• Follow Us on

Home ဂ်ပန္အစိုးရက ကိုဗစ္ေရာဂါတိုက္ဖ်က္ေရးအတြက္ ဖြံ႕ၿဖိဳးဆဲတိုင္းျပည္မ်ားသို႔ ေဒၚလာ ၄ ဒသမ ၅ ဘီလီယံ ေထာက္ပံ့

ဂ်ပန္အစိုးရက ကိုဗစ္ေရာဂါတိုက္ဖ်က္ေရးအတြက္ ဖြံ႕ၿဖိဳးဆဲတိုင္းျပည္မ်ားသို႔ ေဒၚလာ ၄ ဒသမ ၅ ဘီလီယံ ေထာက္ပံ့

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၄
 
ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးတြင္ ဖြံ့ၿဖိဳးဆဲတိုင္းျပည္မ်ားကို ပံ့ပိုးကူညီမည့္ ေဒၚလာ ၄ ဒသမ ၅ ဘီလီ ယံ ခြဲေဝသတ္မွတ္မည့္ ဆုံးျဖတ္ခ်က္တစ္ရပ္ကို ဂ်ပန္အစိုးရက ယေန႔ ေၾကညာလိုက္သည္။
 
ကိုဗစ္-၁၉ ေရာဂါ စတင္ျဖစ္ပြားခ်ိန္ေနာက္ပိုင္း လူသားလုံျခဳံေရးပဓာန အယူအဆအရ ကပ္ေဘးအက်ပ္ အတည္း ေက်ာ္လႊားနိုင္ရန္ ဂ်ပန္နိုင္ငံက နိုင္ငံတကာအသိုင္းအဝိုင္းႏွင့္ အနီးကပ္ လက္တြဲေဆာင္ရြက္ေနေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။
 
ေဖေဖာ္ဝါရီလေနာက္ပိုင္း မၾကဳံစဖူးႏႈန္းျဖင့္ ပ်ံ႕ႏွံ့ေနသည့္ ဗိုင္းရပ္စ္ေရာဂါ တိုက္ဖ်က္ေရးအတြက္ ဂ်ပန္ နိုင္ငံက မၾကာေသးမီလမ်ားအတြင္း ဖြံ့ၿဖိဳးဆဲတိုင္းျပည္မ်ားသို႔ ျပည္ပအကူအညီ ေဒၚလာ ၁ ဒသမ ၅၄ ဘီလီယံေထာက္ပံ့ၿပီးျဖစ္သည္။
 
ကမၻာ့နိုင္ငံမ်ား၏ ကိုဗစ္-၁၉ ေရာဂါ တိုက္ဖ်က္ေရးတြင္ ကာကြယ္ေဆးမ်ား ထုတ္လုပ္မႈႏွင့္ ျဖန္႔ျဖဴးမႈက အေရးပါေၾကာင္း ထုတ္ျပန္ခ်က္က ေဖာ္ျပသည္။
 
ဂ်ပန္နိုင္ငံက လာမည့္ႏွစ္ႏွစ္အတြက္ ေဒၚလာ ၄ ဒသမ ၅ ဘီလီယံျဖင့္ ကိုဗစ္-၁၉ အက်ပ္အတည္း တုံ႔ ျပန္မႈ အေရးေပၚပံ့ပိုးမႈေခ်းေငြကို ထူေထာင္ခဲ့ၿပီး ရန္ပုံေငြမ်ားျဖန္႔ျဖဴးမႈကို စတင္ခဲ့ၿပီးျဖစ္သည္။
 
ကိုးကား – တက္စ္
 
Ref; Japan allocates $4.5 billion in aid to developing countries over COVID-19 pandemic
 
(unicode)
ဂျပန်အစိုးရက ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက် ဖွံ့ဖြိုးဆဲတိုင်းပြည်များသို့ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ထောက်ပံ့
………………………………………………………………..
 
နိုင်ငံတကာ၊ ဒီဇင်ဘာ ၄
 
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် ဖွံ့ဖြိုးဆဲတိုင်းပြည်များကို ပံ့ပိုးကူညီမည့် ဒေါ်လာ ၄ ဒသမ ၅ ဘီလီ ယံ ခွဲဝေသတ်မှတ်မည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဂျပန်အစိုးရက ယနေ့ ကြေညာလိုက်သည်။
 
ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်နောက်ပိုင်း လူသားလုံခြုံရေးပဓာန အယူအဆအရ ကပ်ဘေးအကျပ် အတည်း ကျော်လွှားနိုင်ရန် ဂျပန်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အနီးကပ် လက်တွဲဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
 
ဖေဖော်ဝါရီလနောက်ပိုင်း မကြုံစဖူးနှုန်းဖြင့် ပျံ့နှံ့နေသည့် ဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးအတွက် ဂျပန် နိုင်ငံက မကြာသေးမီလများအတွင်း ဖွံ့ဖြိုးဆဲတိုင်းပြည်များသို့ ပြည်ပအကူအညီ ဒေါ်လာ ၁ ဒသမ ၅၄ ဘီလီယံထောက်ပံ့ပြီးဖြစ်သည်။
 
ကမ္ဘာ့နိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် ကာကွယ်ဆေးများ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုက အရေးပါကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
 
ဂျပန်နိုင်ငံက လာမည့်နှစ်နှစ်အတွက် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဖြင့် ကိုဗစ်-၁၉ အကျပ်အတည်း တုံ့ ပြန်မှု အရေးပေါ်ပံ့ပိုးမှုချေးငွေကို ထူထောင်ခဲ့ပြီး ရန်ပုံငွေများဖြန့်ဖြူးမှုကို စတင်ခဲ့ပြီးဖြစ်သည်။
 
ကိုးကား – တက်စ်
 
Ref; Japan allocates $4.5 billion in aid to developing countries over COVID-19 pandemic

Share this post