• Follow Us on

Home ဂရိနိုင္ငံက ျပင္သစ္နိုင္ငံမွ ရာေဖးလ္ဂ်က္တိုက္ေလယာဥ္ ၁၈ စင္း ဝယ္ယူမည္

ဂရိနိုင္ငံက ျပင္သစ္နိုင္ငံမွ ရာေဖးလ္ဂ်က္တိုက္ေလယာဥ္ ၁၈ စင္း ဝယ္ယူမည္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၆ (People Media)
 
ကာကြယ္ေရးအသုံးစရိတ္ကို ႏွစ္ဆေက်ာ္တိုးျမႇင့္မည့္ ၂၀၂၁ ခုႏွစ္ နိုင္ငံေတာ္ဘတ္ဂ်က္ကို ဂရိ လႊတ္ ေတာ္အမတ္မ်ားက ငါးရက္ၾကာ ေဆြးေႏြးၿပီးေနာက္ အတည္ျပဳလိုက္ၿပီျဖစ္သည္။
 
ဂရိအစိုးရက ၂၀၁၉ ခုႏွစ္ႏွင့္ယွဥ္လ်င္ ကာကြယ္ေရးအသုံးစရိတ္ကို ၅၇ ရာခိုင္ႏႈန္းေက်ာ္ တိုးျမႇင့္ရန္ ရည္ ရြယ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ကိုင္ရီယာေကာ့စ္မစ္ဆိုတာကစ္က ေျပာၾကားသည္။
 
ဂရိနိုင္ငံ၏ ကာကြယ္ေရးဘတ္ဂ်က္က ယူရို ၅ ဒသမ ၅ ဘီလီယံဝန္းက်င္အထိ ရွိလာမည္ဟု ခန္႔မွန္းရၿပီး ယမန္ႏွစ္ ကာကြယ္ေရးဘတ္ဂ်က္ထက္ ႏွစ္ဆေက်ာ္ ပိုမ်ားသည္။
 
ဂရိအစိုးရ၏ ၂၀၂၁ ခုႏွစ္ ဘတ္ဂ်က္အရ တိုင္းျပည္၏ စီးပြားေရးဖြံ့ၿဖိဳးမႈက ၁၀ ဒသမ ၅ ရာခိုင္ႏႈန္းရွိမည္ ဟု ခန္႔မွန္းရသည္။
 
အခက္အခဲမ်ား ရွိေနလင့္ကစား ဂရိနိုင္ငံက လာမည့္ႏွစ္တြင္ ယူရို ၁ ဒသမ ၅ ဘီလီယံ ကုန္က်မည့္ ျပင္ သစ္နိုင္ငံလုပ္ ရာေဖးလ္ဂ်က္တိုက္ေလယာဥ္ ၁၈ စင္း ဝယ္ယူမည္ျဖစ္သည္။
 
“ျပင္သစ္နိုင္ငံကေန ရာေဖးလ္ဂ်က္တိုက္ေလယာဥ္ ၁၈ စင္း ဝယ္ယူမယ့္ သေဘာတူညီခ်က္ကို လာမယ့္ ရက္အနည္းငယ္အတြင္း ေအသင္ၿမိဳ႕မွာ လက္မွတ္ေရးထိုးမွာျဖစ္ပါတယ္” ဟု မစ္ဆိုတာကစ္က ဆိုသည္။
 
ဂရိအစိုးရက ဖရီးဂိတ္စစ္သေဘၤာသစ္မ်ား၊ ရဟတ္ယာဥ္မ်ားႏွင့္ ေမာင္းသူမဲ့ေလယာဥ္မ်ား ဝယ္ယူကာ အက္ဖ္-၁၆ တိုက္ေလယာဥ္အုပ္ကို အဆင့္ျမႇင့္တင္ၿပီး တပ္ဖြဲ႕ဝင္ ၁၅၀၀၀ အင္အားသစ္စုလိုေၾကာင္း ၄င္းက ေျပာသည္။
 
ဂရိလႊတ္ေတာ္အမတ္မ်ားက လာမည့္ရက္မ်ားအတြင္း သေဘာတူညီခ်က္ကို အတည္ျပဳကာ ျပင္သစ္ကာ ကြယ္ေရးဝန္ႀကီး ဖေလာရင့္ပါလီက လာမည့္အပတ္အတြင္း ေအသင္ၿမိဳ႕၌ သေဘာတူညီခ်က္ လက္မွတ္ေရးထိုး မည္ျဖစ္သည္။
 
ဂရိေလယာဥ္မႉးမ်ားကို ၂၀၂၁ ခုႏွစ္ အေစာပိုင္းတြင္ ျပင္သစ္နိုင္ငံ၌ စတင္ေလ့က်င့္ေပးကာ လာမည့္ ဇူ လိုင္လအတြင္း ဂရိနိုင္ငံသို႔ ပထမအသုတ္ ရာေဖးလ္ဂ်က္တိုက္ေလယာဥ္ေျခာက္စင္း ေရာက္ရွိမည္ဟု ကာကြယ္ ေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက ေျပာသည္။
 
ရိုက္တာ – Ref; Greece to Buy 18 Rafale Jets as it Doubles Defense Expenditure for 2021
 
(unicode)
ဂရိနိုင်ငံက ပြင်သစ်နိုင်ငံမှ ရာဖေးလ်ဂျက်တိုက်လေယာဉ် ၁၈ စင်း ဝယ်ယူမည်
……………………………………………
 
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆ (People Media)
 
ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆကျော်တိုးမြှင့်မည့် ၂၀၂၁ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်ကို ဂရိ လွှတ် တော်အမတ်များက ငါးရက်ကြာ ဆွေးနွေးပြီးနောက် အတည်ပြုလိုက်ပြီဖြစ်သည်။
 
ဂရိအစိုးရက ၂၀၁၉ ခုနှစ်နှင့်ယှဉ်လျင် ကာကွယ်ရေးအသုံးစရိတ်ကို ၅၇ ရာခိုင်နှုန်းကျော် တိုးမြှင့်ရန် ရည် ရွယ်ကြောင်း ဝန်ကြီးချုပ် ကိုင်ရီယာကော့စ်မစ်ဆိုတာကစ်က ပြောကြားသည်။
 
ဂရိနိုင်ငံ၏ ကာကွယ်ရေးဘတ်ဂျက်က ယူရို ၅ ဒသမ ၅ ဘီလီယံဝန်းကျင်အထိ ရှိလာမည်ဟု ခန့်မှန်းရပြီး ယမန်နှစ် ကာကွယ်ရေးဘတ်ဂျက်ထက် နှစ်ဆကျော် ပိုများသည်။
 
ဂရိအစိုးရ၏ ၂၀၂၁ ခုနှစ် ဘတ်ဂျက်အရ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှုက ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိမည် ဟု ခန့်မှန်းရသည်။
 
အခက်အခဲများ ရှိနေလင့်ကစား ဂရိနိုင်ငံက လာမည့်နှစ်တွင် ယူရို ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမည့် ပြင် သစ်နိုင်ငံလုပ် ရာဖေးလ်ဂျက်တိုက်လေယာဉ် ၁၈ စင်း ဝယ်ယူမည်ဖြစ်သည်။
 
“ပြင်သစ်နိုင်ငံကနေ ရာဖေးလ်ဂျက်တိုက်လေယာဉ် ၁၈ စင်း ဝယ်ယူမယ့် သဘောတူညီချက်ကို လာမယ့် ရက်အနည်းငယ်အတွင်း အေသင်မြို့မှာ လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်” ဟု မစ်ဆိုတာကစ်က ဆိုသည်။
 
ဂရိအစိုးရက ဖရီးဂိတ်စစ်သင်္ဘောသစ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များ ဝယ်ယူကာ အက်ဖ်-၁၆ တိုက်လေယာဉ်အုပ်ကို အဆင့်မြှင့်တင်ပြီး တပ်ဖွဲ့ဝင် ၁၅၀၀၀ အင်အားသစ်စုလိုကြောင်း ၄င်းက ပြောသည်။
 
ဂရိလွှတ်တော်အမတ်များက လာမည့်ရက်များအတွင်း သဘောတူညီချက်ကို အတည်ပြုကာ ပြင်သစ်ကာ ကွယ်ရေးဝန်ကြီး ဖလောရင့်ပါလီက လာမည့်အပတ်အတွင်း အေသင်မြို့၌ သဘောတူညီချက် လက်မှတ်ရေးထိုး မည်ဖြစ်သည်။
 
ဂရိလေယာဉ်မှူးများကို ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ပြင်သစ်နိုင်ငံ၌ စတင်လေ့ကျင့်ပေးကာ လာမည့် ဇူ လိုင်လအတွင်း ဂရိနိုင်ငံသို့ ပထမအသုတ် ရာဖေးလ်ဂျက်တိုက်လေယာဉ်ခြောက်စင်း ရောက်ရှိမည်ဟု ကာကွယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
 
ရိုက်တာ – Ref; Greece to Buy 18 Rafale Jets as it Doubles Defense Expenditure for 2021

Share this post