေရွှေ့ပြောင်းချီတက်သွားတာကို မြင်လိုက်ရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ရိုက် တာသတင်းဌာနကို ပြောပါတယ်။

 

ပူတင်ရဲ့ကြေညာချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချလိုက်ပြီး အမေရိကန်နိုင်ငံကလည်း ခွဲထွက်ဒေသနှစ်ခုမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီး အဲဒီဒေသက ကုန်စည်ကူးသန်းရောင်း ဝယ်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

 

ဒီအရေးယူဆောင်ရွက်မှုတွေဟာ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာရင် အရေးယူမယ်ဖို့အ တွက် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေပြင်ဆင်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေထဲကနေ သီးခြားခွဲထွက်လာတဲ့ အရေးယူမှုတွေဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျန်းဆာကီကပြောပါတယ်။

 

ရုရှားတပ်တွေဟာ နဂိုကတည်းက အဲဒီနေရာတွေမှာရှိနေပြီးသားဖြစ်တဲ့အတွက် ခွဲထွက်ဒေသတွေမှာ ရုရှားတပ် တွေ တပ်ဖြန့်ချထားတာဟာ ရုရှားနိုင်ငံကို အပြင်းထန်ဆုံးအရေးယူပိတ်ဆို့မှုတွေဆောင်ရွက်ဖို့အတွက် ကျူး ကျော်မှုမဟုတ်သေးပေမဲ့လည်း ဒီ့ထက်ပိုမိုကြီးမားတဲ့စစ်ဆင်ရေးကြီး အချိန်မရွေးပေါ်ပေါက်လာနိုင်ကြောင်း အ မေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

 

ခွဲထွက်ဒေသနှစ်ခုကို ရုရှားကအသိအမှတ်ပြုထောက်ခံလိုက်တာနဲ့ပတ်သက်ပြီး ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံ တို့ကလည်း အရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ သဘောတူလိုက်ပါတယ်။ အမေရိကန်အစိုးရကတော့ နောက်ထပ် အရေးယူဆောင်ရွက်မှုတွေကို အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) မှာကြေညာသွားမယ်လို့ ပြောပါတယ်။

 

ရုရှားနိုင်ငံဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဖျက်ဆီးပစ်လိုက်ပြီး နယ်မြေပိုင်ဆိုင်ခွင့်တွေကို ဖယ်ထုတ်ပစ် လိုက်တာဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံကခွဲထွက်လာတဲ့ဒေသနှစ်ခုကို ရုရှားနိုင်ငံက အသိအမှတ်ပြုလိုက်တာဟာ ယူကရိန်းနိုင်ငံကို နောက်ထပ်ကျူးကျော်နိုင်ရေးအတွက် အကြောင်းပြချက်တစ်ရပ်ဖန်တီးဖို့ ကြိုးပမ်းအားထုတ်မှုတွေထဲက တစ် ခုပဲဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးလ်ဒ်က ပြောပါတယ်။

 

Ref: Putin orders Russian troops to eastern Ukraine after recognising breakaway regions

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Putin orders Russian troops to eastern Ukraine after recognising breakaway regions

 

#PeopleMedia


Share this post