• Follow Us on
Latest News

Home ငါန်းဇွန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ငါန်းဇွန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မိုးတောင်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီ ဝန်းကျင်အချိန်က အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ငါန်းဇွန်မြို့နယ်၊ မိုးတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်ခိုင် ၄၃ နှစ်သည် မိုးတောင်ကျေးရွာ မြောက်ဘက်ထိပ်ရှိ နဒီဧရာလက်ဘက်ရည်ဆိုင်တွင် ရှိနေစဉ် PDF ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိ လာပြီး လက်ဘက်ရည်ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ဦးသက်ခိုင်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦး သက်ခိုင်တွင် နားထင်ဖောက်ဝင်ဒဏ်ရာအပါအဝင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့၍ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post